လူ႔ေလာကထဲက ႐ုတ္တရတ္ႀကီး ထြက္ခြာသြားတာ(၂)နွစ္ရွိၿပီျဖစ္တဲ့ ညီျဖစ္သူ မင္းေသြးကို သတိရေနတဲ့ ေနတိုး

မင္းေသြးကေတာ့ လူ႔ေလာကႀကီးထဲကေန ႐ုတ္တရက္ထြက္ခြာသြားခဲ့တာဟာ အခုဆိုရင္ (၂) ႏွစ္တိတိေတာင္ျပည့္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ စိတ္သေဘာထားေကာင္းၿပီး မာန္မာနကင္းတဲ့မင္းေသြးကို ဆုံးရႈံးလိုက္ရတဲ့အတြက္ အႏုပညာေမာင္ႏွမေတြအားလုံးက စိတ္ထိခိုက္ဝမ္းနည္းခဲ့ရတာပဲ ျဖစ္ပါတယ္ ။ ဒါ့အျပင္

ပရိသတ္ေတြကလည္း ယေန႔အခ်ိန္အထိတိုင္ေအာင္ မင္းေသြးကို သတိတရရွိေနဆဲ ျဖစ္ပါတယ္ ။ အထူးသျဖင့္ မင္းေသြးနဲ႔ညီအစ္ကိုအရင္းေတာ္စပ္တဲ့ အစ္ကိုေနတိုးကေတာ့ သူ႔ရဲ႕ညီေလးကို အၿမဲတမ္းသတိရေနတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း ေနတိုးတို႔မိသားစုေလးက

မင္းေသြးကိုရည္စူးၿပီး အလႉအတန္းနဲ႔ကုသိုလ္ေကာင္းမႈေတြကို မၾကာခဏျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္ ။ ဒီေန႔မွာေတာ့ ေနတိုးက ညီေလးမင္းေသြးကို သတိရေၾကာင္းေျပာရင္း အမွတ္တရေလးတစ္ခုကို မွ်ေဝလာခဲ့တာပဲ ျဖစ္ပါတယ္ ။ေနတိုးက “ဒီေန႔ဟာ ကြၽန္​ေတာ္တို႔အားလုံးကို

မင္း​ေသြးႏႈတ္မဆက္ဘဲ ထြက္သြားခဲ့တာ(၂)ႏွစ္ျပည့္ခဲ့ပါၿပီ မတည္ၿမဲျခင္းဆိုတဲ့သခၤါရတရားကို သူလုပ္ခဲ့တဲ့အႏုပညာနဲ႔ျပသထားတဲ့MV​ေလးကိုမင္း​ေသြးရဲ႕ပရိသတ္မ်ားအားလုံးအတြက္မွ်​ေဝ​ေပးလိုက္ပါတယ္ခင္ဗ်ာ…ပရိသတ္မ်ားအားလုံးလည္းဘဝတိုတိုအတြင္းမွာ

တစ္ဦးအ​ေပၚတစ္ဦးေမတၱာတရားေတြနဲ႔ေနထိုင္ႏိုင္ၾကပါေစလို႔ ဆု​ေတာင္းပါတယ္ခင္ဗ်ာသတိရျခင္းမ်ားစြာျဖင့္…​အစ္ကိုေနတိုး” ဆိုၿပီး သူ႔ရဲ႕ Facebook Page ေလးမွာ ေရးသားခဲ့တာပဲ ျဖစ္ပါတယ္ ။ ခ်စ္ပရိသတ္ေတြအတြက္ ေနတိုးနဲ႔မင္းေသြးတို႔ညီအစ္ကိုရဲ႕ အမွတ္တရပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

မင်းသွေးကတော့ လူ့လောကကြီးထဲကနေ ရုတ်တရက်ထွက်ခွာသွားခဲ့တာဟာ အခုဆိုရင် (၂) နှစ်တိတိတောင်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ စိတ်သဘောထားကောင်းပြီး မာန်မာနကင်းတဲ့မင်းသွေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် အနုပညာမောင်နှမတွေအားလုံးက စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင်

ပရိသတ်တွေကလည်း ယနေ့အချိန်အထိတိုင်အောင် မင်းသွေးကို သတိတရရှိနေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် မင်းသွေးနဲ့ညီအစ်ကိုအရင်းတော်စပ်တဲ့ အစ်ကိုနေတိုးကတော့ သူ့ရဲ့ညီလေးကို အမြဲတမ်းသတိရနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နေတိုးတို့မိသားစုလေးက

မင်းသွေးကိုရည်စူးပြီး အလှူအတန်းနဲ့ကုသိုလ်ကောင်းမှုတွေကို မကြာခဏပြုလုပ်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေတိုးက ညီလေးမင်းသွေးကို သတိရကြောင်းပြောရင်း အမှတ်တရလေးတစ်ခုကို မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ။နေတိုးက “ဒီနေ့ဟာ ကျွန်တော်တို့အားလုံးကို

မင်းသွေးနှုတ်မဆက်ဘဲ ထွက်သွားခဲ့တာ(၂)နှစ်ပြည့်ခဲ့ပါပြီ မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကို သူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့MVလေးကိုမင်းသွေးရဲ့ပရိသတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…ပရိသတ်များအားလုံးလည်းဘဝတိုတိုအတွင်းမှာ

တစ်ဦးအပေါ်တစ်ဦးမေတ္တာတရားတွေနဲ့နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာသတိရခြင်းများစွာဖြင့်…အစ်ကိုနေတိုး” ဆိုပြီး သူ့ရဲ့ Facebook Page လေးမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့မင်းသွေးတို့ညီအစ်ကိုရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Toe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *