ကိုဗစ္ကာလ ရင္ဆိုင္ေက်ာ္ျဖတ္ေနရတဲ့ စီးပြားေရးအခက္အခဲေတြေၾကာင့္ ရင္ေလးမိတယ္ဆိုတဲ့ လြင္မိုး

လြင္မိုးကေတာ့ သူ႔ရဲ႕ စီးပြားေရး လုပ္ငန္းေတြ ျဖစ္တဲ့ လီလီပန္းစိုက္ခင္း၊ စားေသာက္ဆိုင္ မ်ားနဲ႔ ႐ုပ္ရွင္႐ုံ လုပ္ငန္းေတြဟာ Covid ေၾကာင့္ ထိခိုက္မႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။ ဒီလုပ္ငန္းေတြထဲမွာမွ ႐ုပ္ရွင္႐ုံ လုပ္ငန္းမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ေျပာျပလာပါတယ္။“ ကိုယ့္အတြက္ လုပ္ငန္းႀကီးႀကီးမားမားကေတာ့ Paradiso ေပါ့။ Paradiso Cinemas ကေတာ့ မတ္လ ကတည္းက ပိတ္ထားတာ။ အဲဒီကတည္းက

အလူးအလဲခံထားရၿပီးေတာ့ ရွိတဲ့အေျခအေနေလးနဲ႔ ဝန္ထမ္းေတြကို ခြင့္ေပးသင့္တာ ခြင့္ေပး၊ လစာမဲ့ ခြင့္ေတြေပး၊ Paradiso မွာ ဝန္ထမ္းေပါင္း(၅၀၀) ေက်ာ္ရွိတာကိုး။ အဲဒီ (၅၀၀) မွာ (၁၀၀) ေက်ာ္ေလာက္ကို ထိန္းႏိုင္သေလာက္ ထိန္းထားရတာေပါ့။ ဒါက မျဖစ္မေန ပစၥည္းေတြ ပ်က္စီးသြားမွာစိုးလို႔ ခန႔္ထားရတဲ့ သူေတြရွိပါတယ္။ ႏိုင္သေလာက္၊ စြမ္းသေလာက္ေတာ့ က်န္းမာေရးနဲ႔ အညီ လုပ္ရတာေတြရွိတယ္။ အလုပ္ကိစၥေတြ ျပန္စဥ္းစားရင္ေတာ့

ရင္ေလးစရာႀကီးပါ” လို႔ ဆိုပါတယ္။ Covid ဒုတိယလႈိင္း ရဲ႕ က်န္းမာေရး ထိခိုက္မႈ အေျခအေနဟာ အရမ္းကို မ်ားျပားလွတယ္လို႔ လြင္မိုးက ဆိုပါတယ္။ သူကိုယ္တိုင္ကလည္း မိသားစု နဲ႔ စီးပြားေရး အလုပ္ေတြကို ဦးေဆာင္ေနရသူ ျဖစ္တာေၾကာင့္ စိတ္ဓာတ္မက်ေအာင္ ႀကိဳးစားေနတယ္လို႔ ေျပာခဲ့ပါေသးတယ္။ “ မတ္လ ကတည္းကျဖစ္ေနၾကတာေလ။ ဒီၾကားထဲမွာ တစ္လေလာက္ ပုံမွန္အေနအထားေလး တစ္ခု

ရခဲ့ၾကတယ္ေပါ့။ ၿပီးေတာ့မွ အရင္ထက္ ပိုဆိုးတာေတြ ျဖစ္လာေတာ့ အိမ္ထဲမွာ ေနရတဲ့ ကာလေတြက အရမ္းမ်ားလာတယ္။ တစ္ခါတေလက်ရင္ ကိုယ့္အလုပ္ကိစၥေတြ ေတြးၿပီး ေတာ္ေတာ္ေလး စိတ္ဓာတ္က်တာေတြ ျဖစ္လာတယ္။ ၿပီးရင္ ကိုယ့္ဘာသာကိုယ္ပဲ စိတ္အား ျပန္တင္းထားရတယ္။ ကိုယ္က မိသားစုမွာေရာ၊ စီးပြားေရးလုပ္ငန္းမွာေရာ ကိုယ္က ဦးေဆာင္သူျဖစ္လို႔ ကိုယ္က စၿပီး စိတ္ဓာတ္က်လို႔ မရဘူး။ စီးပြားေရး ထိခိုက္သြားတာေတြကိုလည္း ဘယ္အခ်ိန္မွာ

ဘာျပန္လုပ္မလဲ စဥ္းစားရတယ္” လို႔ ဆိုပါတယ္။ လြင္မိုးက အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးကို ဦးေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ မိသားစု ကိုလည္း အခ်ိန္ေပးေနရသူပါ။ သူ႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ေျမးေလး Liam ေလးကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။

Read in UNICODE

လွင်မိုးကတော့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ လီလီပန်းစိုက်ခင်း၊ စားသောက်ဆိုင် များနဲ့ ရုပ်ရှင်ရုံ လုပ်ငန်းတွေဟာ Covid ကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေထဲမှာမှ ရုပ်ရှင်ရုံ လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလာပါတယ်။“ ကိုယ့်အတွက် လုပ်ငန်းကြီးကြီးမားမားကတော့ Paradiso ပေါ့။ Paradiso Cinemas ကတော့ မတ်လ ကတည်းက ပိတ်ထားတာ။ အဲဒီကတည်းက

အလူးအလဲခံထားရပြီးတော့ ရှိတဲ့အခြေအနေလေးနဲ့ ဝန်ထမ်းတွေကို ခွင့်ပေးသင့်တာ ခွင့်ပေး၊ လစာမဲ့ ခွင့်တွေပေး၊ Paradiso မှာ ဝန်ထမ်းပေါင်း(၅၀၀) ကျော်ရှိတာကိုး။ အဲဒီ (၅၀၀) မှာ (၁၀၀) ကျော်လောက်ကို ထိန်းနိုင်သလောက် ထိန်းထားရတာပေါ့။ ဒါက မဖြစ်မနေ ပစ္စည်းတွေ ပျက်စီးသွားမှာစိုးလို့ ခန့်ထားရတဲ့ သူတွေရှိပါတယ်။ နိုင်သလောက်၊ စွမ်းသလောက်တော့ ကျန်းမာရေးနဲ့ အညီ လုပ်ရတာတွေရှိတယ်။ အလုပ်ကိစ္စတွေ ပြန်စဉ်းစားရင်တော့

ရင်လေးစရာကြီးပါ” လို့ ဆိုပါတယ်။ Covid ဒုတိယလှိုင်း ရဲ့ ကျန်းမာရေး ထိခိုက်မှု အခြေအနေဟာ အရမ်းကို များပြားလှတယ်လို့ လွင်မိုးက ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မိသားစု နဲ့ စီးပွားရေး အလုပ်တွေကို ဦးဆောင်နေရသူ ဖြစ်တာကြောင့် စိတ်ဓာတ်မကျအောင် ကြိုးစားနေတယ်လို့ ပြောခဲ့ပါသေးတယ်။ “ မတ်လ ကတည်းကဖြစ်နေကြတာလေ။ ဒီကြားထဲမှာ တစ်လလောက် ပုံမှန်အနေအထားလေး တစ်ခု

ရခဲ့ကြတယ်ပေါ့။ ပြီးတော့မှ အရင်ထက် ပိုဆိုးတာတွေ ဖြစ်လာတော့ အိမ်ထဲမှာ နေရတဲ့ ကာလတွေက အရမ်းများလာတယ်။ တစ်ခါတလေကျရင် ကိုယ့်အလုပ်ကိစ္စတွေ တွေးပြီး တော်တော်လေး စိတ်ဓာတ်ကျတာတွေ ဖြစ်လာတယ်။ ပြီးရင် ကိုယ့်ဘာသာကိုယ်ပဲ စိတ်အား ပြန်တင်းထားရတယ်။ ကိုယ်က မိသားစုမှာရော၊ စီးပွားရေးလုပ်ငန်းမှာရော ကိုယ်က ဦးဆောင်သူဖြစ်လို့ ကိုယ်က စပြီး စိတ်ဓာတ်ကျလို့ မရဘူး။ စီးပွားရေး ထိခိုက်သွားတာတွေကိုလည်း ဘယ်အချိန်မှာ

ဘာပြန်လုပ်မလဲ စဉ်းစားရတယ်” လို့ ဆိုပါတယ်။ လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *