ကိုယ်ကျိုးလုံးဝမပါပဲ ရောဂါပိုးကာကွယ်ထိန်းချုပ်ရေးတွေ ကူညီတာ (၆)လရှိပြီဖြစ်တဲ့ အောင်သော်နဲ့ ​ဝေဠု​ကျော်
Read in UNICODE
ဝေဠုကျော်ကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဝေဠုကျော်က သူ့ရဲ့နာမည်နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး အများအကျိုးအတွက် ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပရဟိတမင်းသားကြီး ဝေဠုကျော်က ဇာတ်ပို့ဇာတ်ရံ အောင်သော်နဲ့အတူတူ Covid-19
ထိန်းချုပ်ကာကွယ်ရေးအတွက် ကိုယ်ကျိုးမပါပဲ ကူညီပေးခဲ့တာ (၆) လတောင်ရှိခဲ့ပြီဆိုပြီး အခုလိုပဲ ပြောလာပါတယ်။ “ကျွန်တော်တို့တွေ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းကျမ်းမာရေးရဲ ကွပ်ကဲမှုနဲ့အတူ နိုင်သ၍ ဝိုင်ကူခဲ့တာ ၆ လပြည့်တဲ့ညမှာ ထမင်းတူတူ စားဖြစ်ပြန်တယ်။ ၆ လ အတွင်းမှာ ဒုတိယအကြိမ်ပေါ့။ စခန်းနေရာက တစ်နေရာစီဆိုတော့ ကျန်တဲ့အချိန်တွေမှာတွေ့ဖြစ်ကြပေမဲ့
အလုပ်ကိုယ်စီနဲ့ အပြေးအလွှား ကူနေကြရတော့ စကားတောင်အေးဆေး သိပ်မပြောဖြစ်ကြဘး။ ခုလည်း ၆ လပြည့်တာ သူသိလို့လာတာမဟုတ်ပါဘူး။ လမ်းကြုံလို့ ကျွန်တော်တို့စခန်းမှာ PPE ဝင်ချွတ်ရင်း ညစာအတူစာဖြစ်ရင်းမှ တို့ကူနေတာ ၆ လပြည့်ပြီဆိုတာ သတိရကြတာပါ။ တွေ့တော့လည်း ကိုဗစ် အတွေ့ ကြုံတွေထဲက ရယ်စရာ၊ မောစရာ အဖြစ်ပျက်တွေကို ပြန်ပြောရင်း တခဏတာ
အမောတွေပြေခဲ့ရတာပေါ့” “ညီရေ တို့တွေလိုပဲ နိုင်သ၍ ကူနေကြတဲ့သူတွေ အများကြီးပါ။ အဲ့ဒီထဲမှာ တို့တွေလည်း အပါဝင်ပေါ့။ အားလုံးလည်း ပန်းနေကြပြီ။ တချို့တွေဆို Q ဝင်ကြရတဲ့ သူတွေ P+ ဖြစ်လို့ ကုသမှုခံယူရတဲ့သူတွေ ပါရှိလာပြီလေ။ တို့နှစ်ယောက်လည်း တစ်ချိန်မှာတော့ Q နဲ့ P+ တခုခုတော့ထိလာနိုင်တယ်။ ခုလို့တွေဖို့ဆိုတာ နောက်ရှိခြင်မှ ရှိမှာ အစစဂရုစိုက်ပါညီ။ အားလုံးကို လေးစား တန်ဖိုးထားလျှက်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ဝေဠုကျော်နဲ့
အောင်သူကတော့ ပြည်သူချစ် အနုပညာရှင်တွေပီပီ ပြည်သူတွေအတွက် လိုအပ်ချိန်မှာလည်း ကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံပြီး ကူညီနေကြသူတွေ ဖြစ်ပါတယ်။ ဝေဠုကျော်၊ အောင်သော်တို့နဲ့တကွ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ပြီး ကပ်ကြီးကို ကျော်လွှားနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Wai Lu Kyaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *