အတွင်းရေးတွေ ဖွင့်ချပြီးနောက်ပိုင်းမှာ ဝေဖန်ပြောဆို တိုက်ခိုက်မှုတွေခံနေရကြောင်း ရင်ဖွင့်ခဲ့တဲ့ ဇာဇာထက်
Read in UNICODE
မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ကတော့ ပုရိသအမျိုးသားတွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇာဇာထက်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဆိုတော် နေလင်းကျော်နဲ့ လက်ထပ်ထားကြောင်း တရားဝင်ချပြထားခဲ့ပြီး သူမအပေါ် အထင်အမြင်လွဲမှားမှုတွေကို
ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဇာဇာထက်က သူမရဲ့အတွင်းရေးကို ဖွင့်ချပြီးတဲ့နောက်ပိုင်း အကောင့်တုတွေမျိုးစုံနဲ့ တိုက်ခိုက်ဆဲဆိုမှုတွေရှိကြောင်း ပြောလာပါတယ်။ “ကိုဗစ်second wave ကြောင့် လူကဘယ်မှမသွားရ။ မလာရ။ အလုပ်တချို့နားထားရလို့
စိတ်တွေဘူနေတဲ့ကြားထဲ တင်သမျှပို့စ်တွေကို အကောင့်တုမျိုးစုံတိုက်ခိုက်လိုက်ကြတာ။ ဝင်ဆဲလိုက်ကြတာ။ မဆီမဆိုင် ကိုယ့်ဘက်က ဝင်မန့်ပေးတဲ့သူတွေကိုလည်းဝင်ဆဲတယ် 😔 မမြင်ချင်ယောင်ဆောင်နေလဲ မန့်ရှင်းခေါ်ဆဲတဲ့အထိအောက်တန်းကျကျတယ် 😔 ကျွန်မကို
ဒေါသမထွက်ထွက်အောင်ဆွကြ ဆဲကြတယ် 😔 ကိုယ့်အတွင်းရေး ကိုယ့်ဘာသာဘယ်လိုဖြေရှင်းဖြေရှင်းပေါ့ရှင်။ ကိုယ့်ဘာသာကိုယ်ပဲ ကိုဗစ်မကူးစက်အောင်သတိထားနေထိုင်ပါရှင် 😷 ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။ ဇာဇာထက်ကတော့
သူမရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး သူမကိုယ်တိုင်သာ အသိဆုံးဖြစ်တာမို့ တိုက်ခိုက်ဝေဖန်နေသူတွေကို ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Zar Zar Htet’s Facebook
Add a Comment
Your email address will not be published. Required fields are marked *