ထီဆုႀကီး ကံထူးခဲ့ေၾကာင္း ဝမ္းသာအားရ ေျပာျပခဲ့တဲ့ သားညီ

ေအာက္တိုဘာလရဲ႕ အစမွာ သားညီကေတာ့ ကံေကာင္းျခင္းေတြ ေရာက္လာၿပီလို႔သိရပါတယ္။ သူ႔အေနနဲ႔ အႀကိမ္(၂၀) ေျမာက္ ေအာင္ဘာေလ သိန္းဆုေပးပြဲမွာ ထီ(၅) ေသာင္းဆု ေပါက္တယ္လို႔ ဆိုပါတယ္။ ” မိုင္ေထာင္ခ်ီေဝးတဲ့ ခရီးေတြဟာလည္း ေျခတစ္လွမ္းက

စတာပါပဲတဲ့။ စိန္သားညီရဲ႕ သိန္း 15000 ခရီးကေတာ့ ဦးေဇာ္ နဲ႔ အန္တီညဴး တို႔ ထီဆိုင္က ငါးေသာင္းဆုနဲ႔ စတယ္။ Thank you October !!!” ဆိုၿပီးေတာ့ ေအာက္တိုဘာလ (၁) ရက္ေန႔ ညေန (၃) နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားထားတာ

ျဖစ္ပါတယ္။ သားညီဟာ ယခင္ကလို သ႐ုပ္ေဆာင္ပိုင္းတင္မက ဒါ႐ိုက္တာဘက္ကိုပါ အားႀကိဳးမာန္တက္နဲ႔ႀကိဳးစားလာတာကိုေတြ႕ရပါတယ္။ အခုဆိုရင္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ဒါ႐ိုက္တာ လုပ္လာၿပီျဖစ္ကာ

ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြကပါ လက္ခံလာၾကတာကိုလည္း ေတြ႕ရပါတယ္။ သားညီအေနနဲ႔သ႐ုပ္ေဆာင္ ဘဝမွာ ဖန္တီးခြင့္မရတာေလးေတြကို ဒါ႐ိုက္တာ ဘဝမွာ ဖန္တီးခြင့္ရလာတယ္လို႔လည္း ယခင္က အင္တာဗ်ဴးေတြမွာ ေျဖဆိုဖူးပါတယ္။

Read in UNICODE

အောက်တိုဘာလရဲ့ အစမှာ သားညီကတော့ ကံကောင်းခြင်းတွေ ရောက်လာပြီလို့သိရပါတယ်။ သူ့အနေနဲ့ အကြိမ်(၂၀) မြောက် အောင်ဘာလေ သိန်းဆုပေးပွဲမှာ ထီ(၅) သောင်းဆု ပေါက်တယ်လို့ ဆိုပါတယ်။ ” မိုင်ထောင်ချီဝေးတဲ့ ခရီးတွေဟာလည်း ခြေတစ်လှမ်းက

စတာပါပဲတဲ့။ စိန်သားညီရဲ့ သိန်း 15000 ခရီးကတော့ ဦးဇော် နဲ့ အန်တီညူး တို့ ထီဆိုင်က ငါးသောင်းဆုနဲ့ စတယ်။ Thank you October !!!” ဆိုပြီးတော့ အောက်တိုဘာလ (၁) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ

ဖြစ်ပါတယ်။ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ

ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *