အမေဖြစ်သူကို အထည်တွေရောင်ပြီးရတဲ့ ငွေတွေနဲ့ စိန်လက်စွပ်အကြီးကြီး လက်ဆောင်ပေးခဲ့တဲ့ ဝေလာရီ





Read in UNICODE

မင်းသမီးချောလေး ဝေလာရီဟာ အချိန်တိုအတွင်းမှာ အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ ဝေလာရီက “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အောင်မြင်လာသူလေးပဲ ဖြစ်ပါတယ်။ မွန်လူမျိုးမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဝေလာရီကတော့ တက်သစ်စမင်းသမီးလေးပီပီ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းသာ

လုပ်ကိုင်နေလျက်ရှိပါတယ်။ ကိုဗစ်ကာလအတွင်းမှာ အလုပ်တွေပါးတဲ့ ဝေလာရီက ပိုနေတဲ့အချိန်တွေကို အလကားမဖြစ်စေပဲ သူမရဲ့ မိသားစုစီးပွားရေးလေးကို အားထည့်ပြီး လုပ်ဆောင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ဝေလာရီက အဝတ်အထည်တွေရောင်းလို့ရတဲ့

ချွေးနည်းစာလေးကိုစုပြီး မိခင်အတွက် စိန်လက်စွပ်ဝယ်ပြီး လက်ဆောင်ပေးခဲ့တဲ့ သူမရဲ့ ပီတိလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ဝေလာရီကတော့ အငယ်ဆုံးသမီးလေးဆိုပေမယ့် မိသားစုတာဝန်တွေကိုလည်း ခွဲဝေထမ်းဆောင်နေသူဖြစ်ပြီး မိဘညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း

သိတတ်လွန်းသူလေး တစ်ယောက် ဖြစ်ပါတယ်။ လူလေးလှသလို စိတ်သဘောထားလည်း မွန်မြတ်လှတဲ့ ဝေလာရီလေး ဒီထက်မက အောင်မြင်မှုရရှိမယ်ဆိုတာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Wai Lar Ri’s Facebook

Add a Comment

Your email address will not be published. Required fields are marked *