မင္းသမီးႀကီးတစ္ေယာက္ျဖစ္ေသာ္ျငား မီးဖိုေခ်ာင္ထဲဝင္ၿပီး ကိုယ္တိုင္ခ်က္ျပဳတ္ေနတဲ့ သိဂႌထြန္း

သိဂႌထြန္းကေတာ့ အႏုပညာအလုပ္ေတြကို ငယ္စဥ္ကတည္းကလုပ္ေဆာင္ခဲ့တာျဖစ္လို႔ သူမရဲ႕အႏုပညာသက္တမ္းကေတာ့ ဆယ္စုႏွစ္မကရွိေနပါၿပီေနာ္။သိဂႌထြန္းက အခုခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။သိဂႌထြန္းကလည္း သူမကိုအားေပးၾကတဲ့ ပရိသတ္အခိုင္အမာကို ပိုင္ဆိုင္ထားတာေၾကာင့္ ယေန႔အခ်ိန္ထိတိုင္ ပရိသတ္ေတြခ်စ္ရတဲ့

မင္းသမီးတစ္လက္ျဖစ္ေနတာပါေနာ္။ သိဂႌထြန္းက ကိုဗစ္ကာလမွာလည္း အလုပ္လက္မဲ့ေတြျဖစ္ေနၾကတဲ့ ပန္းရံဆရာေတြနဲ႔ လက္သမားဆရာေတြကို အလုပ္ေပးၿပီး အိမ္ေလးတစ္လုံးကို ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။သိဂႌထြန္းကေတာ့ စိတ္သေဘာထားလည္းျပည့္ဝၿပီး စကားေျပာတာေလးကအစ ႏူးညံ့ခ်ိဳသာလို႔ လူခ်စ္လူခင္ေပါမ်ားေနတာျဖစ္ပါတယ္။အခုလိုကိုဗစ္ကာလမွာလည္း သူမက အိမ္ထဲမွာပဲေနထိုင္ၿပီး

ကိုယ္တိုင္ေၾကာ္ေလွာ္ခ်က္ျပဳတ္ေနတာျဖစ္ပါတယ္ေနာ္။ သိဂႌထြန္းက”လူသားအားလုံး က်န္းမာၿပီး အခက္ခဲအၾကပ္အတည္းမ်ားမွေက်ာ္ျဖတ္ႏိုင္ၾကပါေစ..ကိုယ္ခံအားေကာင္းေအာင္ေနၾကပါ ကိုးကြယ္ရာဘာသာတရားရဲ႕ ေကာင္းမႈအက်င့္ကို စိတ္ထဲအၿမဲမွတ္ယူၿပီးမိမိကိုယ္မိမိ စိတ္ယုတ္ညံ့သူလား ႐ိုင္းစိုင္းသူလားၾကမ္းတမ္းယုတ္မာသူလား လူလိမ္လား

ေျဗာင္လိမ္ေျဗာင္စားလူ႔အတၱသမားလားေက်းဇူးတရားကိုမသိတတ္သူလားကိုယ္ခ်င္းစာနာမႈကင္းမဲ့သူလားဆိုတာေတြကို မိမိကိုယ္မိမိသုံးသပ္ၿပီး မေကာင္းဘူးထင္ရင္ ခ်က္ခ်င္းျပဳျပင္ၿပီး စိတ္ကိုျဖဴျဖဴသန႔္သန႔္ေလးထားၿပီးေနျခင္းျဖင့္ ကပ္ေဘးအႏၲရာယ္မွကင္းေဝးႏိုင္ၾကပါေစ အခု ဟင္းခ်က္ၿပီးလို႔သမၺဳေဒဂါထာ တစ္ေထာင္႐ြတ္ဖတ္ၿပီး အားလုံးကိုေမတၱာမွ်ပါတယ္ေနာ္.”ဆိုၿပီး ေရးသားကာ ဗီဒီယိုဖိုင္ေလးနဲ႔အတူ မွ်ေဝလာတာျဖစ္ပါတယ္ေနာ္။

Read in UNICODE

သိင်္ဂီထွန်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်လို့ သူမရဲ့အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်မကရှိနေပါပြီနော်။သိင်္ဂီထွန်းက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။သိင်္ဂီထွန်းကလည်း သူမကိုအားပေးကြတဲ့ ပရိသတ်အခိုင်အမာကို ပိုင်ဆိုင်ထားတာကြောင့် ယနေ့အချိန်ထိတိုင် ပရိသတ်တွေချစ်ရတဲ့

မင်းသမီးတစ်လက်ဖြစ်နေတာပါနော်။ သိင်္ဂီထွန်းက ကိုဗစ်ကာလမှာလည်း အလုပ်လက်မဲ့တွေဖြစ်နေကြတဲ့ ပန်းရံဆရာတွေနဲ့ လက်သမားဆရာတွေကို အလုပ်ပေးပြီး အိမ်လေးတစ်လုံးကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။သိင်္ဂီထွန်းကတော့ စိတ်သဘောထားလည်းပြည့်ဝပြီး စကားပြောတာလေးကအစ နူးညံ့ချိုသာလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာလည်း သူမက အိမ်ထဲမှာပဲနေထိုင်ပြီး

ကိုယ်တိုင်ကြော်လှော်ချက်ပြုတ်နေတာဖြစ်ပါတယ်နော်။ သိင်္ဂီထွန်းက”လူသားအားလုံး ကျန်းမာပြီး အခက်ခဲအကြပ်အတည်းများမှကျော်ဖြတ်နိုင်ကြပါစေ..ကိုယ်ခံအားကောင်းအောင်နေကြပါ ကိုးကွယ်ရာဘာသာတရားရဲ့ ကောင်းမှုအကျင့်ကို စိတ်ထဲအမြဲမှတ်ယူပြီးမိမိကိုယ်မိမိ စိတ်ယုတ်ညံ့သူလား ရိုင်းစိုင်းသူလားကြမ်းတမ်းယုတ်မာသူလား လူလိမ်လား

ဗြောင်လိမ်ဗြောင်စားလူ့အတ္တသမားလားကျေးဇူးတရားကိုမသိတတ်သူလားကိုယ်ချင်းစာနာမှုကင်းမဲ့သူလားဆိုတာတွေကို မိမိကိုယ်မိမိသုံးသပ်ပြီး မကောင်းဘူးထင်ရင် ချက်ချင်းပြုပြင်ပြီး စိတ်ကိုဖြူဖြူသန့်သန့်လေးထားပြီးနေခြင်းဖြင့် ကပ်ဘေးအန္တရာယ်မှကင်းဝေးနိုင်ကြပါစေ အခု ဟင်းချက်ပြီးလို့သမ္ဗုဒေဂါထာ တစ်ထောင်ရွတ်ဖတ်ပြီး အားလုံးကိုမေတ္တာမျှပါတယ်နော်.”ဆိုပြီး ရေးသားကာ ဗီဒီယိုဖိုင်လေးနဲ့အတူ မျှဝေလာတာဖြစ်ပါတယ်နော်။

Source : Theingi Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *