ပရိသတ္တစ္ဦးက သူမ႐ိုက္ခဲ့တဲ့ ေၾကာ္ျငာ(၁၄၀၀)ေက်ာ္ကို စာ႐င္းေသခ်ာမွတ္ထားတာေၾကာင့္ အံၾသေနရတဲ့ ထက္ထက္မိုးဦး
|လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္း ထက္ထက္မိုးဦးဆိုတာ ေၾကာ္ျငာဘုရင္မေလးအျဖစ္ရပ္တည္ခဲ့ၿပီး အခုခ်ိန္ထိလည္း ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းတရားကို အျပည့္အဝပိုင္ဆိုင္ထားႏိုင္ဆဲပါပဲ။ က်န္းမာေရးအေျခအေနေၾကာင့္ ကိုယ္အေလးခ်ိန္ျမင့္တက္ခဲ့ေပမယ့္ ထက္ထက္ရဲ႕

ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးကေတာ့ အရင္ကအတိုင္းပါပဲ။ ငယ္ငယ္တုန္းက ပိန္ပိန္ပါးပါးေလးနဲ႔လွသလို အသက္ရလာေတာ့လည္း ထည္ထည္ခန႔္ခန႔္နဲ႔ က်က္သေရရွိေနသူပါ။ေ႐ႊဆိုင္ေတြကိုလည္း Online ကေန Live လႊင့္ကာေရာင္းခ်ေပးတတ္ၿပီး သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြက ထက္ထက္ေၾကာ္ျငာတာမို႔



အားေပးၾကတာမနည္းမေနာပါပဲ။ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက ယေန႔ထက္တိုင္ပရိသတ္ေတြရဲ႕အသည္းကို ကိုင္လႈပ္ႏိုင္စြမ္းရွိေနဆဲပါပဲ။ ငယ္စဥ္ကတည္းကေန ဒီေန႔ထိ႐ိုက္ကူးခဲ့ဖူးတဲ့ေၾကာ္ျငာေတြ အမ်ားႀကီးကို ခ်စ္ရတဲ့ပရိသတ္တစ္ေယာက္ က စာအုပ္နဲ႔ေသခ်ာေရးမွတ္ၿပီး



ထက္ထက္ကို ပို႔ေပးခဲ့ပါတယ္။ ဒီလိုၾကည္ႏူးစရာအေၾကာင္းေလးကို ” ထက္ ႐ိုက္ဖူးတဲ့ေၾကာ္ျငာေတြ ၁၀၀၀ ေက်ာ္ရွိပါတယ္။ ထက္ပရိတ္သတ္တစ္ေယာက္ကေတာ့ ၁၄၀၀ ေက်ာ္ရွိပါတယ္လို႔ေျပာတာ အမွန္တိုင္းဝန္ခံရရင္ ထက္ကိုယ္တိုင္ေတာင္ အတိအက်မမွတ္မိေတာ့ပါ။ ထက္ရဲ႕ေၾကာ္ျငာေတြ

သိမ္းထားတာမ်ား ရွိၿပီး ထက္ကိုကူးေပးလို႔အဆင္ေျပမယ္ဆိုလိုခ်င္ပါတယ္။ ထက္နဲ႔အလုပ္လုပ္အတူတူလုပ္ဖူးတဲ့ Brand မ်ားလည္း ပို႔ေပးလို႔ရပါတယ္ရွင့္။ ပုံေတြက တကၠသိုလ္မွာဆရာမျဖစ္ေနၿပီဆိုတဲ့ ထက္ပရိတ္သတ္ ပို႔ေပးထားတာ ” ဆိုၿပီး သူမက လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။
Read in UNICODE
လွန်ခဲ့တဲ့နှစ်များစွာကတည်း ထက်ထက်မိုးဦးဆိုတာ ကြော်ငြာဘုရင်မလေးအဖြစ်ရပ်တည်ခဲ့ပြီး အခုချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းတရားကို အပြည့်အဝပိုင်ဆိုင်ထားနိုင်ဆဲပါပဲ။ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပေမယ့် ထက်ထက်ရဲ့

ချစ်စရာကောင်းတဲ့မျက်နှာလေးကတော့ အရင်ကအတိုင်းပါပဲ။ ငယ်ငယ်တုန်းက ပိန်ပိန်ပါးပါးလေးနဲ့လှသလို အသက်ရလာတော့လည်း ထည်ထည်ခန့်ခန့်နဲ့ ကျက်သရေရှိနေသူပါ။ရွှေဆိုင်တွေကိုလည်း Online ကနေ Live လွှင့်ကာရောင်းချပေးတတ်ပြီး သူမကိုချစ်ကြတဲ့ ပရိသတ်တွေက ထက်ထက်ကြော်ငြာတာမို့



အားပေးကြတာမနည်းမနောပါပဲ။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ယနေ့ထက်တိုင်ပရိသတ်တွေရဲ့အသည်းကို ကိုင်လှုပ်နိုင်စွမ်းရှိနေဆဲပါပဲ။ ငယ်စဉ်ကတည်းကနေ ဒီနေ့ထိရိုက်ကူးခဲ့ဖူးတဲ့ကြော်ငြာတွေ အများကြီးကို ချစ်ရတဲ့ပရိသတ်တစ်ယောက် က စာအုပ်နဲ့သေချာရေးမှတ်ပြီး



ထက်ထက်ကို ပို့ပေးခဲ့ပါတယ်။ ဒီလိုကြည်နူးစရာအကြောင်းလေးကို ” ထက် ရိုက်ဖူးတဲ့ကြော်ငြာတွေ ၁၀၀၀ ကျော်ရှိပါတယ်။ ထက်ပရိတ်သတ်တစ်ယောက်ကတော့ ၁၄၀၀ ကျော်ရှိပါတယ်လို့ပြောတာ အမှန်တိုင်းဝန်ခံရရင် ထက်ကိုယ်တိုင်တောင် အတိအကျမမှတ်မိတော့ပါ။ ထက်ရဲ့ကြော်ငြာတွေ

သိမ်းထားတာများ ရှိပြီး ထက်ကိုကူးပေးလို့အဆင်ပြေမယ်ဆိုလိုချင်ပါတယ်။ ထက်နဲ့အလုပ်လုပ်အတူတူလုပ်ဖူးတဲ့ Brand များလည်း ပို့ပေးလို့ရပါတယ်ရှင့်။ ပုံတွေက တက္ကသိုလ်မှာဆရာမဖြစ်နေပြီဆိုတဲ့ ထက်ပရိတ်သတ် ပို့ပေးထားတာ ” ဆိုပြီး သူမက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။
Source : Htet Htet Moe Oo’s Facebook