သူမ နေမကောင်းဖြစ်ရင် အပြင်သွားတာတောင် စိတ်မဖြောင့်တဲ့ ယောကျာ်းဖြစ်သူ ရွှေထူးကို ချီးမွမ်းခဲ့တဲ့ ရွှေမှုံရတီ





Read in UNICODE

ရွှေထူးနဲ့ ရွှေမှုံရတီတို့က ချစ်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကြောင့် ပရိသတ်အာရုံအစိုက်ခံရဆုံး ဇနီးမောင်နှံနှစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း ဂီတလောကမှာ အောင်မြင်မှုရရှိနေပြီး ဇနီးလေး ရွှေမှုံရတီရဲ့ ဖေးမကူညီမှုတွေနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေသလို ရွှေမှုံရတီကလည်း ရွှေထူးရေးသားပေးထားတဲ့ သီချင်းတွေကို သီဆိုရင်း

အောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၂)နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်လို့ကိုမဝနိုင်သေးတဲ့ ရွှေနှစ်ရွှေ ဇနီးမောင်နှံက ဒီနေ့မှာလည်း ပရိသတ်တွေအားကျရအောင် သူတို့ရဲ့ အဖြစ်လေးကို ပြောလာပါတယ်။ ရွှေမှုံရတီက “သူအပြင်သွားတိုင်း အိမ်ကလူတွေမှာလေ့ရှိတဲ့စကား! “ငါ့မိန်းမလေးနေမကောင်းဘူးဂရုစိုက်ပေးကြနော်” တဲ့ 🥺☺️

ဘာရယ်မဟုတ် အပေါ်ထပ်ကကြားလိုက်မိလို့ ☺️ ” ဆိုပြီး သူမကို သည်းသည်းလှုပ်ချစ်တဲ့ ရွှေထူးအကြောင်း ပြောလာပါတယ်။ ရွှေထူးကတော့ ဇနီးလေး နေမကောင်းတဲ့အချိန်တွေမှာ အနားမှာ အရိပ်တကြည့်ကြည့် ဂရုစိုက်သလို အလုပ်ရှိလို့ အပြင်သွားရင်တောင် စိတ်မဖြောင့်ပဲ

အိမ်ကလူအကုန်လုံးကို ဂရုစိုက်ဖို့ မှာကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့အဖြစ်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Shwe Mhone Yati’s Facebook

Add a Comment

Your email address will not be published. Required fields are marked *