ယနေ့မွေးနေ့ကျရောက်တဲ့ နေရဲအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ထွန်းထွန်း





Read in UNICODE

ထွန်းထွန်းကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ထွန်းထွန်းကတော့ အနုပညာနဲ့ပတ်သက်လာရင် ဘက်စုံထူးချွန်တာကြောင့် အကယ်ဒမီရွှေစင်ရုပ်တုကိုလည်း ရရှိပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူဟာဆိုရင် နှင်းဆီအငြိမ့်အဖွဲ့ဝင်ထဲက လူရွှင်တော်တစ်ဦးအဖြစ်နဲ့ပါဝင်ရင်း ပျော်ရွှင်စွာ

နေတတ်လွန်းတဲ့သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်။ ထွန်းထွန်းကတော့ လတ်တလောမှာ နှင်းဆီအဖွဲ့ဝင်ညီအစ်ကိုတွေနဲ့အတူ ရှိခဲ့စဉ်က အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။ စက်တင်ဘာ(၂၄)ရက်နေ့မှာကျရောက်တဲ့

သရုပ်ဆောင်အကယ်ဒမီခင်လှိုင်ရဲ့ သားဖြစ်သူ သရုပ်ဆောင်နေရဲရဲ့ မွေးနေ့လေးဖြစ်တာကြောင့် ထွန်းထွန်းက” Happy Birthday ညီလေး!! မွေးနေ့ကစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ လိုအင်ဆန္ဒပြည့်ဝပါစေဗျာ”လို့ဆိုပြီး အမှတ်တရပုံရိပ်လေးနဲ့ မွေးနေ့ဆုမွန်တောင်းပေးလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော်

သရုပ်ဆောင်နေရဲရဲ့မွေးနေ့လေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်တောင်းလေးတွေရေးပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Htin Aung Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *