ေက်ာ္ထြဋ္ေဆြနဲ႔ အိမ္ေထာင္မျပဳျဖစ္ေသးတဲ့ အဓိကအေၾကာင္းအရင္းကို ေျပာျပခဲ့တဲ့ နန္းသူဇာ

အႏုပညာေလာကရဲ႕ ခ်စ္သူစုံတြဲေလးေတြထဲက တစ္တြဲျဖစ္တဲ့ အဆိုေတာ္ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာ တို႔ စုံတြဲကေတာ့ ခ်စ္သူသက္တမ္း(၉) ႏွစ္ရွိၿပီျဖစ္ပါတယ္။ အခုခ်ိန္ထိ တစ္ေယာက္နဲ႔ တစ္ေယာက္ လက္မထပ္ၾကေသးတဲ့ အေၾကာင္းကိုလည္း နန္းသူဇာက ေျပာျပလာပါတယ္။ “ ႏွစ္ေယာက္စလုံးက ယူမယ္ဆိုရင္ ယူလို႔ရၿပီ။ သူ႔ဘက္ကဆိုရင္လည္း သူ႔မိဘေတြက အဆင္ေျပတယ္ဆိုရင္ ယူလို႔ရတယ္။ ဒါေပမယ့္ မိဘပိုက္ဆံနဲ႔ ပြဲႀကီးေတြလုပ္၊ မိဘအိမ္တက္ေနဆိုတာထက္ ကိုယ္လည္း နည္းနည္း တက္ႏိုင္သေလာက္

ကိုယ့္ပိုက္ဆံနဲ႔ စုၿပီး ပါခ်င္တာေပါ့ေနာ္။ အဲဒါေတြေၾကာင့္လည္း ပါတယ္ မယူျဖစ္ေသးတာ။ ကိုယ္ေတြ ႏွစ္ေယာက္က စိတ္သေဘာထားခ်င္းလည္း တူတယ္၊ ရန္ျဖစ္တာေတြလည္းရွိေတာ့ ရွိတာေပါ့ေနာ္။ အေတြးအေခၚေတြကေတာ့ ႏွစ္ေယာက္ အတူတူ တိုင္ပင္လို႔ရတယ္” လို႔ ဆိုပါတယ္။ နန္းသူဇာ အေနနဲ႔ အခုလို ခ်စ္သူ သက္တမ္း ၾကာလာတာနဲ႔ အမွ် တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ ပိုရွိလာတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ခ်စ္သူ ေက်ာ္ထြဋ္ေဆြကေတာ့ သဝန္တိုတာ မေျပာင္းလဲတဲ့ အေၾကာင္း ေျပာျပခဲ့ျပန္ပါေသးတယ္။ “ Relationship တစ္ခုမွာ

ကိုယ္က တစ္ေယာက္တည္း ႀကိတ္ၿပီး မခံစားနဲ႔။ ျပႆနာ အတြက္ အရမ္းႀကီး မခံစားပဲ ေသြးေအးသြားေတာ့မွ နည္းနည္းခ်င္းစီ ျပန္ေျဖရွင္း ဘယ္လို ဘယ္လို ျဖစ္ခဲ့တယ္။ အဲဒီလို မလုပ္ပါနဲ႔ ဆိုၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ ျပန္ေျဖရွင္းေပါ့ေနာ္။ အဓိက ကေတာ့ ေဒါသအမ်ားႀကီး မပါဖို႔ေပါ့ေနာ္။ ကိုေက်ာ္ႀကီးက အရမ္းသဝန္တိုတာ အခုခ်ိန္ထိပဲ။ ဒီ Covid ကာလမွာေတာင္မွ ဘယ္ေတြသြားလဲ အေမးခံေနရတုန္းပဲ မသြားပါဘူးလို႔ျပန္ေျဖရွင္းေနရတယ္။ သူ သဝန္တိုတာကို လိုက္ညႇိရင္း ကိုယ္ကလည္း Level တူသြားတယ္”

ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ နန္းသူဇာက အဆိုေတာ္တစ္ေယာက္ျဖစ္သလို ပရိသတ္အားေပးမႈ ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းနဲ႔ အတူ Friend စီးရီးေခြကို ထြက္ရွိထားပါတယ္။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိအခ်ိန္မွာ ခ်စ္သူႏွစ္ဦး နားလည္မႈနဲ႔ တည္ေဆာက္ထားၿပီး ဘဝတစ္ခုထူေထာင္ဖို႔ကိုလည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။အတြဲေခြမ်ားစြာ မွာ သီခ်င္းပါဝင္သီဆိုထားတဲ့ နန္းသူဇာက တစ္ကိုယ္ေတာ္အေခြအတြက္လည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ သီခ်င္းပိုင္းကိုပဲ စိတ္ဝင္စားတဲ့ သူမကေတာ့ သ႐ုပ္ေဆာင္ပိုင္းကိုကူးဖို႔ အစီအစဥ္မရွိပါဘူးတဲ့။

Read in UNICODE

အနုပညာလောကရဲ့ ချစ်သူစုံတွဲလေးတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ စုံတွဲကတော့ ချစ်သူသက်တမ်း(၉) နှစ်ရှိပြီဖြစ်ပါတယ်။ အခုချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် လက်မထပ်ကြသေးတဲ့ အကြောင်းကိုလည်း နန်းသူဇာက ပြောပြလာပါတယ်။ “ နှစ်ယောက်စလုံးက ယူမယ်ဆိုရင် ယူလို့ရပြီ။ သူ့ဘက်ကဆိုရင်လည်း သူ့မိဘတွေက အဆင်ပြေတယ်ဆိုရင် ယူလို့ရတယ်။ ဒါပေမယ့် မိဘပိုက်ဆံနဲ့ ပွဲကြီးတွေလုပ်၊ မိဘအိမ်တက်နေဆိုတာထက် ကိုယ်လည်း နည်းနည်း တက်နိုင်သလောက်

ကိုယ့်ပိုက်ဆံနဲ့ စုပြီး ပါချင်တာပေါ့နော်။ အဲဒါတွေကြောင့်လည်း ပါတယ် မယူဖြစ်သေးတာ။ ကိုယ်တွေ နှစ်ယောက်က စိတ်သဘောထားချင်းလည်း တူတယ်၊ ရန်ဖြစ်တာတွေလည်းရှိတော့ ရှိတာပေါ့နော်။ အတွေးအခေါ်တွေကတော့ နှစ်ယောက် အတူတူ တိုင်ပင်လို့ရတယ်” လို့ ဆိုပါတယ်။ နန်းသူဇာ အနေနဲ့ အခုလို ချစ်သူ သက်တမ်း ကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပိုရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ချစ်သူ ကျော်ထွဋ်ဆွေကတော့ သဝန်တိုတာ မပြောင်းလဲတဲ့ အကြောင်း ပြောပြခဲ့ပြန်ပါသေးတယ်။ “ Relationship တစ်ခုမှာ

ကိုယ်က တစ်ယောက်တည်း ကြိတ်ပြီး မခံစားနဲ့။ ပြဿနာ အတွက် အရမ်းကြီး မခံစားပဲ သွေးအေးသွားတော့မှ နည်းနည်းချင်းစီ ပြန်ဖြေရှင်း ဘယ်လို ဘယ်လို ဖြစ်ခဲ့တယ်။ အဲဒီလို မလုပ်ပါနဲ့ ဆိုပြီးတော့ ကောင်းကောင်းမွန်မွန် ပြန်ဖြေရှင်းပေါ့နော်။ အဓိက ကတော့ ဒေါသအများကြီး မပါဖို့ပေါ့နော်။ ကိုကျော်ကြီးက အရမ်းသဝန်တိုတာ အခုချိန်ထိပဲ။ ဒီ Covid ကာလမှာတောင်မှ ဘယ်တွေသွားလဲ အမေးခံနေရတုန်းပဲ မသွားပါဘူးလို့ပြန်ဖြေရှင်းနေရတယ်။ သူ သဝန်တိုတာကို လိုက်ညှိရင်း ကိုယ်ကလည်း Level တူသွားတယ်”

ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *