အရမ္းခ်စ္ရတဲ့ မိခင္ႀကီး ႐ုတ္တရတ္ ကြယ္လြန္သြားတာေၾကာင့္ ဝမ္းနည္းမဆံုးျဖစ္ေနတဲ့ မို႔မို႔ျမင့္ေအာင္

မိခင္ႀကီး အသက္ (၉၉) ႏွစ္ရွိ ဆုံးပါးသြားတဲ့အတြက္ စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္း မို႔မို႔ျမင့္ေအာင္က သူမရဲ႕လူမႈကြန္ရက္မွာ ေျပာျပလာခဲ့ပါတယ္။ မိခင္ႀကီးကို ကေလးတစ္ေယာက္လို ျပဳစုၿပီး အနားမွာအၿမဲထားကာ ဂ႐ုစိုက္ေနတဲ့သမီးတစ္ေယာက္ျဖစ္ၿပီး တာဝန္ေက်ခဲ့တဲ့

အေမမို႔ေၾကာင့္ မိခင္ႀကီးရဲ႕ေနာက္ဆုံးထြက္သက္ဟာ ေအးခ်မ္းေနခဲ့မွာပါ။ မိခင္ႀကီးဆုံးပါးသြားေၾကာင္းကို ” မို႔ ေၾကကြဲစြာခံစားေနရပါတယ္ မို႔ မိခင္ႀကီး ၊အသက္(၉၉)ႏွစ္ ၃၀-၉-၂၀၂၀ ေန႔လည္ ၁:၀၅ မိနစ္မွာ လူႀကီးေရာဂါျဖင့္ ကြယ္လြန္သြားပါၿပီ။ မို႔ ခံစားေနရသလို

သဲသဲတုန္ေလးေတြလည္း ခံစားေနရမယ္ဆိုတာ ယုံၾကည္ပါတယ္ ၊ ဒါေပမဲ့ မနက္ျဖန္ ဖြားမာမီရဲ႕ ေနာက္ဆုံးခရီးကို လိုက္မပို႔ၾကပါနဲ႔ မို႔ အမ်ားႀကီးနားလည္မႈရွိပါတယ္ Covid ႏွင့္ Lockdown ေၾကာင့္မို႔ပါ။ မို႔ စာအမ်ားႀကီးမေရးႏိူင္တာ ခြင့္လႊတ္ပါ။ ” ဆိုၿပီး သူမရဲ႕ခံစားခ်က္ေတြကို

ဖြင့္ဟလာခဲ့ပါတယ္။ေဝလုေက်ာ္ကလည္း ဝမ္းနည္းေၾကာင္းစာလႊာေလးကို ” ႐ုပ္ရွင္မင္းသားႀကီး အကယ္ဒမီ ဦးျမင့္ေအာင္၏ဇနီး၊ ထပ္ဆင့္အကယ္ဒမီ မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ေဒၚသဇင္ျမင့္ေအာင္၊ ေဒၚေကသီျမင့္ေအာင္တို႔၏ မိခင္ႀကီး ေဒၚသန္းရင္ အသက္ (၉၉)

ႏွစ္သည္ ယေန႔ ေန႔လည္ (၁) နာရီ (၅) မိနစ္အခ်ိန္တြင္ လူႀကီးေရာဂါျဖင့္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သိရသည့္အတြက္ မိသားစုမ်ားႏွင့္အတူ ဝမ္းနည္းေၾကကြဲ ရပါသည္။ မမို႔ရဲ႕မိခင္ႀကီး ေကာင္းရာဘုံဘဝသို႔ ေရာက္ရွိပါေစ။ ” ဆိုၿပီး ေရးသားခဲ့ပါတယ္။ ေကာင္းရာသုဂတိလားပါေစ။

Read in UNICODE

မိခင်ကြီး အသက် (၉၉) နှစ်ရှိ ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မို့မို့မြင့်အောင်က သူမရဲ့လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။ မိခင်ကြီးကို ကလေးတစ်ယောက်လို ပြုစုပြီး အနားမှာအမြဲထားကာ ဂရုစိုက်နေတဲ့သမီးတစ်ယောက်ဖြစ်ပြီး တာဝန်ကျေခဲ့တဲ့

အမေမို့ကြောင့် မိခင်ကြီးရဲ့နောက်ဆုံးထွက်သက်ဟာ အေးချမ်းနေခဲ့မှာပါ။ မိခင်ကြီးဆုံးပါးသွားကြောင်းကို ” မို့ ကြေကွဲစွာခံစားနေရပါတယ် မို့ မိခင်ကြီး ၊အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လည် ၁:၀၅ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ မို့ ခံစားနေရသလို

သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ် Covid နှင့် Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေးနိူင်တာ ခွင့်လွှတ်ပါ။ ” ဆိုပြီး သူမရဲ့ခံစားချက်တွေကို

ဖွင့်ဟလာခဲ့ပါတယ်။ဝေလုကျော်ကလည်း ဝမ်းနည်းကြောင်းစာလွှာလေးကို ” ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးမြင့်အောင်၏ဇနီး၊ ထပ်ဆင့်အကယ်ဒမီ မင်းသမီး မို့မို့မြင့်အောင်၊ ဒေါ်သဇင်မြင့်အောင်၊ ဒေါ်ကေသီမြင့်အောင်တို့၏ မိခင်ကြီး ဒေါ်သန်းရင် အသက် (၉၉)

နှစ်သည် ယနေ့ နေ့လည် (၁) နာရီ (၅) မိနစ်အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည့်အတွက် မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲ ရပါသည်။ မမို့ရဲ့မိခင်ကြီး ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေ။ ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ကောင်းရာသုဂတိလားပါစေ။

Source : Moh Moh Myint Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *