သူတို့နှစ်ယောက်ကြား ရန်ဖြစ်တဲ့အခါ ဖြေရှင်းတဲ့နည်းလမ်းလေး မျှဝေခဲ့တဲ့ ရီရီပွင့်ဖြူနဲ့ မောင်
Read in UNICODE
ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ မောင် ဆိုတဲ့ နာမည်နဲ့ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်ဖြိုးလှိုင်ကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားပြီး ဆရာဝန်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ မောင်ကတော့ ချစ်ရတဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ချစ်သူတွေ ဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါပဲ ။ နှစ်ယောက် အတူ ခရီးတွေ
အတူတူထွက်ပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ ကိုဗစ် Positive ဖြစ်နေတဲ့ စိန်ဖြိုးလှိုင် ကိုကူညီတဲ့အနေနဲ့ ရီရီပွင့်ဖြူက စိန်ဖြိုးလှိုင်ရဲ့ တူလေးတွေနဲ့အတူ Hotel Quarentine ဝင်ပေးနေတာဖြစ်ပါတယ် မောင်နဲ့ ရီရီပွင့်ဖြူတို့ ၂ ဦးရဲ့ ချစ်သူသက်တမ်း ၇ နှစ်အတွင်းမှာ
နှစ်ယောက်သား ပြဿနာ ဖြစ်ကြတဲ့အခါဖြေရှင်းပုံလေးကို အခုလိုပြောလာခဲ့တာဖြစ်ပါတယ် “လူတွေဆိုတာကိုယ့်အတွေးနဲ့ကိုယ်ဖြစ်လာကြတာလေ အဲ့တော့ ချစ်သူသက်တမ်းတစ်လျှောက်မှာ သဘောထားချင်းမတိုက်ဆိုင်တာတွေအများကြီးရှိခဲ့တယ် ဒါပေမယ့်ကျွန်တော်တို့က ရန်မဖြစ်ဘူး ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်တာမျိုးရှိရင် နားလည်ပေးလိုက်တယ် သူလည်းကျွန်တော့်ကို ဘဝင်မကျတဲ့အချက်တွေမှအများကြီးပဲ
သူလည်းကျွန်တော့်ကို ကြိုးစားပြီးနားလည်ပေးလိုက်တယ် နှစ်ယောက်စလုံးက ရည်မှန်းချက်တူတဲ့အခါကျတော့အဲ့ဒီရည်မှန်းချက်ကိုပဲဦးတည်ပြီးသွားနေကြတယ် ဖြစ်မယ်ဆိုရင်တော့အများကြီးပေါ့နော် ဒါပေမယ့် အဲ့ဒါကိုမတွေးဘူး ကိုယ်ဘယ်လိုအဆင်ပြေအောင်နေမလဲဆိုတာကိုပဲစဉ်းစားရတယ် ပြီးရင်ပျော်ပျော်ရွှင်ရွှင်ပဲနေကြတယ် တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေကြတာပဲများတယ်လို့
စိန်ဖြိုးလှိုင်က သူတို့ ၂ ယောက်ရဲ့ အချစ်ရေးအကြောင်းပြောပြလာခဲ့တာပါ ” ရန်ဖြစ်စရာတစ်ခုခုရှိတဲ့အခါကျရင်တော့ ကျွန်တော်တို့ စကားဆက်မပြောတော့ဘူး အဲ့ဒီနားမှာပဲ Break လိုက်တယ် နောက်တနာရီနှစ်နာရီလောက်နေမှ ဖုန်းပြန်ဆက်လိုက်တယ် အဲ့ဒီအကြောင်းကိုဆက်မပြောတော့ဘူး တခြားအကြောင်းအရာကိုပဲ ပြောလိုက်တယ် အဲ့ဒါဆို အဆင်ပြေသွားတာပါပဲ အဓိကက
နှစ်ယောက်စလုံးမှာ ဖောက်ပြန်တဲ့ ပြဿနာမရှိဘူး စိတ်နာစရာတွေမရှိဘူးပေါ့ ဖြစ်တဲ့ပြဿနာက ခံယူချက်ချင်းမတူကြတာတွေပဲရှိတယ် ခံယူချက်ချင်းမတူတဲ့ကိစ္စကျရင်တော့ တစ်ယောက်ကို တစ်ယောက်နားလည်ပေးလိုက်တယ် ” လို့ မောင်နဲ့ရီရီပွင့်ဖြူတို့က ပြောပြလာခဲ့တာပါ ပရိသတ်ကြီးရေ ချစ်သူသက်တမ်း ရှည်ကြာလာပြီဖြစ်တဲ့ မောင်နဲ့ရီရီပွင့်ဖြူတို့ကတော့ သူတို့ ၂ ဦးကြားက ပြဿနာတွေ ဖြေရှင်းပုံလေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ကိုယ့်အမြင်ကိုယ် မျှဝေခဲ့ကြပါအုန်းနော်
Source : SY Myanmar
Add a Comment
Your email address will not be published. Required fields are marked *