ယုန္ေလးနဲ႔ အတူ႐ိုက္ခဲ့တဲ့ ေၾကာ္ျငာနဲ႔ပတ္သတ္ၿပီး ေဝဖန္ေျပာဆိုမႈေတြကို ျပန္လည္ေျဖရွင္းခဲ့တဲ့ ဦးဧရာ

လူမႈကြန္ရက္မွာလတ္တေလာ ေဝဖန္မႈမ်ားစြာ ခံေနရတဲ့ ဖိနပ္ေၾကာ္ျငာတခုနဲ႔ ပတ္သက္ၿပီး ပရိသတ္မ်ားရဲ႕ ေျပာဆို ေဝဖန္မႈေတြကို တာဝန္အရ ခံယူသြားမယ္လို႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ လူ႐ႊင္ေတာ္ ဧရာက ဧရာဝတီကို ေျပာပါတယ္။ “ေၾကာ္ျငာ ႐ိုက္က ယုန္ေလးနဲ႔ ႐ိုက္ထားတာၿပီးၿပီ။ မရွိေတာ့ဘူး။ အဲဒါကိုလည္း ေျပာၾကဆိုၾက ေဝဖန္ၾကတယ္လို႔ ၾကားပါတယ္။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔အလုပ္ က်ေနာ္တို႔ လုပ္လိုက္တာပါပဲ။ စင္ေပၚမွာလည္း ဒီလိုျပက္လုံးေတြ ျပက္ခဲ့ရတာပါပဲ။ မိန္းမကို ၾကည့္ၿပီး ငမ္းတာေပါ့။ ႐ုပ္ရွင္ေတြထဲလည္း

႐ိုက္ၾကရတာပါပဲ။ တာဝန္ မရွိဘူးလို႔ မေျပာပါဘူး။ တာဝန္အရ ေျပာၾက ဆိုၾကပါေစ။ ခံမယ္။ ႀကိဳက္သေလာက္ ေဝဖန္ၾကပါ။ ခံပါမယ္၊ ဒါပါပဲ” လို႔ လူ႐ႊင္ေတာ္ ဧရာက ေျပာပါတယ္။ ဒီေၾကာ္ျငာမွာေတာ့ သူပါဝင္သ႐ုပ္ေဆာင္ရမယ့္ ေနရာတခုကိုသာ သိရွိခဲ့ၿပီး ႐ိုက္ကူးခဲ့တာေၾကာင့္ ဘာမွန္း မသိလိုက္ဘူးလို႔လည္း ဆိုပါတယ္။ “ဇာတ္ၫႊန္းက ဘာမွန္းကို မသိပါဘူး။ မင္းသားလည္း မဟုတ္ေတာ့ ဒါေလး ဝင္လုပ္လိုက္ဆိုေတာ့ ဝင္လုပ္လိုက္တာပါ။ ဘာမွန္းကို မသိလိုက္ဘူး။ အဲ့ေန႔က

မိုးေတြလည္း ႐ြာလို႔ ၿပီးတာနဲ႔ ျပန္တာပဲ။ ဟိုးတုန္းကလည္း ေၾကာ္ျငာမွာ ဇာတ္ၫႊန္း မရွိပါဘူး။ ဒီလိုပဲ ႐ိုက္ၾကတာပါပဲ” လို႔ လူ႐ႊင္ေတာ္ ဧရာက ေျပာပါတယ္။ ဒီေၾကာ္ျငာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ ပတ္သက္ၿပီး အမွားပါသြားရင္လည္း ေတာင္းပန္တယ္လို႔ ဆိုပါတယ္။ “အမွားပါရင္ေတာ့ ခြင့္လႊတ္ပါေပါ့။ လုပ္ေနက်အတိုင္းပဲ လုပ္လိုက္တာပါပဲ။ ေထြေထြထူးထူးႀကီးေတာ့ ယုတ္မာလိုက္မယ္ဟဲ့ဆိုတဲ့ စိတ္မ်ိဳးနဲ႔ လုပ္တာ မဟုတ္ပါဘူး။ အမွားရွိသြားရင္

ခြင့္လႊတ္ပါ။ ပရိသတ္ႀကီး ေတာင္းပန္တယ္” လို႔ လူ႐ႊင္ေတာ္ ဧရာက ေျပာပါတယ္။ ဒီေၾကာ္ျငာဟာ ႏိုင္ငံေရး၊ ပုဂၢလိကေစာ္ကားမႈ တခုမွ မပါခဲ့ေပမယ့္ ယဥ္ေက်းမႈကို ထိခိုက္သြားတဲ့အတြက္ ေတာင္းပန္တယ္လို႔ ဆိုပါတယ္။ “ေနာက္ဆင္ျခင္မွာေပါ့။ ယုန္ေလးကိုလည္း ေျပာရမွာေပါ့။ ပရိသတ္ မႀကိဳက္ဘူးဆိုရင္ မလုပ္ဘူးေပါ့။ ႀကိဳက္မလားလို႔ ခ်ျပၾကည့္ၾကတာေလ။ မႀကိဳက္ဘူးဆိုေတာ့ ျပန္႐ုတ္သိမ္းေပါ့။ ႏိုင္ငံေရးလည္း

မပါဘူး။ ပုဂၢလိက ေစာ္ကားမႈလည္း မပါဘူး။ ယဥ္ေက်းမႈကို ထိခိုက္သြားတာ ရွိမယ္။ မိန္းကေလးေတြရဲ႕သိကၡာ အိေျႏၵကို ထိခိုက္သြားတာပဲ ရွိတယ္။ အဲ့အတြက္ ေတာင္းပန္တယ္” လို႔ ဧရာက ေျပာပါတယ္။ အဆိုပါ Mi Star ဖိနပ္ေၾကာ္ျငာကိုေတာ့ စက္တင္ဘာလ ၃၀ ရက္ေန႔က ယုန္ေလးရဲ႕ Facebook Page မွာ တင္ထားခဲ့တာျဖစ္ၿပီး ဒီထဲမွာေတာ့ လူ႐ႊင္ေတာ္ ဧရာ ၊ ယုန္ေလးနဲ႔ Facebook Cele မ်ားပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

Read in UNICODE

လူမှုကွန်ရက်မှာလတ်တလော ဝေဖန်မှုများစွာ ခံနေရတဲ့ ဖိနပ်ကြော်ငြာတခုနဲ့ ပတ်သက်ပြီး ပရိသတ်များရဲ့ ပြောဆို ဝေဖန်မှုတွေကို တာဝန်အရ ခံယူသွားမယ်လို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော် ဧရာက ဧရာဝတီကို ပြောပါတယ်။ “ကြော်ငြာ ရိုက်က ယုန်လေးနဲ့ ရိုက်ထားတာပြီးပြီ။ မရှိတော့ဘူး။ အဲဒါကိုလည်း ပြောကြဆိုကြ ဝေဖန်ကြတယ်လို့ ကြားပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့အလုပ် ကျနော်တို့ လုပ်လိုက်တာပါပဲ။ စင်ပေါ်မှာလည်း ဒီလိုပြက်လုံးတွေ ပြက်ခဲ့ရတာပါပဲ။ မိန်းမကို ကြည့်ပြီး ငမ်းတာပေါ့။ ရုပ်ရှင်တွေထဲလည်း

ရိုက်ကြရတာပါပဲ။ တာဝန် မရှိဘူးလို့ မပြောပါဘူး။ တာဝန်အရ ပြောကြ ဆိုကြပါစေ။ ခံမယ်။ ကြိုက်သလောက် ဝေဖန်ကြပါ။ ခံပါမယ်၊ ဒါပါပဲ” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။ ဒီကြော်ငြာမှာတော့ သူပါဝင်သရုပ်ဆောင်ရမယ့် နေရာတခုကိုသာ သိရှိခဲ့ပြီး ရိုက်ကူးခဲ့တာကြောင့် ဘာမှန်း မသိလိုက်ဘူးလို့လည်း ဆိုပါတယ်။ “ဇာတ်ညွှန်းက ဘာမှန်းကို မသိပါဘူး။ မင်းသားလည်း မဟုတ်တော့ ဒါလေး ဝင်လုပ်လိုက်ဆိုတော့ ဝင်လုပ်လိုက်တာပါ။ ဘာမှန်းကို မသိလိုက်ဘူး။ အဲ့နေ့က

မိုးတွေလည်း ရွာလို့ ပြီးတာနဲ့ ပြန်တာပဲ။ ဟိုးတုန်းကလည်း ကြော်ငြာမှာ ဇာတ်ညွှန်း မရှိပါဘူး။ ဒီလိုပဲ ရိုက်ကြတာပါပဲ” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။ ဒီကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အမှားပါသွားရင်လည်း တောင်းပန်တယ်လို့ ဆိုပါတယ်။ “အမှားပါရင်တော့ ခွင့်လွှတ်ပါပေါ့။ လုပ်နေကျအတိုင်းပဲ လုပ်လိုက်တာပါပဲ။ ထွေထွေထူးထူးကြီးတော့ ယုတ်မာလိုက်မယ်ဟဲ့ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်တာ မဟုတ်ပါဘူး။ အမှားရှိသွားရင်

ခွင့်လွှတ်ပါ။ ပရိသတ်ကြီး တောင်းပန်တယ်” လို့ လူရွှင်တော် ဧရာက ပြောပါတယ်။ ဒီကြော်ငြာဟာ နိုင်ငံရေး၊ ပုဂ္ဂလိကစော်ကားမှု တခုမှ မပါခဲ့ပေမယ့် ယဉ်ကျေးမှုကို ထိခိုက်သွားတဲ့အတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။ “နောက်ဆင်ခြင်မှာပေါ့။ ယုန်လေးကိုလည်း ပြောရမှာပေါ့။ ပရိသတ် မကြိုက်ဘူးဆိုရင် မလုပ်ဘူးပေါ့။ ကြိုက်မလားလို့ ချပြကြည့်ကြတာလေ။ မကြိုက်ဘူးဆိုတော့ ပြန်ရုတ်သိမ်းပေါ့။ နိုင်ငံရေးလည်း

မပါဘူး။ ပုဂ္ဂလိက စော်ကားမှုလည်း မပါဘူး။ ယဉ်ကျေးမှုကို ထိခိုက်သွားတာ ရှိမယ်။ မိန်းကလေးတွေရဲ့သိက္ခာ အိန္ဒြေကို ထိခိုက်သွားတာပဲ ရှိတယ်။ အဲ့အတွက် တောင်းပန်တယ်” လို့ ဧရာက ပြောပါတယ်။ အဆိုပါ Mi Star ဖိနပ်ကြော်ငြာကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က ယုန်လေးရဲ့ Facebook Page မှာ တင်ထားခဲ့တာဖြစ်ပြီး ဒီထဲမှာတော့ လူရွှင်တော် ဧရာ ၊ ယုန်လေးနဲ့ Facebook Cele များပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Source : Irrawaddy

Add a Comment

Your email address will not be published. Required fields are marked *