သိန္း(၃၀၀၀)ေက်ာ္တန္ အိမ္ေလးကို အလုပ္ေတြႀကိဳးစားၿပီး ေဆာက္လုပ္ပိုင္ဆိုင္ခဲ့ေၾကာင္း ေျပာျပခဲ့တဲ့ ေဘဘီေမာင္

အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ေမာ္ဒယ္ ေဘဘီေမာင္က ေနရာတစ္ေနရာကို အခိုင္အမာယူထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ႐ုပ္ရွင္ေတြ ဗီဒီယိုဇာတ္ကားေတြအျပင္ ေၾကာ္ျငာေပါင္းမ်ားစြာ႐ိုက္ၿပီး ေအာင္ျမင္မႈရရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ေဘဘီေမာင္က အႏုပညာေတြအျပင္ ကိုယ္ပိုင္အလုပ္ေတြကိုလဲ လုပ္ကိုင္ေနတာေတြ႕ရပါတယ္။ 

ယေန႔မွာေတာ့ ေဘဘီေမာင္ရဲ႕ အသစ္ေဆာက္ထားတဲ့ အိမ္ေလးနဲ႔ ပတ္သတ္ၿပီး အင္တာဗ်ဴးထားတာေလးေတြ တင္ဆက္ေပးလိုက္ပါတယ္။ 

အိမ္ေလးနဲ႔ ပတ္သတ္ၿပီး ေဘဘီေမာင္က အိမ္မက္မက္ခဲ့ဖူးတဲ့ အရာေလးေပါ့ေနာ္။ ကိုယ့္မိသားစု သိုက္သိုက္ဝန္းဝန္းေလးနဲ႔ ေမေမတစ္ခန္း ေဖေဖတစ္ခန္း ေဘဘီတစ္ခန္း ေမာင္ေလးတစ္ခန္း ညီမေလးတစ္ခန္းေပါ့ေနာ္ ၿပီးရင္ ဖိနပ္စင္ေနရာ ဖိနပ္၊ ျခံေလးဝန္းေလးနဲ႔ ကားပါကင္ေလး က်ယ္က်ယ္ေလးနဲ႔ အဲ့လိုမ်ိဳးေလးေပါ့ေနာ္။ မိသားစု စည္းစည္းလံုးလံုးေလးနဲ႔ အိမ္ေလးက ေဘဘီငယ္ငယ္ေလးထဲကပါ သူမ်ားအိမ္ေတြ ေတြ႕ရင္ လိုက္ၾကည့္ၿပီး အားက်ခဲ့ရတာေလ။ တစ္ေန႔ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ စိတ္ကူးေလးဟာ အေကာင္အထည္ေဖာ္ႏိုင္တဲ့အတြက္ေၾကာင့္မလို႔ ပီတိျဖစ္တယ္ေပါ့ေနာ္။

မိသားစုရဲ႕ အိမ္တစ္လံုးဆိုတာ အေႏြးေထြးဆံျးပဲ။ ဘာနဲ႔မွ မလဲႏိုင္ဘူး။ အျပင္မွာ ဘယ္ေလာက္ပဲေလ ပြဲေတြဘာေတြ သြားဆိုလို႔ ဟိုတယ္အေကာင္းစားႀကီးေတြမွာပဲ နားရနားရ ကိုယ့္အိမ္ေလးက အိပ္ယာေလးကိုပဲ ကိုယ္လြမ္းေန သိတိရတယ္ေပါ့ေနာ္။ ဘယ္ေလာက္ပဲ ပင္ပန္းပင္ပန္း ကိုယ့္အိပ္ယာေလး ေရာက္သြားတာနဲ႔ ဘုန္းခနဲဆိုတာနဲ႔ ဘဝအေမာေတြေျပတယ္၊ ပင္ပန္းတဲ့ Stress ေတြအကုန္ ေပ်ာက္ကုန္တယ္လို႔ ခံစားရတယ္။ အဲ့ေတာ့ ေဘဘီရဲ႕ အိမ္ေလးဟာဆိုရင္ ေဘဘီအတြက္ကေတာ့ တကယ့္ကို အေႏြးေထြးဆံုးနဲ႔ အသာယာဆံုးနဲ႔ စိတ္အခ်မ္းသာဆံုး ဗိမာန္ေလးတစ္ခုလို႔ ေဘဘီက သတ္မွတ္တယ္လို႔ ေဘဘီက ေျပာျပခဲ့ပါတယ္။

အိမ္ေဆာက္တာ ဘယ္ေလာက္ကုန္သြားလဲလို႔ ေဘဘီေမာင္ကို ထပ္မံေမးခဲ့ပါတယ္။

ေဘဘီေမာင္က အိမ္ကေတာ့ သိတဲ့အတိုင္းပဲ။ ထည့္ေလကုန္ေလပဲေလေနာ္။ ဒါေတာင္မွပြင့္ပြင့္လင္းလင္းေျပာရင္ ကိုယ္လဲ ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက မဟုတ္ဘူးေတာ့ Luxury လဲ မထည့္ႏိုင္ပါဘူး။ သမကာရွကာေလးပါပဲေပါ့။ ကိုယ္ထည့္ထားတဲ့ ပစၥည္းေလးေတြဆိုတာလဲ။ ဒါေပမယ့္လဲ အိမ္တစ္လံုးက ေဆာက္ၿပီဆိုရင္ ဝင္ၿပီဆိုရင္ ျပန္အလာမရွိဘူးေလေနာ္။ ရင္းႏွီးျမႇုပ္ႏွံုမႈနဲ႔မတူဘူး။ သူက ကုန္ၿပီပဲ။ ပလံုဆိုၿပီးေတြးထားလိုက္ေတာ့။ အဓိကကေတာ့ ေပါ့ေပါ့ပါးပါးေလးပါပဲ။ ႏိုင္သေလာက္ေလး ေစ်းေရာင္းလို႔ရတာေလးေတြ အိမ္ငွားလို႔ရတာေလးေတြ ဆက္စပ္ၿပီးတဲ့အျပင္ ေဘဘီက ဆုဘူးနဲ႔လဲ စုတယ္။ စုတတ္ေဆာင္းတတ္တယ္ေပါ့ေနာ္။ ၿပီးေတာ့ တစ္သိန္းေလာက္ရွိရင္ ႏွစ္သိန္းေလာက္ပြားရေအာင္ ဘယ္လို လုပ္ငန္းေလးေတြ လုပ္ရမလဲဆိုတဲ့ အေတြးေလးေတြက ရွိတယ္လို႔ ေဘဘီေမာင္ကေျပာျပခဲ့ပါတယ္။

ငယ္ငယ္ထဲကေလ ရဲစခန္းမွာ အရင္းအႏွီးမရွိတာေတာင္မွ ကိုယ့္အိမ္က ေရသန္႔ဘူးထဲကေရကို ေရဘူးထဲထည့္ၿပီးေတာ့ ရဲစခန္းမွာ ေရေရာင္းေသးတာပဲ။ အဲ့ေတာ့ ႀကီးတဲ့အရြယ္မွာ စီးပြားလုပ္တတ္တာ မထူးဆန္းပါဘူး။ ေဘဘီကအလုပ္လုပ္တတ္တယ္ အလုပ္ကို ႀကိဳးစားခ်င္စိတ္ရွိတယ္။ သူမ်ားထက္ ႏွစ္ဆပိုလုပ္တတ္တယ္။ ပိုႀကိဳးစားတယ္။ 

အိမ္ထဲမွာထည့္တာေတာ့ သံုးေလးေထာင္ေတာ့ ကုန္တာေပါ့။ ဒါေတာင္မွ ျခံစည္း႐ိုးက အခုမွ လုပ္ေနတုန္းေလ တန္းလန္းႀကီး။ ကုန္တာကေတာ့ ကုန္တယ္ ဘယ္လို ေျပာျပရမွန္းေတာင္ မသိဘူး အတြက္အခ်က္ေတြက အဲ့လိုျဖစ္ေနတယ္လို႔ ေဘဘီေမာင္ကေျပာျပခဲ့ပါတယ္။ 

ကဲ ဒါဆိုရင္ ပရိသတ္ႀကီးေရ ေဘဘီေမာင္ရဲ႕ အိမ္အသစ္ေလးအေၾကာင္း သိၿပီးေလာက္ၿပီထင္ပါတယ္။ ပရိသတ္ႀကီးရဲ႕ အျမင္ေလးေတြ ေရးခဲ့ေပးဦးေနာ္။ အားေပးဖတ္႐ွဳတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ 

Read in UNICODE

အနုပညာလောကမှာ သရုပ်ဆောင်မော်ဒယ် ဘေဘီမောင်က နေရာတစ်နေရာကို အခိုင်အမာယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်ရှင်တွေ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာပေါင်းများစွာရိုက်ပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဘေဘီမောင်က အနုပညာတွေအပြင် ကိုယ်ပိုင်အလုပ်တွေကိုလဲ လုပ်ကိုင်နေတာတွေ့ရပါတယ်။ 

ယနေ့မှာတော့ ဘေဘီမောင်ရဲ့ အသစ်ဆောက်ထားတဲ့ အိမ်လေးနဲ့ ပတ်သတ်ပြီး အင်တာဗျူးထားတာလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။ 

အိမ်လေးနဲ့ ပတ်သတ်ပြီး ဘေဘီမောင်က အိမ်မက်မက်ခဲ့ဖူးတဲ့ အရာလေးပေါ့နော်။ ကိုယ့်မိသားစု သိုက်သိုက်ဝန်းဝန်းလေးနဲ့ မေမေတစ်ခန်း ဖေဖေတစ်ခန်း ဘေဘီတစ်ခန်း မောင်လေးတစ်ခန်း ညီမလေးတစ်ခန်းပေါ့နော် ပြီးရင် ဖိနပ်စင်နေရာ ဖိနပ်၊ ခြံလေးဝန်းလေးနဲ့ ကားပါကင်လေး ကျယ်ကျယ်လေးနဲ့ အဲ့လိုမျိုးလေးပေါ့နော်။ မိသားစု စည်းစည်းလုံးလုံးလေးနဲ့ အိမ်လေးက ဘေဘီငယ်ငယ်လေးထဲကပါ သူများအိမ်တွေ တွေ့ရင် လိုက်ကြည့်ပြီး အားကျခဲ့ရတာလေ။ တစ်နေ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးဟာ အကောင်အထည်ဖော်နိုင်တဲ့အတွက်ကြောင့်မလို့ ပီတိဖြစ်တယ်ပေါ့နော်။

မိသားစုရဲ့ အိမ်တစ်လုံးဆိုတာ အနွေးထွေးဆံြးပဲ။ ဘာနဲ့မှ မလဲနိုင်ဘူး။ အပြင်မှာ ဘယ်လောက်ပဲလေ ပွဲတွေဘာတွေ သွားဆိုလို့ ဟိုတယ်အကောင်းစားကြီးတွေမှာပဲ နားရနားရ ကိုယ့်အိမ်လေးက အိပ်ယာလေးကိုပဲ ကိုယ်လွမ်းနေ သိတိရတယ်ပေါ့နော်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကိုယ့်အိပ်ယာလေး ရောက်သွားတာနဲ့ ဘုန်းခနဲဆိုတာနဲ့ ဘဝအမောတွေပြေတယ်၊ ပင်ပန်းတဲ့ Stress တွေအကုန် ပျောက်ကုန်တယ်လို့ ခံစားရတယ်။ အဲ့တော့ ဘေဘီရဲ့ အိမ်လေးဟာဆိုရင် ဘေဘီအတွက်ကတော့ တကယ့်ကို အနွေးထွေးဆုံးနဲ့ အသာယာဆုံးနဲ့ စိတ်အချမ်းသာဆုံး ဗိမာန်လေးတစ်ခုလို့ ဘေဘီက သတ်မှတ်တယ်လို့ ဘေဘီက ပြောပြခဲ့ပါတယ်။

အိမ်ဆောက်တာ ဘယ်လောက်ကုန်သွားလဲလို့ ဘေဘီမောင်ကို ထပ်မံမေးခဲ့ပါတယ်။

ဘေဘီမောင်က အိမ်ကတော့ သိတဲ့အတိုင်းပဲ။ ထည့်လေကုန်လေပဲလေနော်။ ဒါတောင်မှပွင့်ပွင့်လင်းလင်းပြောရင် ကိုယ်လဲ ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူးတော့ Luxury လဲ မထည့်နိုင်ပါဘူး။ သမကာရှကာလေးပါပဲပေါ့။ ကိုယ်ထည့်ထားတဲ့ ပစ္စည်းလေးတွေဆိုတာလဲ။ ဒါပေမယ့်လဲ အိမ်တစ်လုံးက ဆောက်ပြီဆိုရင် ဝင်ပြီဆိုရင် ပြန်အလာမရှိဘူးလေနော်။ ရင်းနှီးမြှုပ်နှုံမှုနဲ့မတူဘူး။ သူက ကုန်ပြီပဲ။ ပလုံဆိုပြီးတွေးထားလိုက်တော့။ အဓိကကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ နိုင်သလောက်လေး ဈေးရောင်းလို့ရတာလေးတွေ အိမ်ငှားလို့ရတာလေးတွေ ဆက်စပ်ပြီးတဲ့အပြင် ဘေဘီက ဆုဘူးနဲ့လဲ စုတယ်။ စုတတ်ဆောင်းတတ်တယ်ပေါ့နော်။ ပြီးတော့ တစ်သိန်းလောက်ရှိရင် နှစ်သိန်းလောက်ပွားရအောင် ဘယ်လို လုပ်ငန်းလေးတွေ လုပ်ရမလဲဆိုတဲ့ အတွေးလေးတွေက ရှိတယ်လို့ ဘေဘီမောင်ကပြောပြခဲ့ပါတယ်။

ငယ်ငယ်ထဲကလေ ရဲစခန်းမှာ အရင်းအနှီးမရှိတာတောင်မှ ကိုယ့်အိမ်က ရေသန့်ဘူးထဲကရေကို ရေဘူးထဲထည့်ပြီးတော့ ရဲစခန်းမှာ ရေရောင်းသေးတာပဲ။ အဲ့တော့ ကြီးတဲ့အရွယ်မှာ စီးပွားလုပ်တတ်တာ မထူးဆန်းပါဘူး။ ဘေဘီကအလုပ်လုပ်တတ်တယ် အလုပ်ကို ကြိုးစားချင်စိတ်ရှိတယ်။ သူများထက် နှစ်ဆပိုလုပ်တတ်တယ်။ ပိုကြိုးစားတယ်။ 

အိမ်ထဲမှာထည့်တာတော့ သုံးလေးထောင်တော့ ကုန်တာပေါ့။ ဒါတောင်မှ ခြံစည်းရိုးက အခုမှ လုပ်နေတုန်းလေ တန်းလန်းကြီး။ ကုန်တာကတော့ ကုန်တယ် ဘယ်လို ပြောပြရမှန်းတောင် မသိဘူး အတွက်အချက်တွေက အဲ့လိုဖြစ်နေတယ်လို့ ဘေဘီမောင်ကပြောပြခဲ့ပါတယ်။ 

ကဲ ဒါဆိုရင် ပရိသတ်ကြီးရေ ဘေဘီမောင်ရဲ့ အိမ်အသစ်လေးအကြောင်း သိပြီးလောက်ပြီထင်ပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်လေးတွေ ရေးခဲ့ပေးဦးနော်။ အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *