ခ်စ္သူကို တကယ္ယူေတာ့မယ့္ အခ်ိန္မွ ေျပာျပမယ္ဆိုတဲ့ ခ်ယ္ရီသင္း

ခ်ယ္ရီသင္းကေတာ့ သူမကိုယ္တိုင္ စိတ္ကူးထားတဲ့ အခ်စ္ေရးအေၾကာင္းကို အခုလို ေျပာျပလာပါတယ္။ တကယ္ လက္ထပ္ေတာ့မယ့္ အခ်ိန္ေရာက္မွသာ ခ်စ္သူကို မိတ္ဆက္ေပးမွာလို႔ သူက ေျပာပါတယ္။ “ ခ်ယ္ရီက Relationship တစ္ခုကို ခ်ျပရတာ သိပ္ၿပီးေတာ့ မႀကိဳက္ဘူး။ တကယ္လို႔ ကိုယ္က Relationship တစ္ခုကို Public မွာ ခ်ျပလိုက္ၿပီ ဒါေပမယ့္ သူနဲ႔ ကိုယ္နဲ႔ မညားခဲ့ရင္ သူရမယ့္ မိန္းမက သဝန္တိုမွာပဲ။ သူသူကိုယ္ကိုယ္

နားလည္တယ္။ မင္းက ငါ့ကိုမခ်စ္လို႔ မယုံတာလား လက္မ မေထာင္ႏိုင္တာလား ဆိုတာမ်ိဳးလည္း မဟုတ္ဘူး။ လူဆိုတာက စစတြဲျခင္းမွာ ခ်စ္တာပဲ ၾကာသြားေတာ့မွသာ ခ်စ္တာ မခ်စ္တာေတြ ျဖစ္သြားတာ။ ဘာမွ မက်ိန္းေသတဲ့ အတြက္ Relationship ကို မခ်ျပတာပါ။ တကယ္ယူမယ့္ အခ်ိန္က်ေတာ့မွ ဒါက ကြၽန္မ ခ်စ္သူပါ ဆိုၿပီးေတာ့ ခ်ျပလိုက္မွာပါ” လို႔ သူက ဆိုပါတယ္။ ခ်ယ္ရီသင္းဟာ

အႏုပညာရွင္ တစ္ေယာက္ျဖစ္ေပမယ့္လည္း မိန္းကေလးတစ္ေယာက္အတြက္ အခ်စ္ဆိုတာ လိုအပ္တယ္လို႔ သူက ဆိုပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးအေပၚထားတဲ့ သူမရဲ႕ သေဘာထားကို အခုလို ေျပာျပခဲ့ပါေသးတယ္။ “ အခ်စ္ကေတာ့ လူတိုင္းမွာ လိုအပ္တယ္။ လူတိုင္းက ဟာ ဒီမိန္းမက ခက္ထန္မာေက်ာလိုက္တာလို႔ ေျပာလည္း သူ႔မွာ အခ်စ္ဆိုတာ လိုအပ္တယ္။ လူတိုင္းမွာ စိတ္ပင္ပန္းမႈေတြ၊ အဆင္မေျပမႈေတြရွိတယ္။ ဒါေပမယ့္

အခ်စ္ကပူေလာင္လို႔ေတာ့ မရဘူး။ ေအးခ်မ္းရမယ္။ ကိုယ့္ကို ႏွစ္သိမ့္ေပးႏိုင္ရမယ္ အဲဒီလို Relationship ေတာ့ လိုအပ္တယ္ေပါ့ေနာ္။ ၿပီးေတာ့ ခ်ယ္ရီက အခ်စ္နဲ႔ ပတ္သက္လာရင္ ဂိတ္ဆုံးအထိ ခ်စ္ေပးလိုက္တယ္ မေက်နပ္ဘူးဆိုရင္ ဒိုး .. အဲဒီလိုပဲ။ အခုေခတ္မွာ ေယာက်ၤားေလးေတြလည္း မရွားသလို၊ မိန္းကေလးေတြလည္း မရွားဘူး။ ဒါေပမယ့္ ကိုယ့္ကို တကယ္ေကာင္းေပးတဲ့သူကေတာ့ ရွားသြားၿပီ”လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လက္ရွိမွာေတာ့ ခ်ယ္ရီသင္းကိုယ္တိုင္ သီဆိုထားတဲ့

“ မ လို႔ပဲေခၚ” သီခ်င္းေလးဟာ ပရိသတ္ၾကားထဲမွာ ေရပန္းစားလို႔ေနပါတယ္။ သူမကေတာ့ ဂီတေလာကမွာ ဖခင္ျဖစ္ေစခ်င္တဲ့အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ဆက္ၿပီး ႀကိဳးစားသြားမယ္လို႔ ကေနတဆင့္ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္က ျပဳလုပ္တဲ့ Shwe FM ဂီတ ဆုေပးပြဲမွာလည္း ” ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ခ်င္” ဆိုတဲ့ သီခ်င္းနဲ႔ Shwe FM Facebook Page မွတဆင့္ သီခ်င္းေတာင္းဆိုမႈ အမ်ားဆုံး အမ်ိဳးသမီးဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Read in UNICODE

ချယ်ရီသင်းကတော့ သူမကိုယ်တိုင် စိတ်ကူးထားတဲ့ အချစ်ရေးအကြောင်းကို အခုလို ပြောပြလာပါတယ်။ တကယ် လက်ထပ်တော့မယ့် အချိန်ရောက်မှသာ ချစ်သူကို မိတ်ဆက်ပေးမှာလို့ သူက ပြောပါတယ်။ “ ချယ်ရီက Relationship တစ်ခုကို ချပြရတာ သိပ်ပြီးတော့ မကြိုက်ဘူး။ တကယ်လို့ ကိုယ်က Relationship တစ်ခုကို Public မှာ ချပြလိုက်ပြီ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ မညားခဲ့ရင် သူရမယ့် မိန်းမက သဝန်တိုမှာပဲ။ သူသူကိုယ်ကိုယ်

နားလည်တယ်။ မင်းက ငါ့ကိုမချစ်လို့ မယုံတာလား လက်မ မထောင်နိုင်တာလား ဆိုတာမျိုးလည်း မဟုတ်ဘူး။ လူဆိုတာက စစတွဲခြင်းမှာ ချစ်တာပဲ ကြာသွားတော့မှသာ ချစ်တာ မချစ်တာတွေ ဖြစ်သွားတာ။ ဘာမှ မကျိန်းသေတဲ့ အတွက် Relationship ကို မချပြတာပါ။ တကယ်ယူမယ့် အချိန်ကျတော့မှ ဒါက ကျွန်မ ချစ်သူပါ ဆိုပြီးတော့ ချပြလိုက်မှာပါ” လို့ သူက ဆိုပါတယ်။ ချယ်ရီသင်းဟာ

အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အချစ်ရေးအပေါ်ထားတဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။ “ အချစ်ကတော့ လူတိုင်းမှာ လိုအပ်တယ်။ လူတိုင်းက ဟာ ဒီမိန်းမက ခက်ထန်မာကျောလိုက်တာလို့ ပြောလည်း သူ့မှာ အချစ်ဆိုတာ လိုအပ်တယ်။ လူတိုင်းမှာ စိတ်ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေရှိတယ်။ ဒါပေမယ့်

အချစ်ကပူလောင်လို့တော့ မရဘူး။ အေးချမ်းရမယ်။ ကိုယ့်ကို နှစ်သိမ့်ပေးနိုင်ရမယ် အဲဒီလို Relationship တော့ လိုအပ်တယ်ပေါ့နော်။ ပြီးတော့ ချယ်ရီက အချစ်နဲ့ ပတ်သက်လာရင် ဂိတ်ဆုံးအထိ ချစ်ပေးလိုက်တယ် မကျေနပ်ဘူးဆိုရင် ဒိုး .. အဲဒီလိုပဲ။ အခုခေတ်မှာ ယောင်္ကျားလေးတွေလည်း မရှားသလို၊ မိန်းကလေးတွေလည်း မရှားဘူး။ ဒါပေမယ့် ကိုယ့်ကို တကယ်ကောင်းပေးတဲ့သူကတော့ ရှားသွားပြီ”လို့ ဆက်လက် ပြောပြလာပါတယ်။ လက်ရှိမှာတော့ ချယ်ရီသင်းကိုယ်တိုင် သီဆိုထားတဲ့

“ မ လို့ပဲခေါ်” သီချင်းလေးဟာ ပရိသတ်ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း ” ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *