ပရိသတ္ေတြက ရန္ရန္ခ်မ္းရဲ႕ အသင္းကို ေရြးခ်ယ္ခဲ့လို႔ ေဝဖန္ေျပာဆိုခဲ့တယ္ဆိုတဲ့ The Voice Myanmar ၿပိဳင္ပြဲဝင္ ေမျမတ္ႏိုးခိုင္

ေမျမတ္ႏိုးခိုင္ကေတာ့ The Voice Myanmar (Season 3)Blind Auditions သီခ်င္းဆိုၿပိဳင္ပြဲမွာ ဒိုင္ (၄) ဦးစလုံးရဲ႕ လွည့္ၾကည့္ခ်င္းကို ခံခဲ့ရသူျဖစ္ပါတယ္။ သူမဟာ ရန္ရန္ခ်မ္း Team ကို ေ႐ြးခ်ယ္လိုက္တဲ့ အခ်ိန္မွာ ဒိုင္တစ္ဦးျဖစ္တဲ့ နီနီခင္ေဇာ္က ဘာေၾကာင့္ေ႐ြးခ်ယ္လိုက္သလဲဆိုၿပီး ေမးခြန္း ထုတ္လာတဲ့အေပၚ ” ကို YC ကို ႀကိဳက္လို႔” ဆိုတဲ့ အေျဖေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့အေၾကာင္း ေျပာလာခဲ့ပါတယ္။ “ မနီနီ

ေမးတုန္းကေတာ့ ပါးစပ္ထဲ ရွိတာကို ေျပာလိုက္တာပါ။ ကိုရန္ရန္ခ်မ္းရဲ႕ Team ကို ေ႐ြးခ်ယ္ ျဖစ္သြားတာက သူ႔ရဲ႕ သီခ်င္းေတြကို ႀကိဳက္တယ္။ ပရိသတ္ကေတာ့ ဘယ္လို ထင္သြားလို႔လဲ မသိဘူး ညီမကို ေျပာၾကတယ္၊ ေဝဖန္ၾကတယ္။ မနီနီေျပာတဲ့ အခ်ိန္မွာ ညီမက အရမ္းကို စိတ္လႈပ္ရွားေနလို႔ အခုလို ေျဖလိုက္မိပါတယ္။ ဂီတနဲ႔ ပတ္သက္ၿပီးေတာ့ ညီမက အေတြ႕အႀကဳံေတြရွိပါတယ္။ ငယ္ငယ္ကတည္းက သီခ်င္းေတြလိုက္ဆိုခဲ့ဖူးတယ္။ The Voice Myanmar မၿပိဳင္ခင္တုန္းက အိပ္မက္ဆုံရာမွာ ၿပိဳင္ခဲ့ဖူးတယ္”

လို႔ ဆိုပါတယ္။ေ မျမတ္ႏိုးခိုင္ဟာ ငယ္စဥ္ကတည္းက အဆိုေတာ္ ရန္ရန္ခ်မ္းရဲ႕ ပရိသတ္ တစ္ဦးပါလို႔ ဆိုပါတယ္။ သူမကိုယ္တိုင္ကလည္း ရန္ရန္ခ်မ္းဆီက ဂီတပညာေတြ သင္ယူခ်င္ခဲ့တဲ့ ရည္႐ြယ္ခ်က္ကို ေျပာျပခဲ့ပါေသးတယ္။ ” ကိုရန္ရန္ခ်မ္း သီခ်င္းေတြကို ငယ္ငယ္ကတည္းက ႀကိဳက္ခဲ့တာပါ။ သူ႔ရဲ႕ သီခ်င္းေတြကိုေရာ၊ သူ႔ရဲ႕ Rap ႐ြတ္တာေတြကိုေရာ သေဘာက်တယ္။ ကိုယ္က

အျမန္ မ႐ြတ္တတ္ေတာ့ အားေပးျဖစ္တယ္။ ကိုယ့္ရဲ႕ idol ဆိုရင္လည္း မမွားပါဘူး။ ကိုရန္ရန္ခ်မ္း ရဲ႕ Rap ႐ြတ္ပုံေတြကို ညီမ သင္ယူခ်င္တယ္။ ျဖစ္ႏိုင္ရင္ ဒိုင္ေတြအကုန္လုံးဆီက ပညာေတြ သင္ယူခ်င္ခဲ့တာပါ။ ဒါေပမယ့္ တစ္ဦးတည္းဆိုေတာ့ ကိုရန္ရန္ခ်မ္းကို ေ႐ြးခ်ယ္ခဲ့တယ္။ သူကလည္း ေသေသခ်ာခ်ာေလး သင္ေပးပါတယ္” လို႔

ဆက္လက္ ေျပာျပခဲ့ပါတယ္။ေမျမတ္ႏိုးခိုင္က The Voice Myanmar(Season-3) Blind Auditions ၿပိဳင္ပြဲမွာ ” ေဆး” သီခ်င္းနဲ႔ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကေနတဆင့္ သူမကို ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါ။ လက္ရွိမွာေတာ့ The Voice Myanmar(Season-3) ၿပိဳင္ပြဲမွာ YC Team Member တစ္ေယာက္အေနနဲ႔ ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

Read in UNICODE

မေမြတ်နိုးခိုင်ကတော့ The Voice Myanmar (Season 3)Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ ဒိုင် (၄) ဦးစလုံးရဲ့ လှည့်ကြည့်ချင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သူမဟာ ရန်ရန်ချမ်း Team ကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ဒိုင်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က ဘာကြောင့်ရွေးချယ်လိုက်သလဲဆိုပြီး မေးခွန်း ထုတ်လာတဲ့အပေါ် ” ကို YC ကို ကြိုက်လို့” ဆိုတဲ့ အဖြေကြောင့် ဝေဖန်ခံခဲ့ရတဲ့အကြောင်း ပြောလာခဲ့ပါတယ်။ “ မနီနီ

မေးတုန်းကတော့ ပါးစပ်ထဲ ရှိတာကို ပြောလိုက်တာပါ။ ကိုရန်ရန်ချမ်းရဲ့ Team ကို ရွေးချယ် ဖြစ်သွားတာက သူ့ရဲ့ သီချင်းတွေကို ကြိုက်တယ်။ ပရိသတ်ကတော့ ဘယ်လို ထင်သွားလို့လဲ မသိဘူး ညီမကို ပြောကြတယ်၊ ဝေဖန်ကြတယ်။ မနီနီပြောတဲ့ အချိန်မှာ ညီမက အရမ်းကို စိတ်လှုပ်ရှားနေလို့ အခုလို ဖြေလိုက်မိပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့ ညီမက အတွေ့အကြုံတွေရှိပါတယ်။ ငယ်ငယ်ကတည်းက သီချင်းတွေလိုက်ဆိုခဲ့ဖူးတယ်။ The Voice Myanmar မပြိုင်ခင်တုန်းက အိပ်မက်ဆုံရာမှာ ပြိုင်ခဲ့ဖူးတယ်”

လို့ ဆိုပါတယ်။ေ မမြတ်နိုးခိုင်ဟာ ငယ်စဉ်ကတည်းက အဆိုတော် ရန်ရန်ချမ်းရဲ့ ပရိသတ် တစ်ဦးပါလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ရန်ရန်ချမ်းဆီက ဂီတပညာတွေ သင်ယူချင်ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါသေးတယ်။ ” ကိုရန်ရန်ချမ်း သီချင်းတွေကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာပါ။ သူ့ရဲ့ သီချင်းတွေကိုရော၊ သူ့ရဲ့ Rap ရွတ်တာတွေကိုရော သဘောကျတယ်။ ကိုယ်က

အမြန် မရွတ်တတ်တော့ အားပေးဖြစ်တယ်။ ကိုယ့်ရဲ့ idol ဆိုရင်လည်း မမှားပါဘူး။ ကိုရန်ရန်ချမ်း ရဲ့ Rap ရွတ်ပုံတွေကို ညီမ သင်ယူချင်တယ်။ ဖြစ်နိုင်ရင် ဒိုင်တွေအကုန်လုံးဆီက ပညာတွေ သင်ယူချင်ခဲ့တာပါ။ ဒါပေမယ့် တစ်ဦးတည်းဆိုတော့ ကိုရန်ရန်ချမ်းကို ရွေးချယ်ခဲ့တယ်။ သူကလည်း သေသေချာချာလေး သင်ပေးပါတယ်” လို့

ဆက်လက် ပြောပြခဲ့ပါတယ်။မေမြတ်နိုးခိုင်က The Voice Myanmar(Season-3) Blind Auditions ပြိုင်ပွဲမှာ ” ဆေး” သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် သူမကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ လက်ရှိမှာတော့ The Voice Myanmar(Season-3) ပြိုင်ပွဲမှာ YC Team Member တစ်ယောက်အနေနဲ့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *