လမ်းမှာတွေ့တဲ့ အခြေခံလူတန်းစားတွေကို ဆီနဲ့ ဆန်တွေ လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်
Read in UNICODE
ဟာသသရုပ်ဆောင်ဒိန်းဒေါင်တစ်ယောက် ဒီတစ်ခေါက်မှာလည်း အကျပ်အတည်းကာလတွေထဲမှာ ခက်ခဲနေသူတွေအတွက် တတ်နိုင်သလောက်အားနဲ့ ကူညီပေးခဲ့ပါတယ်။ ငွေအားရော လူအားပါစိုက်ထုတ်ပြီး ကူညီတတ်တဲ့ ပရဟိတစိတ်လေးကတော့ တကယ့်ကို
လေးစားစရာပါပဲ။ အလှူရှင်တွေကိုယ်စား လိုက်လှူပေးတတ်ပြီး ကာယအားနဲ့ ဒါနပြုတတ်သူတစ်ယောက်ပါ။ ဘဝတူလူရွှင်တော်တွေကိုလည်း ဖေးမကူညီတတ်ပြီး လူရွှင်တော်တွေအတွက် အလှူငွေရအောင်လည်း စွမ်းစွမ်းတမံကူညီပေးတတ်တဲ့ ပရဟိတ
လူရွှင်တော် တစ်ယောက်ပါ။ ဒီနေ့မှာလည်း ချို့တဲ့သူတွေအတွက် တတ်နိုင်သလောက်လိုက်လှူပေးခဲ့တဲ့ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အားလုံးရဲ့စုပေါင်းအလှူလေးကို ” လိုအပ်နေသူများကိုCOOK Myanmar
နေကြာဆီမှလှူတယ် (ချွန်တွန်း) ပရဟိတအဖွဲ့မှ ကူတယ်အဆင်မပြေသူတွေကယူတယ် အမျှ အမျှ အမျှ ပါခင်ဗျာ ” ဆိုပြီး ဝေမျှလာခဲ့ပါတယ်။ နောက်ထပ်လည်း ဒီထက်မကသော အလှူတွေ အများကြီးထပ်လှူနိုင်ပါစေ ကိုချွန်တွန်းရေ။
Source : Dain Daung’s Facebook