(၄)တန်းကျာင်းသူဘဝမှာ ပထမဆုရခဲ့ဖူးတဲ့ အမှတ်တရလေးကို မျှဝေခဲ့တဲ့ ထက်ထက်မိုးဦး
Read in UNICODE
မင်းသမီးချောထက်ထက်မိုးဦးကတော့ ယနေ့အချိန်ထိလည်း ပရိသတ်ရဲ့မေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အနုပညာလောက ကို တစ်ဖန်ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရတဲ့အပြင် ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနားတွေနဲ့
အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေရသူပါ။ လတ်တလောမှာတော့ ကိုဗစ်ကာလ အလုပ်တွေရပ်နားထားရတဲ့အချိန်မှာ ထက်ထက်ကတော့ ကုန်ပစ္စည်းမျိုးနဲ့ Live လွှင့် ဈေးရောင်းလျက်ရှိပြီး အားလပ်ချိန်တွေမှာလည်း အရင်တုန်းက ကြော်ငြာလေးတွေ၊ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ငယ်စဉ်ကလေးဘဝတုန်းက ပထမဆုရဖူးတဲ့ပုံရိပ်လေးကို
မျှဝေပေးခဲ့ပါတယ်။ ” (၄) တန်းကျောင်းသူ မှုံရွှေရည်…. ထက်ရဲ့နာမည်က မှုံရွှေရည်ပါနော်…. အနုပညာလုပ်ငန်းတွေကိုတော့ထက်ထက်မိုးဦးနဲ့လုပ်ပါတယ်ရှင့်… ကိုယ့်ဟာကိုမိတ်ဆက်တာ… ခုနှစ်တော့မမှတ်မိတော့ဘူးရှင့်… ပထမဆုရဖူးတဲ့အမှတ်တရလေးပါ”
ဆိုတဲ့စာသားလေးနဲ့အတူ ကလေးဘဝအမှတ်တရပုံရိပ်လေးကို ဖော်ပြခဲ့ပါတယ်။ ထက်ထက်ကတော့ အောင်မြင်ကျော်ကြားခဲ့သူပီပီ သူ့ရဲ့ဇာတိမိုးကုတ်မြို့၊ငယ်နာမည် မှုံရွှေရည် စတာတွေက ပရိသတ်ရင်ထဲမှာ မေ့ပျောက်လို့မရအောင် အမြဲရှိနေခဲ့တဲ့အရာတွေပါ။ ထက်ထက်ရဲ့
ဘဝအကြောင်းအရာတော်တော်များများကို ပရိသတ်ကြီးက သိကြပေမယ့် ငယ်ဘဝတုန်းက ပုံရိပ်လေးကို မမြင်ဖူးသေးသူတွေအတွက် ထက်ထက်မျှဝေပေးလိုက်တဲ့ လေးတန်းကျောင်းသူ မှုံရွှေရည်ရဲ့ပုံရိပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source : Htet Htet Moe Oo’s Facebook