အနုပညာအလုပ်တွေအပြင် ဖက်ရှင်ဒီဇိုင်းတွေနဲ့ပတ်သတ်တာတွေပါ လေ့လာနေတယ်ဆိုတဲ့ မေတိုးခိုင်






Read in UNICODE

ပရိသတ်တွေ အူဝဲရဲ့ ကိုယ်ပွားလေးဆိုပြီး သည်းသည်းလှုပ် ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်း ကောင်းတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားပြီး ကြော်ငြာတွေလည်း

ရိုက်ကူးနေရသူလေးပါပဲနော်..။ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်နေတဲ့ သူမကတော့ ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး သူမရဲ့ပထမဆုံး အနုပညာခြေလှမ်းတွေအကြောင်းကိုလည်း ပြောပြလာပါတယ်နော်..။ လတ်တလောမှာ သရုပ်ဆောင်ပိုင်းက အရှိန်လေးရနေတဲ့အချိန်မို့

သရုပ်ဆောင်ပိုင်းကို အားစိုက်ပြုလုပ်နေပြီး ပရိသတ်တွေအတွက် ချပြချင်တာလေးတွေ ရှိတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။ “ဖက်ရှင်ဒီဇိုင်းက ဖူးရဲ့နောက်ဝါသနာပါတဲ့အရာတစ်ခုပေါ့နော် အဲ့ဒါလည်း အရမ်းလုပ်ချင်တယ် ဒါပေမယ့် ဒီအချိန်မှာ

အနုပညာအလုပ်က အရှိန်လေးရနေတုန်း အနုပညာအလုပ်ကို လုပ်ချင်တာပေါ့နော် ရိုက်ချင်တဲ့ကားတွေရှိသေးတယ် ပြချင်တဲ့အရာလေးတွေလည်း ရှိသေးတယ် ဖက်ရှင်ကတော့ အမြဲတမ်းနီးပါးထိတွေ့နေတဲ့ အရာတစ်ခုပေါ့ အခုဆိုရင်လည်း ယူကျူ့ချယ်နယ်တစ်ခုဖွင့်ထားတယ် အဲ့မှာ ဖူးဝတ်တဲ့ပုံလေးတွေ ဟိုဟိုဒီဒီလေးတွေ

တင်ဖို့ရှိတယ် ဒါက ဖက်ရှင်ဘက်ကို ပထမဆုံးစမယ့် ဖူးရဲ့ခြေလှမ်းပေါ့နော် နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ အများကြီးလုပ်သွားဖို့ ရှိပါတယ်..” ဆိုပြီး ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြထားတာပါ..။ ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော်လေး မေတိုးခိုင်ရဲ့ သူမရဲ့ဝါသနာနဲ့ အနုပညာအလုပ်တွေအကြောင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : May T Khine’s Facebook & Myanmarload

Add a Comment

Your email address will not be published. Required fields are marked *