နႏၵာလႈိင္က ေနမေကာင္းျဖစ္ခ်ိန္မွာ ေသခ်ာနင္းႏွိပ္ၿပီး ျပဳစုေပးေၾကာင္းေျပာျပခဲ့တဲ့ ခင္ပြန္းျဖစ္သူ

နႏၵာလႈိင္ကေတာ့ တစ္ခ်ိန္ကေအာင္ျမင္ခဲ့တဲ့ ထိပ္တန္းအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ သူမကေတာ့ ၾကည္ႏူးစရာေကာင္းတဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ထားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ နႏၵာလႈိင္ရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ ယခုမွာ ႏွလုံးေသြးေၾကာက်ဥ္းတဲ့ေဝဒနာေၾကာင့္ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္

နင္းႏွိပ္ၿပီးေသေသခ်ာခ်ာျပဳစုတဲ့ ဇနီးသည္ရဲ႕အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။ နႏၵာလႈိင္ရဲ႕ ခင္ပြန္းသည္ကေတာ့ ” ခ်စ္ျခင္းေမတၱာ ဆိုတာ ႐ုပ္ဝထၱဳ ပစၥည္း ကိုယ္ခႏၶာ ေငြေၾကးခ်မ္းသာမႈေတြနဲ႔ ဘယ္လိုမွ မပတ္သက္ပါဘူး။ကြၽန္ေတာ္ ၿပီးခဲ့တဲ့ လဆန္းတုန္းက ႏွလုံးေသြးေၾကာက်ဥ္းတဲ့ေဝဒနာေၾကာင့္ အိမ္မွာပဲ အနားယူၿပီး အျပင္လုံးဝ မထြက္ျဖစ္ေတာ့ပါ။အေမက သူ႔အိမ္ကေန ကြၽန္ေတာ္ထမင္းစားဖို႔

ေန႔တိုင္း ဟင္းခ်က္ပို႔ေပးပါတယ္။ ကြၽန္ေတာ္ အမွန္တကယ္ကေတာ့ ထမစားႏိုင္ပါဘူး။ ဒါေပမဲ့ အေမထမင္းခ်က္ပို႔ထားတဲ့အတြက္ အားတင္းၿပီးသာ ရေအာင္ထစားပါတယ္။ စားသာစားေနရတာ ဇြန္းေတာင္ ေကာင္းေကာင္းမကိုင္ႏိုင္ေလာက္ေအာင္ပါပဲ။ဝန္ခံပါတယ္ ” ဆိုၿပီးေျပာျပလာခဲ့ပါတယ္။ နႏၵာလႈိင္ရဲ႕ ခင္ပြန္းသည္ကေတာ့ ” စားသမွ် အားလုံး ပါးစပ္ထဲမွာ အရသာ မရွိေပမဲ့ ခ်စ္ျခင္းေမတၱာဆိုတာကို

ျမင္ေအာင္ ၾကည့္ၿပီး စားခဲ့ရပါတယ္။ေနာက္တစ္ခု ထပ္ၿပီး ဝန္ခံပါတယ္။နႏၵာက ကြၽန္ေတာ္ ေနမေကာင္းရင္ နင္းေပးတယ္။ ႏွိပ္ေပးတယ္။ အပူထုတ္ေပးတယ္။ အဲ့လို လုပ္ေပးတိုင္း အေညာင္းေျပတယ္။ သက္သာတယ္။ အပူထြက္တယ္ ဆိုတာပဲျပန္ေျဖခဲ့တယ္။ တကယ္က ေယာက်ၤားေလး ႏွိပ္တာ ခံေနတဲ့ ကြၽန္ေတာ့အတြက္ လက္ဘယ္လိုေပါက္မွာလဲ။ ခ်စ္ျခင္းေမတၱာဆိုတာကို ျမင္ေအာင္ၾကည့္ၿပီးပဲ

ၿငိမ္ေနလိုက္ပါတယ္။မေန႔ကေတာ့ နႏၵာ့ကို ဖြင့္ေျပာလိုက္တယ္။ ေနာက္ဆို မႏွိပ္ေပးပဲ အသားထိထားရင္ကို ျပည့္စုံေနပါၿပီလို႔…..ေလာကမွာ ႐ုပ္ဝထၱဳပစၥည္းအေပၚပဲ ခံစားလြန္းရင္ ေမတၱာတရား ကုန္ဆုံးေျခာက္ခမ္း သြားတတ္တာကို သတိျပဳေစခ်င္ပါတယ္။ ခ်စ္ျခင္းဆိုတာ ေမတၱာနဲ႔တြဲထားမွ ပိုၿပီးခိုင္မာေစပါတယ္။ခ်စ္ျခင္းေမတၱာ အရိပ္ေအာက္က “ဆိုၿပီး ေရးသားထားပါတယ္။

Read in UNICODE

နန္ဒာလှိုင်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူကတော့ ယခုမှာ နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာကြောင့် နေမကောင်းဖြစ်နေတဲ့အချိန်

နင်းနှိပ်ပြီးသေသေချာချာပြုစုတဲ့ ဇနီးသည်ရဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းသည်ကတော့ ” ချစ်ခြင်းမေတ္တာ ဆိုတာ ရုပ်ဝထ္တု ပစ္စည်း ကိုယ်ခန္ဓာ ငွေကြေးချမ်းသာမှုတွေနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ကျွန်တော် ပြီးခဲ့တဲ့ လဆန်းတုန်းက နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာကြောင့် အိမ်မှာပဲ အနားယူပြီး အပြင်လုံးဝ မထွက်ဖြစ်တော့ပါ။အမေက သူ့အိမ်ကနေ ကျွန်တော်ထမင်းစားဖို့

နေ့တိုင်း ဟင်းချက်ပို့ပေးပါတယ်။ ကျွန်တော် အမှန်တကယ်ကတော့ ထမစားနိုင်ပါဘူး။ ဒါပေမဲ့ အမေထမင်းချက်ပို့ထားတဲ့အတွက် အားတင်းပြီးသာ ရအောင်ထစားပါတယ်။ စားသာစားနေရတာ ဇွန်းတောင် ကောင်းကောင်းမကိုင်နိုင်လောက်အောင်ပါပဲ။ဝန်ခံပါတယ် ” ဆိုပြီးပြောပြလာခဲ့ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းသည်ကတော့ ” စားသမျှ အားလုံး ပါးစပ်ထဲမှာ အရသာ မရှိပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာကို

မြင်အောင် ကြည့်ပြီး စားခဲ့ရပါတယ်။နောက်တစ်ခု ထပ်ပြီး ဝန်ခံပါတယ်။နန္ဒာက ကျွန်တော် နေမကောင်းရင် နင်းပေးတယ်။ နှိပ်ပေးတယ်။ အပူထုတ်ပေးတယ်။ အဲ့လို လုပ်ပေးတိုင်း အညောင်းပြေတယ်။ သက်သာတယ်။ အပူထွက်တယ် ဆိုတာပဲပြန်ဖြေခဲ့တယ်။ တကယ်က ယောင်္ကျားလေး နှိပ်တာ ခံနေတဲ့ ကျွန်တော့အတွက် လက်ဘယ်လိုပေါက်မှာလဲ။ ချစ်ခြင်းမေတ္တာဆိုတာကို မြင်အောင်ကြည့်ပြီးပဲ

ငြိမ်နေလိုက်ပါတယ်။မနေ့ကတော့ နန္ဒာ့ကို ဖွင့်ပြောလိုက်တယ်။ နောက်ဆို မနှိပ်ပေးပဲ အသားထိထားရင်ကို ပြည့်စုံနေပါပြီလို့…..လောကမှာ ရုပ်ဝထ္တုပစ္စည်းအပေါ်ပဲ ခံစားလွန်းရင် မေတ္တာတရား ကုန်ဆုံးခြောက်ခမ်း သွားတတ်တာကို သတိပြုစေချင်ပါတယ်။ ချစ်ခြင်းဆိုတာ မေတ္တာနဲ့တွဲထားမှ ပိုပြီးခိုင်မာစေပါတယ်။ချစ်ခြင်းမေတ္တာ အရိပ်အောက်က “ဆိုပြီး ရေးသားထားပါတယ်။

Source : ZayThiha’s Facebook

Add a Comment

Your email address will not be published. Required fields are marked *