႐ွိဳးပြဲကရတဲ့ အလွဴေငြေတြနဲ႔ ေအာက္စီဂ်င္ အသက္ရွဴစက္ (၁၅)လံုး လွဴဒါန္းခဲ့တဲ့ ႏွင္းဆီအဖြဲ႕သားမ်ား
|စက္တင္ဘာလ (၇) ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ႏွင္းဆီUnplugged Show ကို တစ္ႏိုင္ငံလုံးက ပရိသတ္ေတြ ၾကည့္ရႈၿပီးသြားခဲ့ၿပီ ထင္ပါတယ္။ ႏွင္းဆီလူမႈကူညီေရးေဖာင္ေဒးရွင္းက ႏွစ္စဥ္ႏွစ္တိုင္းလိုလို ရံပုံေငြေဖ်ာ္ေျဖပြဲေတြ ျပဳလုပ္ၿပီး အကူအညီလိုအပ္ေနတဲ့ေနရာေတြကို ထိထိေရာက္ေရာက္လႉဒါန္းေပးေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ႏွင္းဆီအဖြဲ႕သားေတြက Online Unplugged Show

မွ ရရွိတဲ့ အလႉေငြေတြနဲ႔ ေအာက္စီဂ်င္အသက္ရႈစက္ (၁၅) လုံး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ “ႏွင္းဆီရင္ခြင္လူမႉကူညီေရး ေဖာင္ေဒးရွင္းမွ ေအာက္ဆီဂ်င္ အသက္ရႉစက္မ်ားကို ေအာင္ျမင့္မိုရ္အိမ္ရာစခန္း Q Center သို႔၅လုံး။ YCC yangon Convention Center တြင္ အသစ္ဖြင့္လွစ္ထားေသာ Q center သို႔ ၅လုံး ႏွင့္ Fortune Plaza တြင္ရွိေသာQCenterသို႔၅လုံး အသီးသီးျဖင့္စုစုေပါင္းေအာက္စီဂ်င္အသက္ရႉစက္ ၁၅

လုံးတိတိ လႉဒါန္းပါသည္။ အလႉတြင္ဝိုင္းဝန္းပါဝင္ေသာ Mytel ႏွင့္မာလာၿမိဳင္ေျမၾသဇာလုပ္ငန္းတို႔အားလည္းေကာင္း၊ Unplugged show ကိုအားေပးၾကသူႏွင္းဆီပရိတ္သတ္မ်ားအားလည္းေကာင္း အထူးေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ သာဓု ေခၚဆိုႏိုင္ပါရန္ ခ်စ္ခင္ေလးျမတ္စြာ ကုသိုလ္မွ်ေဝအပ္ပါတယ္ခင္ဗ်ား။” ဆိုၿပီး သူတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးထားတာပဲ ျဖစ္ပါတယ္။ ႏွင္းဆီအဖြဲ႕သားေတြကေတာ့

ဒီႏွစ္မွာရရွိတဲ့ ရံပုံေငြအလႉေငြေတြနဲ႔ လက္ရွိကိုဗစ္ကာလမွာ အေရးတႀကီးလိုအပ္ေနတဲ့ ေအာက္စီဂ်င္အသက္ရႈစက္မ်ား လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ႏွင္းဆီအဖြဲ႕သားေတြရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေန္ာ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Read in UNICODE
စက်တင်ဘာလ (၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ နှင်းဆီUnplugged Show ကို တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုပြီးသွားခဲ့ပြီ ထင်ပါတယ်။ နှင်းဆီလူမှုကူညီရေးဖောင်ဒေးရှင်းက နှစ်စဉ်နှစ်တိုင်းလိုလို ရံပုံငွေဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး အကူအညီလိုအပ်နေတဲ့နေရာတွေကို ထိထိရောက်ရောက်လှူဒါန်းပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှင်းဆီအဖွဲ့သားတွေက Online Unplugged Show

မှ ရရှိတဲ့ အလှူငွေတွေနဲ့ အောက်စီဂျင်အသက်ရှုစက် (၁၅) လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “နှင်းဆီရင်ခွင်လူမှူကူညီရေး ဖောင်ဒေးရှင်းမှ အောက်ဆီဂျင် အသက်ရှူစက်များကို အောင်မြင့်မိုရ်အိမ်ရာစခန်း Q Center သို့၅လုံး။ YCC yangon Convention Center တွင် အသစ်ဖွင့်လှစ်ထားသော Q center သို့ ၅လုံး နှင့် Fortune Plaza တွင်ရှိသောQCenterသို့၅လုံး အသီးသီးဖြင့်စုစုပေါင်းအောက်စီဂျင်အသက်ရှူစက် ၁၅

လုံးတိတိ လှူဒါန်းပါသည်။ အလှူတွင်ဝိုင်းဝန်းပါဝင်သော Mytel နှင့်မာလာမြိုင်မြေသြဇာလုပ်ငန်းတို့အားလည်းကောင်း၊ Unplugged show ကိုအားပေးကြသူနှင်းဆီပရိတ်သတ်များအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သာဓု ခေါ်ဆိုနိုင်ပါရန် ချစ်ခင်လေးမြတ်စွာ ကုသိုလ်မျှဝေအပ်ပါတယ်ခင်ဗျား။” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးထားတာပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေကတော့

ဒီနှစ်မှာရရှိတဲ့ ရံပုံငွေအလှူငွေတွေနဲ့ လက်ရှိကိုဗစ်ကာလမှာ အရေးတကြီးလိုအပ်နေတဲ့ အောက်စီဂျင်အသက်ရှုစက်များ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နှင်းဆီအဖွဲ့သားတွေရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနေ်ာ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : ႏွင္းဆီရင္ခြင္ လူမႈကူညီေရးေဖာင္ေဒးရွင္း’s Facebook