ကိုယ္ျဖစ္ကိုယ္ခံမဟုတ္ဘဲ မိသားစုေတြပါထိခိုက္ႏိုင္တာေၾကာင့္ ကိုယ္တိုင္က ေရာဂါမသယ္မိဖို႔လိုတယ္ ဆိုတဲ့ သံသာဝင္း

သံသာဝင္းလို႔ ဆိုလိုက္တာနဲ႔ အေနေအးၿပီး သီခ်င္းေအေအးေကာင္းေကာင္းေလးေတြကို အသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုတတ္တဲ့ ဂီတအႏုပညာရွင္ အဆိုေတာ္တစ္ဦးကို ပရိသတ္ေတြ ျမင္ေယာင္မိမွာပါေနာ္..။ သံသာဝင္းကေတာ့ သူမရဲ႕အႏုပညာအလုပ္ေတြအေၾကာင္း ေျပာျပရင္း Covid ကာလနဲ႔ပတ္သက္ၿပီး အားေပးစကားေလးေတြလည္း ေျပာျပလာပါတယ္ေနာ္..။ Covid ေရာဂါကူးစက္လာရင္ ကိုယ္ျဖစ္ကိုယ္ခံမဟုတ္ဘဲ မိသားစုေတြကိုထိခိုက္ေစတဲ့အတြက္ ကိုယ္ကစၿပီး ေရာဂါသယ္တဲ့လူ

မျဖစ္ဖို႔ိုတဲ့အေၾကာင္းေလးနဲ႔ တစ္ဦးတစ္ေယာက္ခ်င္းစီက စၿပီး က်န္းမာေရးစည္းကမ္းေတြကို လိုက္နာသင့္တဲ့အေၾကာင္း ေျပာျပထားတာပါ..။ “Covid ကာလၾကာရွည္လာတဲ့အခါ ကိုယ့္ရဲ႕မိဘေတြရွိမယ္ မိသားစုဝင္ေတြရွိမယ္ သံသာဆို သမီးငယ္ေလးရွိတယ္ သူတို႔ကို စိတ္ပူတယ္ တကယ္လို႔ ဒီေရာဂါက ျဖစ္ခဲ့ရင္ ကိုယ္ျဖစ္ကိုယ္ခံမဟုတ္ဘူးေလ ကိုယ္ျဖစ္ရင္ ကိုယ္မိသားစု ပတ္ဝန္းက်င္ ခံရတဲ့အခါက်ေတာ့ ကိုယ္ကိုယ္တိုင္ကေတာ့ ဒီေရာဂါကို စၿပီးသယ္ယူလာတဲ့လူ မျဖစ္ဖို႔ေတာ့ အေရးႀကီးတာေပါ့ ကိုယ္ကာကြယ္ႏိုင္သေလာက္

ဂ႐ုစိုက္ႏိုင္သေလာက္ ဂ႐ုစိုက္ေပးရင္ တစ္ေယာက္ခ်င္းစီကေန ဒီလိုဂ႐ုစိုက္ကာကြယ္မယ္ဆိုရင္ ေရာဂါျပန႔္ပြားမႈႏႈန္းက မၾကာခင္ ေလ်ာ့က်သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္ တစ္ဦးခ်င္းစီက စၿပီးေတာ့ စည္းကမ္းလိုက္နာဖို႔ လိုတယ္..” ဆိုၿပီး ပရိသတ္ေတြကို ေဝမွ်ေျပာထားတာ ျဖစ္ပါတယ္..။ “Covid ကာလမွာ စိတ္ဓာတ္က်တာတို႔ တက္တာတို႔ ကိုယ့္ကိုကိုယ္ သံသယလူနာရွိတာတို႔ မျဖစ္ပါဘူး ဒီေရာဂါက ကိုယ့္တစ္ႏိုင္ငံတည္း မဟုတ္ဘဲ တစ္ကမာၻလုံးရင္ဆိုင္ေနရတဲ့အတြက္ ကိုယ္ႀကဳံလာတဲ့အေျခအေနေပၚမွာ

အေကာင္းဆုံးဘယ္လိုရင္ဆိုင္ရမလဲ ဘယ္လိုျပဳျပင္ရမလဲဆိုတဲ့ စိတ္ကိုပဲ စဥ္းစားရမွာေပါ့ေလ ေလာကႀကီးက အဆိုးေတြႀကီးပဲမဟုတ္သလို အေကာင္းေတြႀကီးပဲလည္း မဟုတ္ပါဘူး အတက္အက်ရွိပါတယ္ အဆိုးၿပီးရင္ အေကာင္းလာမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ပဲ ေနပါတယ္..” ဆိုၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္ေနာ္..။ ကဲ.. ပရိသတ္ေတြအတြက္ က်န္းမာေရးနဲ႔ပတ္သက္ၿပီး သတိေပးစကားေလးဆိုရင္း စည္းကမ္းလိုက္နာသင့္တဲ့အေၾကာင္းေလး ေျပာျပထားတဲ့ သံသာဝင္းရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္လိုက္ပါတယ္ေနာ္..။

Read in UNICODE

သံသာဝင်းလို့ ဆိုလိုက်တာနဲ့ အနေအေးပြီး သီချင်းအေအေးကောင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ ဂီတအနုပညာရှင် အဆိုတော်တစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။ သံသာဝင်းကတော့ သူမရဲ့အနုပညာအလုပ်တွေအကြောင်း ပြောပြရင်း Covid ကာလနဲ့ပတ်သက်ပြီး အားပေးစကားလေးတွေလည်း ပြောပြလာပါတယ်နော်..။ Covid ရောဂါကူးစက်လာရင် ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘဲ မိသားစုတွေကိုထိခိုက်စေတဲ့အတွက် ကိုယ်ကစပြီး ရောဂါသယ်တဲ့လူ

မဖြစ်ဖို့ိုတဲ့အကြောင်းလေးနဲ့ တစ်ဦးတစ်ယောက်ချင်းစီက စပြီး ကျန်းမာရေးစည်းကမ်းတွေကို လိုက်နာသင့်တဲ့အကြောင်း ပြောပြထားတာပါ..။ “Covid ကာလကြာရှည်လာတဲ့အခါ ကိုယ့်ရဲ့မိဘတွေရှိမယ် မိသားစုဝင်တွေရှိမယ် သံသာဆို သမီးငယ်လေးရှိတယ် သူတို့ကို စိတ်ပူတယ် တကယ်လို့ ဒီရောဂါက ဖြစ်ခဲ့ရင် ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘူးလေ ကိုယ်ဖြစ်ရင် ကိုယ်မိသားစု ပတ်ဝန်းကျင် ခံရတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်ကတော့ ဒီရောဂါကို စပြီးသယ်ယူလာတဲ့လူ မဖြစ်ဖို့တော့ အရေးကြီးတာပေါ့ ကိုယ်ကာကွယ်နိုင်သလောက်

ဂရုစိုက်နိုင်သလောက် ဂရုစိုက်ပေးရင် တစ်ယောက်ချင်းစီကနေ ဒီလိုဂရုစိုက်ကာကွယ်မယ်ဆိုရင် ရောဂါပြန့်ပွားမှုနှုန်းက မကြာခင် လျော့ကျသွားမယ်လို့ မျှော်လင့်ပါတယ် တစ်ဦးချင်းစီက စပြီးတော့ စည်းကမ်းလိုက်နာဖို့ လိုတယ်..” ဆိုပြီး ပရိသတ်တွေကို ဝေမျှပြောထားတာ ဖြစ်ပါတယ်..။ “Covid ကာလမှာ စိတ်ဓာတ်ကျတာတို့ တက်တာတို့ ကိုယ့်ကိုကိုယ် သံသယလူနာရှိတာတို့ မဖြစ်ပါဘူး ဒီရောဂါက ကိုယ့်တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့အတွက် ကိုယ်ကြုံလာတဲ့အခြေအနေပေါ်မှာ

အကောင်းဆုံးဘယ်လိုရင်ဆိုင်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ စိတ်ကိုပဲ စဉ်းစားရမှာပေါ့လေ လောကကြီးက အဆိုးတွေကြီးပဲမဟုတ်သလို အကောင်းတွေကြီးပဲလည်း မဟုတ်ပါဘူး အတက်အကျရှိပါတယ် အဆိုးပြီးရင် အကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ နေပါတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။ ကဲ.. ပရိသတ်တွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပေးစကားလေးဆိုရင်း စည်းကမ်းလိုက်နာသင့်တဲ့အကြောင်းလေး ပြောပြထားတဲ့ သံသာဝင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်လိုက်ပါတယ်နော်..။

Source : Than Thar Win’s Facebook

Add a Comment

Your email address will not be published. Required fields are marked *