ရွှေနှင့်စိန်ထည် ပစ္စည်းများ (၂၉)သိန်းဖိုး အလိမ်ခံခဲ့ရတဲ့ သရုပ်ဆောင် ဆုရတီ
Read in UNICODE
လူတိုင်းအခက်အခဲတွေရှိလာတာနဲ့အမျှ မသမာသူတွေကလည်း အရင်ကထက်ပိုပြီးပေါများလာခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဆုရတီဟာ သူမရဲ့ကိုယ်ပိုင် လုပ်ငန်းလေးအဖြစ် ရတနာတွေရောင်းချနေခဲ့တာ အချိန်တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပါ တယ်။ ဒီနေ့မှာတော့ လိမ်လည်ခံလိုက်ရတဲ့အကြောင်းကို ” ဆုရတီ ရတနာဆိုင်မှ ငွေကျပ် (၂၉ ) သိန်း ရတနာများ၊ ငွေလွှဲအတုနဲ့ ယူသွားသူ အရှေ့ဒဂုံ၊ (၆)
ရပ်ကွက်မှ Delivery ညီမလေး ဖြူသက်သက်ခိုင် ယူဆောင် သွားတဲ့ ရတနာပစ္စည်းများ ပြန်လာပေးပါရန် 1.10.2020 နေ့လည် (၃) နာရီ ခန့်က ဆုရတီရတနာဆိုင် မှ KBZ Mobile Banking နဲ့ ငွေလွှဲပြီး ၊တန်ဖိုး ငွေကျပ် (၂၉) သိန်းဖိုး၊ စိန်လက်စွပ်တစ်ကွင်း၊ တစ်ကျပ်သား ရွှေဆွဲသီးတစ်ခု အိမ်နားမှာ လာယူသွားတဲ့ မြောက်ဒဂုံမြို့နယ်ကလို့ပြောသွားတဲ့ ညီမလေး ဖြူသက်သက်ခိုင် အမြန်ဆက်သွယ်ပေးပါရန် ” ” KBZ Mobile Banking Screenshot တန်ဖိုး ငွေကျပ် (၂၉)
သိန်း မှာ ယခု ည (၉) နာရီတိုင်အောင် ငွေလွှဲရောက်မလာပါ (ညီမလေး ငွေလွှဲချိန်က KBZ mobile banking system ချို့ယွင်းနေချိန်မို့ စစ်မရပေမယ့် နှစ်ဦး နှစ်ဖက် ယုံကြည်မှုနဲ့ ပေးလိုက်တာပါ) ညီမဖုန်းနံပါတ် 09781297394 ကလည်း စက်ပိတ်လိုက်တဲ့ အပြင်၊ Facebook account Phyu Thet Khine ကလည်း ရုတ်တရက် Block သွားတာမို့ KBZ BANK CUSTOMER SERVICE ကို
မေးမြန်းစစ်ဆေးရာ ယနေ့ 99930705500029001 account Mya Sapal နာမည်ဖြင့် ၊ ငွေလွှဲထားတာ လုံးဝမရှိတာမို့ ဆုရတီ ဆိုင်မှ ရတနာအထည်များ အမြန်ပြန်လာပို့ပေးပါရှင့် ” ” ညီမကလေးတစ်ဖက် နဲ့ အိမ်အထိလာယူသွားတဲ့ ငွေကျပ် (၂၉) သိန်းဖိုးက ညီမတစ်ဘဝစာ မလုံလောက်ပါဘူးနော် ၊ ရတနာတွေ ပြန်ပေးရင်ကျေနပ်ပါပြီရှင်
ဒီညီမလေးကို သိတဲ့သူတွေ အမြန်ဆက်သွယ်ပေးဖို့ ပြောပေးပါနော် မြောက်ဒဂုံလို့ သူညာပြောတာတဲ့ သူ့ကိုသိတဲ့သူတွေက ပြောပြတာ။ အရှေ့ဒဂုံ (၆) ရပ်ကွက် ကြိုးကြာလမ်းမှာ နေပါတယ်တဲ့ ရတနာအထည်များ လက်ခံထားသူကိုပါ ဥပဒေအရ အရေးယူပါမည် ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ အမြန်ဆုံးပြန်ရပါစေ။
Source : Hsu Yati Jewelry’s Facebook
Add a Comment
Your email address will not be published. Required fields are marked *