လခေပးရတဲ့ေန႔မွာ ကတုန္ကရင္မျဖစ္ေအာင္ ႀကိဳးစားေနတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

မင္းသမီးခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ကေလး(၃၅) ေယာက္ကို မိခင္အရင္းတစ္ေယာက္လို ရင္အုပ္မကြာေစာင့္ေရွာက္ေပးေနသူပါ။ အလႉရွင္ေတြနဲ႔သာ အဓိကရပ္တည္ေနရတဲ့ေဂဟာမို႔ အခုလိုကိုဗစ္ကာလ လူတိုင္းခက္ခဲေနၿပီး အလႉရွင္ရွားပါးေနတဲ့အခ်ိန္မွာလည္း ကေလးေတြကိုေစာင့္ေရွာက္ေပးေနတဲ့ဝန္ထမ္းေတြကို

လစာေပးရက္မွာလည္း ကတုန္ကရင္ေန႔စြဲမျဖစ္ေအာင္ ႀကိဳးစားေနပါတယ္ တဲ့ ပရိသတ္ႀကီးေရ.. ကိုဗစ္ကပ္ေရာဂါမတိုင္ခင္က လကုန္ရက္ေတြဆို ဝန္ထမ္းေတြကို လစာလည္းလြယ္လြယ္ကူကူေပးႏိုင္သလို ၊ ေဘာက္ဆူးေပး၊ မဲေဖာက္ေပးနဲ႔ လကုန္ရက္ေလးကို

ေပ်ာ္႐ႊင္စြာကုန္ဆုံးႏိုင္ခဲ့ေပမယ့္ အခုေတာ့ အဲ့လိုအခ်ိန္ေတြမရွိေတာ့တာေတာင္ ၾကာခဲ့ၿပီျဖစ္ေၾကာင္း မွ်ေဝလာပါတယ္။ ဒါေပမယ့္ ဝန္ထမ္းေတြလည္း မေလွ်ာ့ခဲ့သလို ၊လစာလည္း မေလွ်ာ့ခဲ့တဲ့အျပင္ ဝန္ထမ္းရိကၡာ၊ ကေလးေတြအတြက္ ရိကၡာ အစစအရာရာ

ဒီကာလမွာေတာင္ မပူပင္ရေအာင္ ထားေပးႏိုင္ခဲ့သလို လကုန္ရက္တိုင္းကိုလည္း အၿပဳံးေလးေတြနဲ႔ ျဖတ္သန္းႏိုင္ဖို႔ ႀကိဳးစားေနပါတယ္တဲ့။ ဝန္ထမ္း(၁၆) ေယာက္၊ ကေလး(၃၅) ေယာက္ပါဝင္တဲ့ ခိုင္မိသားစုႀကီး အခုလိုအခ်ိန္မွာေတာင္ မပူမပင္နဲ႔ေနရတာ အလႉရွင္မ်ားရဲ႕ေမတၱာ၊ေစတနာေၾကာင့္မို႔လို႔

အလႉရွင္မ်ားရဲ႕ေက်းဇူးကို အသိအမွတ္ျပဳရင္း တူေသာအက်ိဳးေက်းဇူးမ်ား ရရွိႏိုင္ေစဖို႔လည္း ခိုင္ႏွင္းေဝက ဆုေတာင္းေမတၱာပို႔ေပးခဲ့ပါတယ္။ ဒီလိုကာလမွာေတာင္ ဝန္ထမ္းေတြနဲ႔ကေလးေတြကို အပူအပင္မရွိေအာင္ ႀကိဳးစားၿပီးေစာင့္ေရွာက္ေပးႏိုင္တဲ့ ခိုင္ႏွင္းေဝကေတာ့ တကယ္ကို ေလးစားစရာပါပဲေနာ္။

Read in UNICODE

မင်းသမီးခိုင်နှင်းဝေကတော့ မိဘမဲ့ကလေး(၃၅) ယောက်ကို မိခင်အရင်းတစ်ယောက်လို ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူပါ။ အလှူရှင်တွေနဲ့သာ အဓိကရပ်တည်နေရတဲ့ဂေဟာမို့ အခုလိုကိုဗစ်ကာလ လူတိုင်းခက်ခဲနေပြီး အလှူရှင်ရှားပါးနေတဲ့အချိန်မှာလည်း ကလေးတွေကိုစောင့်ရှောက်ပေးနေတဲ့ဝန်ထမ်းတွေကို

လစာပေးရက်မှာလည်း ကတုန်ကရင်နေ့စွဲမဖြစ်အောင် ကြိုးစားနေပါတယ် တဲ့ ပရိသတ်ကြီးရေ.. ကိုဗစ်ကပ်ရောဂါမတိုင်ခင်က လကုန်ရက်တွေဆို ဝန်ထမ်းတွေကို လစာလည်းလွယ်လွယ်ကူကူပေးနိုင်သလို ၊ ဘောက်ဆူးပေး၊ မဲဖောက်ပေးနဲ့ လကုန်ရက်လေးကို

ပျော်ရွှင်စွာကုန်ဆုံးနိုင်ခဲ့ပေမယ့် အခုတော့ အဲ့လိုအချိန်တွေမရှိတော့တာတောင် ကြာခဲ့ပြီဖြစ်ကြောင်း မျှဝေလာပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေလည်း မလျှော့ခဲ့သလို ၊လစာလည်း မလျှော့ခဲ့တဲ့အပြင် ဝန်ထမ်းရိက္ခာ၊ ကလေးတွေအတွက် ရိက္ခာ အစစအရာရာ

ဒီကာလမှာတောင် မပူပင်ရအောင် ထားပေးနိုင်ခဲ့သလို လကုန်ရက်တိုင်းကိုလည်း အပြုံးလေးတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေပါတယ်တဲ့။ ဝန်ထမ်း(၁၆) ယောက်၊ ကလေး(၃၅) ယောက်ပါဝင်တဲ့ ခိုင်မိသားစုကြီး အခုလိုအချိန်မှာတောင် မပူမပင်နဲ့နေရတာ အလှူရှင်များရဲ့မေတ္တာ၊စေတနာကြောင့်မို့လို့

အလှူရှင်များရဲ့ကျေးဇူးကို အသိအမှတ်ပြုရင်း တူသောအကျိုးကျေးဇူးများ ရရှိနိုင်စေဖို့လည်း ခိုင်နှင်းဝေက ဆုတောင်းမေတ္တာပို့ပေးခဲ့ပါတယ်။ ဒီလိုကာလမှာတောင် ဝန်ထမ်းတွေနဲ့ကလေးတွေကို အပူအပင်မရှိအောင် ကြိုးစားပြီးစောင့်ရှောက်ပေးနိုင်တဲ့ ခိုင်နှင်းဝေကတော့ တကယ်ကို လေးစားစရာပါပဲနော်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *