ေဗလုဝနဲ႔ ဖူးစာဆံုခဲ့တဲ့ အေၾကာင္းေတြ ေျပာျပခဲ့တဲ့ ဇနီးျဖစ္သူ ေဒၚစုစုခိုင္

လက္ရွိမွာ ဇနီးျဖစ္သူ ေဒၚစုစုခိုင္နဲ႔ ေဗလုဝကေတာ့ အိမ္ေထာင္ျပဳၿပီး သားတစ္ေယာက္ ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ေဗလုဝနဲ႔ ဖူးစာဆုံခဲ့ၾကတဲ့ ေပ်ာ္စရာ အမွတ္တရေလးေတြကို ဇနီးျဖစ္သူ ေဒၚစုစုခိုင္က ေျပာျပလာပါတယ္။ “ ဦးေဗ အစ္မ အရင္းနဲ႔ အန္တီ့အစ္ကို တစ္ဝမ္းကြဲနဲ႔ ညားတာ ဆိုေတာ့ သိပ္မစိမ္းဘူး။ ဦးေဗက ငယ္ငယ္ကတည္းက ေသးေသးပိန္ပိန္ညႇက္ညႇက္ကေလးပဲ။ အဲဒီ ပိန္ပိန္ ေသးေသး ညႇက္ညႇက္ကေလးကိုပဲ ခ်စ္မိသြားတာ။ ဦးေဗ အစ္မက ေအာင္သြယ္ေပါ့။ အေျခအေနကို ၾကည့္ေတာ့လည္း ဦးေဗတို႔က

စာေရးတာ တစိုက္မတ္မတ္ရွိတယ္။ အဲဒီတုန္းကလည္း သူက ဇာတ္ကားေတြ ႐ိုက္ေနၿပီ မေအာင္ေတာ့ မေအာင္ျမင္ေသးတဲ့ အခ်ိန္ပါ။ ကိုယ့္ေယာင္းမကလည္း ဖိတ္ျခင္းဖိတ္ ကိုယ့္အိတ္ထဲ ဖိတ္ေပါ့ ဆိုၿပီးေတာ့ ေယာင္းမက ေအာင္သြယ္ၿပီး ေပးစားခဲ့ၾကတာပါ” လို႔ သူကဆိုပါတယ္။ လက္ရွိမွာေတာ့ ေဗလုဝဟာ က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားသလို ကိုဗစ္ ကာလ ျဖစ္တာေၾကာင့္ စီးပြားေရး အၾကပ္အတည္းျဖစ္ေနတယ္လို႔လည္း ေဒၚစုစုခိုင္က ဆိုပါတယ္။ “ အခုခ်ိန္မွာေတာ့ ရွိတာေလးေတြကို

ေႁခြ ေႁခြတာတာ စားၾက၊ ေသာက္ၾက၊ ဦးေဗ ေဆးဖိုးေလးနဲ႔ ရွိတာေလးေတြလည္း ေရာင္းခ်ရတာေပါ့။ ညေနပိုင္းဆိုရင္ ေဈးဖိုးရေအာင္ မုန႔္ဟင္းခါးေလးေရာင္းတယ္။ တစ္ေသာင္း၊ ၉၀၀၀ ေလာက္ရလည္း ဟင္းစားေလး ရတာပဲေလ။ ဆိုင္ကလည္း ေရာင္းရလို႔ မဆိုးပါဘူး။ လယ္သူမ ဆိုင္ကလည္း အခုဆို Covid က (၂) ခါျဖစ္တာဆိုေတာ့ အဆင္မေျပဘူး၊ ဆိုင္ကလည္း ပိတ္ထားရသလို ဝန္ထမ္းေတြကလည္း ျပန္လို႔မရေတာ့ ေကြၽးထားရတယ္။ အခုဆို စာခ်ဳပ္က သိန္း(၃၀၀) ေက်ာ္ ခ်ဳပ္ရမွာ။ (၁၂) လပိုင္းဆိုျပည့္ၿပီေလ။ ဒါႀကီးကို

မတတ္ႏိုင္ေတာ့ တျခားေနရာေလးေတြမွာ လုပ္ဖို႔ေတာ့ စီစဥ္ထားတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေ ဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန႔က စၿပီး ေဆးကုသမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ေဆးကုသမႈ ခံယူေနစဥ္မွာလည္း ဆုံးပါးသြားၿပီဆိုတဲ့ သတင္းအမွားေတြ ထြက္ရွိခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ လက္ရွိမွာေတာ့

သူဟာ ေနအိမ္မွာပဲ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ခံယူေနရသူပါ။ “ဘီလူး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့ သ႐ုပ္ေဆာင္ ေဗလုဝဟာ အခုဆိုရင္ အႏုပညာသက္တမ္းႏွစ္(၂၀) ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ “ဤအရာကို အခ်စ္လို႔ေခၚသလား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

Read in UNICODE

လက်ရှိမှာ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်နဲ့ ဗေလုဝကတော့ အိမ်ထောင်ပြုပြီး သားတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဗေလုဝနဲ့ ဖူးစာဆုံခဲ့ကြတဲ့ ပျော်စရာ အမှတ်တရလေးတွေကို ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြောပြလာပါတယ်။ “ ဦးဗေ အစ်မ အရင်းနဲ့ အန်တီ့အစ်ကို တစ်ဝမ်းကွဲနဲ့ ညားတာ ဆိုတော့ သိပ်မစိမ်းဘူး။ ဦးဗေက ငယ်ငယ်ကတည်းက သေးသေးပိန်ပိန်ညှက်ညှက်ကလေးပဲ။ အဲဒီ ပိန်ပိန် သေးသေး ညှက်ညှက်ကလေးကိုပဲ ချစ်မိသွားတာ။ ဦးဗေ အစ်မက အောင်သွယ်ပေါ့။ အခြေအနေကို ကြည့်တော့လည်း ဦးဗေတို့က

စာရေးတာ တစိုက်မတ်မတ်ရှိတယ်။ အဲဒီတုန်းကလည်း သူက ဇာတ်ကားတွေ ရိုက်နေပြီ မအောင်တော့ မအောင်မြင်သေးတဲ့ အချိန်ပါ။ ကိုယ့်ယောင်းမကလည်း ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ပေါ့ ဆိုပြီးတော့ ယောင်းမက အောင်သွယ်ပြီး ပေးစားခဲ့ကြတာပါ” လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ ဗေလုဝဟာ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားသလို ကိုဗစ် ကာလ ဖြစ်တာကြောင့် စီးပွားရေး အကြပ်အတည်းဖြစ်နေတယ်လို့လည်း ဒေါ်စုစုခိုင်က ဆိုပါတယ်။ “ အခုချိန်မှာတော့ ရှိတာလေးတွေကို

ခြွေ ခြွေတာတာ စားကြ၊ သောက်ကြ၊ ဦးဗေ ဆေးဖိုးလေးနဲ့ ရှိတာလေးတွေလည်း ရောင်းချရတာပေါ့။ ညနေပိုင်းဆိုရင် ဈေးဖိုးရအောင် မုန့်ဟင်းခါးလေးရောင်းတယ်။ တစ်သောင်း၊ ၉၀၀၀ လောက်ရလည်း ဟင်းစားလေး ရတာပဲလေ။ ဆိုင်ကလည်း ရောင်းရလို့ မဆိုးပါဘူး။ လယ်သူမ ဆိုင်ကလည်း အခုဆို Covid က (၂) ခါဖြစ်တာဆိုတော့ အဆင်မပြေဘူး၊ ဆိုင်ကလည်း ပိတ်ထားရသလို ဝန်ထမ်းတွေကလည်း ပြန်လို့မရတော့ ကျွေးထားရတယ်။ အခုဆို စာချုပ်က သိန်း(၃၀၀) ကျော် ချုပ်ရမှာ။ (၁၂) လပိုင်းဆိုပြည့်ပြီလေ။ ဒါကြီးကို

မတတ်နိုင်တော့ တခြားနေရာလေးတွေမှာ လုပ်ဖို့တော့ စီစဉ်ထားတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ေ ဗလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ဆေးကုသမှု ခံယူနေစဉ်မှာလည်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ရှိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့

သူဟာ နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေရသူပါ။ “ဘီလူး” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *