စုထားတဲ့ ပိုက္ဆံေတြလဲ ကိုဗစ္ကာလမွာ ကုန္ၿပီလို႔ ေျပာျပခဲ့တဲ့ လူရႊင္ေတာ္ ကံပြင့္

ကံပြင့္ကေတာ့ အႏုပညာေလာကမွာ လူ႐ႊင္ေတာ္ အေနနဲ႔ေရာ၊ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ပါ ရပ္တည္လွ်က္ရွိပါတယ္။ သူ႔ အေနနဲ႔ ကိုဗစ္ ေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားလိုက္ရတဲ့ အခ်ိန္မွာ မိသားစု စားဝတ္ေနေရးအတြက္ ဆန္ေရာင္းေနရၿပီလို႔ ေျပာျပလာပါတယ္။ “ အႏုပညာသမားဆိုေတာ့ အရင္တုန္းက ႐ိုက္ကူးေရးေတြ လုပ္တယ္၊ ေဖ်ာ္ေျဖေရးေတြ ကတယ္၊ ကိုဗစ္ ေၾကာင့္ (၇) လေလာက္ရွိၿပီ ဘာမွ မလုပ္ျဖစ္ဘူးေလ။ ကိုဗစ္ ကာလေလးေတြ ရွည္လာေတာ့ ကိုယ္လည္း ရွိတာေလးေတြ

ထုတ္သုံးရတဲ့ အခ်ိန္မွာ အိမ္က မေဟသီကလည္း မတတ္ႏိုင္ေတာ့ဘူး။ အဲဒီအတြက္ ဆန္ေရာင္းတယ္၊ ပထမ ကိုဗစ္ မၿပီးေသးခင္မွာပဲ ဆန္ေရာင္းျဖစ္တယ္” လို႔ ဆိုပါတယ္။ ကံပြင့္ဟာ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ အႏုပညာေၾကးရတာ နည္းတယ္လို႔ သိရပါတယ္။ ဇာတ္ကား႐ိုက္ကူးေရးေတြ အဆက္မျပတ္႐ိုက္ေနရရင္ေတာ့ ေငြေၾကး စုမိတာမ်ိဳးေတြ ရွိတယ္လို႔လည္း သူက ဆိုပါတယ္။ “ ဦးကံပြင့္တို႔က ဇာတ္ပို႔ ဇာတ္ရံေတြဆိုေပမယ့္၊ ေနာက္ထပ္

ေဖ်ာ္ေျဖေရးေတြ လုပ္ေနရတဲ့ အခ်ိန္တုန္းကေတာ့ မိသားစု စားဝတ္ေနေရးအျပင္ မခ်မ္းသာေသာ္လည္း ဝမ္းစာ စိုစိုေျပေျပ ျဖစ္ဖို႔လိုအပ္တယ္။ မက်န္းမာတဲ့ အခ်ိန္မွာ သုံးလို႔ရေအာင္ ေဆးဖိုးဝါးခ၊ လႉဖို႔ တန္းဖို႔ေလာက္ေတာ့ စုလို႔ ရႏိုင္ေလာက္တဲ့ အေျခအေန ျဖစ္ခဲ့ပါတယ္။အခုလို ကပ္ဆိုးႀကီးနဲ႔ ႀကဳံေတာ့ စုထားတာေလးေတြလည္း ကုန္တာပါပဲ” လို႔ ဆက္လက္ေျပာျပလာပါတယ္။ လူ႐ႊင္ေတာ္ ကံပြင့္ဟာ

လက္ရွိမွာေတာ့ သဘင္အစည္းအ႐ုံးမွာ EC အဖြဲ႕ဝင္ တစ္ေယာက္အျဖစ္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဟာသသ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ဇာတ္ကားေတြလည္း ႐ိုက္ကူးထားသူ တစ္ေယာက္ပါ။ ဟာသၿပိဳင္ပြဲေတြမွာလည္း အကဲျဖတ္ ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။

Reda in UNICODE

ကံပွင့်ကတော့ အနုပညာလောကမှာ လူရွှင်တော် အနေနဲ့ရော၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ရပ်တည်လျှက်ရှိပါတယ်။ သူ့ အနေနဲ့ ကိုဗစ် ကြောင့် အနုပညာအလုပ်တွေ ရပ်နားလိုက်ရတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ဆန်ရောင်းနေရပြီလို့ ပြောပြလာပါတယ်။ “ အနုပညာသမားဆိုတော့ အရင်တုန်းက ရိုက်ကူးရေးတွေ လုပ်တယ်၊ ဖျော်ဖြေရေးတွေ ကတယ်၊ ကိုဗစ် ကြောင့် (၇) လလောက်ရှိပြီ ဘာမှ မလုပ်ဖြစ်ဘူးလေ။ ကိုဗစ် ကာလလေးတွေ ရှည်လာတော့ ကိုယ်လည်း ရှိတာလေးတွေ

ထုတ်သုံးရတဲ့ အချိန်မှာ အိမ်က မဟေသီကလည်း မတတ်နိုင်တော့ဘူး။ အဲဒီအတွက် ဆန်ရောင်းတယ်၊ ပထမ ကိုဗစ် မပြီးသေးခင်မှာပဲ ဆန်ရောင်းဖြစ်တယ်” လို့ ဆိုပါတယ်။ ကံပွင့်ဟာ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာကြေးရတာ နည်းတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေ အဆက်မပြတ်ရိုက်နေရရင်တော့ ငွေကြေး စုမိတာမျိုးတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။ “ ဦးကံပွင့်တို့က ဇာတ်ပို့ ဇာတ်ရံတွေဆိုပေမယ့်၊ နောက်ထပ်

ဖျော်ဖြေရေးတွေ လုပ်နေရတဲ့ အချိန်တုန်းကတော့ မိသားစု စားဝတ်နေရေးအပြင် မချမ်းသာသော်လည်း ဝမ်းစာ စိုစိုပြေပြေ ဖြစ်ဖို့လိုအပ်တယ်။ မကျန်းမာတဲ့ အချိန်မှာ သုံးလို့ရအောင် ဆေးဖိုးဝါးခ၊ လှူဖို့ တန်းဖို့လောက်တော့ စုလို့ ရနိုင်လောက်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။အခုလို ကပ်ဆိုးကြီးနဲ့ ကြုံတော့ စုထားတာလေးတွေလည်း ကုန်တာပါပဲ” လို့ ဆက်လက်ပြောပြလာပါတယ်။ လူရွှင်တော် ကံပွင့်ဟာ

လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *