နႏၵာလႈိင္ရဲ႕စကားတစ္ခြန္းေၾကာင့္ ရည္းစားမျဖစ္ခင္က မင္းသားမျဖစ္ခဲ့ရတာဆိုတဲ့ ဦးေဇသီဟ

ခင္ပြန္းေကာင္းကို ပိုင္ဆိုင္ထားတာေၾကာင့္ နႏၵာလႈိင္ကေတာ့ သာယာလွပတဲ့ မိသားစုဘဝေလးကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။နႏၵာလႈိင္က သမီးသုံးေယာက္ကို ေမြးဖြားထားတဲ့မိခင္တစ္ေယာက္ျဖစ္ေပမယ့္ နည္းနည္းေလးမွအလွမပ်က္သြားဘဲ က်က္‌သေရရွိစြာလွပေနဆဲျဖစ္ပါတယ္ေနာ္။နႏၵာလႈိင္က အခုခ်ိန္မွာဆိုရင္ အႏုပညာအလုပ္ေတြနဲ႔အလွမ္းေဝးကြာေနၿပီး မိသားစုကိုသာ

အခ်ိန္အျပည့္ေပးေနတာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အႏုပညာအလုပ္ေတြမလုပ္ေတာ့တဲ့ နႏၵာလႈိင္ကို အရင္အတိုင္း အားေပးခ်စ္ခင္ေနၾကဆဲျဖစ္ပါတယ္။နႏၵာလႈိင္ကို ဦးေဇသီဟက အရမ္းခ်စ္ၿပီး ယေန႔အခ်ိန္ထိတိုင္ ၾကင္နာယုေပးေနတာျဖစ္ပါတယ္ေနာ္။ဦးေဇသီဟကေတာ့ ခ်စ္ဇနီးနဲ႔အမွတ္တရေလးေတြကို

ပရိသတ္ေတြအတြက္ မွ်ေဝေနက်ျဖစ္လို႔ အခုဆိုရင္လည္း မင္းသားမျဖစ္ခဲ့တဲ့အေၾကာင္းေလးကို ေအာက္ပါအတိုင္းေရးသားထားတာျဖစ္ပါတယ္။ ဦးေဇသီဟက”မင္းသားမျဖစ္ခဲ့ေသာ ကြၽန္ေတာ္ “မမင္းျဖဴ မွန္မွန္ေျပာ”႐ိုက္တဲ့ အခ်ိန္မွာ မင္းဟိဏ္းကို အစက မေ႐ြးထားဘူး။ မင္းသမီးက

နႏၵာလႈိင္ ျဖစ္ေနေတာ့ စိတ္က ထိန္းလို႔မရေတာ့။ ပြင့္ထြက္လာတယ္။ ရည္းစားလည္း မျဖစ္ေသး။ ခင္လည္း မခင္ေသးတဲ့အခ်ိန္ေပါ့။ ကြၽန္ေတာ္ မင္းဟိဏ္းေနရာ ဝင္လုပ္မယ္လို႔ စဥ္းစားလိုက္တယ္။ကိုယ္တိုင္ကလည္း ပ႐ိုဂ်ဴဆာ တြဲဖက္ဒါ႐ိုက္တာ ဆိုေတာ့ က်န္တဲ့သူေတြက မျငင္းၾကဘူး။ ကိုေက်ာ္သူကလည္း ေအးေဆး။ ဒါေပမယ့္ နႏၵာ ရဲ႕ တစ္ခြန္းတည္းေသာ

စကားေၾကာင့္ အဲ့ဒီကားမွာ မပါေတာ့ဘဲ ခပ္ၿငိမ္ၿငိမ္ ခပ္လွမ္းလွမ္းကပဲ ေနလိုက္ရေတာ့တယ္။”ကိုေဇ မင္းသားဝင္လုပ္မယ္ဆိုရင္ သူမ႐ိုက္ဘူးတဲ့။”ဒုတိယအႀကိမ္ ေနာက္ထပ္႐ုပ္ရွင္ ကားႀကီး (နႏၵာ ပါတဲ့ကားမွာ) ႀကိဳးစားေသးတယ္။ ( ကိုယ့္ဖာသာ ကိုယ္ေဆးထိုးျခင္း)”ဆိုၿပီး အမွတ္တရေလးကို ေရးသားမွ်ေဝလာတာျဖစ္ပါတယ္ေနာ္။

Read in UNICODE

ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် နန္ဒာလှိုင်ကတော့ သာယာလှပတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နန္ဒာလှိုင်က သမီးသုံးယောက်ကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့် နည်းနည်းလေးမှအလှမပျက်သွားဘဲ ကျက်‌သရေရှိစွာလှပနေဆဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်က အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး မိသားစုကိုသာ

အချိန်အပြည့်ပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အနုပညာအလုပ်တွေမလုပ်တော့တဲ့ နန္ဒာလှိုင်ကို အရင်အတိုင်း အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။နန္ဒာလှိုင်ကို ဦးဇေသီဟက အရမ်းချစ်ပြီး ယနေ့အချိန်ထိတိုင် ကြင်နာယုပေးနေတာဖြစ်ပါတယ်နော်။ဦးဇေသီဟကတော့ ချစ်ဇနီးနဲ့အမှတ်တရလေးတွေကို

ပရိသတ်တွေအတွက် မျှဝေနေကျဖြစ်လို့ အခုဆိုရင်လည်း မင်းသားမဖြစ်ခဲ့တဲ့အကြောင်းလေးကို အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။ ဦးဇေသီဟက”မင်းသားမဖြစ်ခဲ့သော ကျွန်တော် “မမင်းဖြူ မှန်မှန်ပြော”ရိုက်တဲ့ အချိန်မှာ မင်းဟိဏ်းကို အစက မရွေးထားဘူး။ မင်းသမီးက

နန္ဒာလှိုင် ဖြစ်နေတော့ စိတ်က ထိန်းလို့မရတော့။ ပွင့်ထွက်လာတယ်။ ရည်းစားလည်း မဖြစ်သေး။ ခင်လည်း မခင်သေးတဲ့အချိန်ပေါ့။ ကျွန်တော် မင်းဟိဏ်းနေရာ ဝင်လုပ်မယ်လို့ စဉ်းစားလိုက်တယ်။ကိုယ်တိုင်ကလည်း ပရိုဂျူဆာ တွဲဖက်ဒါရိုက်တာ ဆိုတော့ ကျန်တဲ့သူတွေက မငြင်းကြဘူး။ ကိုကျော်သူကလည်း အေးဆေး။ ဒါပေမယ့် နန္ဒာ ရဲ့ တစ်ခွန်းတည်းသော

စကားကြောင့် အဲ့ဒီကားမှာ မပါတော့ဘဲ ခပ်ငြိမ်ငြိမ် ခပ်လှမ်းလှမ်းကပဲ နေလိုက်ရတော့တယ်။”ကိုဇေ မင်းသားဝင်လုပ်မယ်ဆိုရင် သူမရိုက်ဘူးတဲ့။”ဒုတိယအကြိမ် နောက်ထပ်ရုပ်ရှင် ကားကြီး (နန္ဒာ ပါတဲ့ကားမှာ) ကြိုးစားသေးတယ်။ ( ကိုယ့်ဖာသာ ကိုယ်ဆေးထိုးခြင်း)”ဆိုပြီး အမှတ်တရလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Source : Zay Thiha’s Facebook

Add a Comment

Your email address will not be published. Required fields are marked *