အခ်စ္ဆံုးသူငယ္ခ်င္း ေျပတီဦးက ေမြးေန႔ရွင္ဆီက လက္ေဆာင္ျပန္ေတာင္းတတ္ေၾကာင္း ေျပာျပခဲ့တဲ့ ညိဳမင္းလြင္

ေျပတီဦးကေတာ့ ျမန္မာ့႐ုပ္ျမင္သံၾကားမွာ မထင္မရွားသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ရာမွ အခုဆိုရင္ အကယ္ဒမီ (၄) ဆုရွင္ ႏိုင္ငံေက်ာ္ ထိပ္ထိပ္ႀကဲမင္းသားတစ္လက္ျဖစ္လို႔ ေနၿပီပဲ ျဖစ္ပါတယ္။ နာမည္ႀကီးမင္းသားတစ္ေယာက္ျဖစ္ေပမယ့္ ဟန္ေဆာင္မႈေတြမရွိပဲ လြတ္လပ္ေပါ့ပါးစြာေနတတ္တဲ့ ေျပတီဦးကေတာ့

သူခ်စ္ခင္တဲ့ သူငယ္ခ်င္းေတြအျပင္ သူ႔ရဲ႕ဇနီး အိျႏၵာေက်ာ္ဇင္ကိုပါ စစေနာက္ေနာက္ ေျပာဆိုေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ မေန့က စက္တင္ဘာလ (၂၈) ရက္ေန႔ကေတာ့ ေျပတီဦးရဲ႕ သူငယ္ခ်င္း ဒါ႐ိုက္တာ သ႐ုပ္ေဆာင္ ညိဳမင္းလြင္ရဲ႕ ေမြးေန႔ပဲ ျဖစ္ပါတယ္။ ညိဳမင္းလြင္က

သူ႔ရဲ႕ေမြးေန႔အမွတ္တရအျဖစ္ ခင္မင္ရင္းႏွီးသူေတြကို ထီလက္မွတ္ လက္ေဆာင္ေပးခဲ့သလို ေျပတီဦးကလည္း သူ႔အတြက္ လက္ေဆာင္ေတာင္းခဲ့ေၾကာင္း ညိဳမင္းလြင္က “ေျပတီဦးက သူ႔လည္းေပးပါဆိုလို႔ အမ်ားသိေအာင္ tag ၿပီးေပးလိုက္ပါတယ္၊ နံပါတ္ေလးေသခ်ာမွတ္ထားပါ သူငယ္ခ်င္း” ဆိုျပီး လူသိရွင္ၾကားေျပာျပီး လက္ေဆာင္ေပးခဲ့ပါတယ္။ ေျပတီဦးကေတာ့ သူ့ရဲ့

သူငယ္ခ်င္းဆီက လက္ေဆာင္ကို မရရေအာင္ ေတာင္းခဲ့ျပီး စေနာက္က်ီစယ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေျပတီဦးနဲ့ ညိဳမင္းလြင္တို့ရဲ့ သူငယ္ခ်င္းသံေယာဇဥ္ကိုၾကည့္ျပီး သေဘာက်ေနမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ပြေတီဦးကတော့ မြန်မာ့ရုပ်မြင်သံကြားမှာ မထင်မရှားသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ရာမှ အခုဆိုရင် အကယ်ဒမီ (၄) ဆုရှင် နိုင်ငံကျော် ထိပ်ထိပ်ကြဲမင်းသားတစ်လက်ဖြစ်လို့ နေပြီပဲ ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပေမယ့် ဟန်ဆောင်မှုတွေမရှိပဲ လွတ်လပ်ပေါ့ပါးစွာနေတတ်တဲ့ ပြေတီဦးကတော့

သူချစ်ခင်တဲ့ သူငယ်ချင်းတွေအပြင် သူ့ရဲ့ဇနီး အိန္ဒြာကျော်ဇင်ကိုပါ စစနောက်နောက် ပြောဆိုလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၂၈) ရက်နေ့ကတော့ ပြေတီဦးရဲ့ သူငယ်ချင်း ဒါရိုက်တာ သရုပ်ဆောင် ညိုမင်းလွင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ညိုမင်းလွင်က

သူ့ရဲ့မွေးနေ့အမှတ်တရအဖြစ် ခင်မင်ရင်းနှီးသူတွေကို ထီလက်မှတ် လက်ဆောင်ပေးခဲ့သလို ပြေတီဦးကလည်း သူ့အတွက် လက်ဆောင်တောင်းခဲ့ကြောင်း ညိုမင်းလွင်က “ပြေတီဦးက သူ့လည်းပေးပါဆိုလို့ အများသိအောင် tag ပြီးပေးလိုက်ပါတယ်၊ နံပါတ်လေးသေချာမှတ်ထားပါ သူငယ်ချင်း” ဆိုပြီး လူသိရှင်ကြားပြောပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ပြေတီဦးကတော့ သူ့ရဲ့

သူငယ်ချင်းဆီက လက်ဆောင်ကို မရရအောင် တောင်းခဲ့ပြီး စနောက်ကျီစယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ ညိုမင်းလွင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကိုကြည့်ပြီး သဘောကျနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Nyo Min Lwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *