ယနေ့ကွယ်လွန်သွားတဲ့ မို့မို့မြင့်အောင်ရဲ့ အမေဖြစ်သူအတွက် ကိုယ်တိုင်တာဝန်မကျေသလို ခံစားရတယ်ဆိုတဲ့ ရန်အောင်
Read in UNICODE
မို့မို့မြင့်အောင်နဲ့ ရန်အောင် ဆိုတာ အနုပညာလောကမှာ အတွဲညီကြတဲ့ အနုပညာရှင်မောင်နှမတွေပဲ ဖြစ်ပါတယ်။ ရန်အောင်နဲ့ မို့မို့မြင်အောင်က ပြက္ခဒိန်ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတူတူသရုပ်ဆောင်ခဲ့ကြပြီး အကယ်ဒမီဆုတွေများစွာကိုလည်း သိမ်းပိုင်ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးက ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာဖြစ်ပြီး
ရန်အောင်ကလည်း မို့မို့မြင့်အောင်အတွက် အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေးပြောလာပါတယ်။ “ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး ယနေ့ နေ့လည်၁နာရီ၅မိနစ်မှာ လူကြီးရောဂါနှင့် ဆုံးပါးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ ကျွန်တော့်ကို ချစ်တဲ့ ကျွန်တော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ,မျက်နှာလေးကိုမကြည့်လိုက်ရလို့ ပိုပြီး
ခံစားကြေကွဲရပါတယ်မာမီရေ။ ကျွန်တော့်အိမ်နဲ့နီးပါတယ် လမ်းထိပ်တင်၊ ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကြေသလိုခံစားရပြန်တယ်။ အသက်၉၉နှစ် ရှိပြီဖြစ်တဲ့မာမီရေ ဒီ၉၉နှစ်လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီး ကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခချမ်းသာပြည့်စုံရရှိပါစေခင်ဗျာ..” ဆိုပြီး ဝမ်းနည်းစကားပြောထားပါတယ်။ ရန်အောင်ကတော့
သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် မို့မို့မြင့်အောင်အတွက် ဝမ်းနည်းနေရှာတာပဲ ဖြစ်ပါတယ်။ မို့မို့မြင့်အောင်ရဲ့ မေမေလည်း ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ညှိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Yan Aung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *