တီဘီရောဂါအထူးကုဆေးရုံကြီးကို ဆန်နဲ့ပုဆိုးအပြင် အလှူငွေ(၁၅)သိန်း လှူဒါန်းခဲ့တဲ့ ခန့်စည်သူ






Read in UNICODE

မင်းသားကြီး ခန့်စည်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ခန့်စည်သူဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ယနေ့အချိန်ထိလည်း ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ခန့်စည်သူဟာ အနုပညာအလုပ်တွေထက် လက်ရှိမှာ

လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ ခန့်စည်သူ က မကြာခဏဆိုရင် လိုအပ်တဲ့နေရာတွေမှာလည်း တတ်နိုင်သလောက် လှူဒါန်းပေးပြီး သူ့ရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေ အမြဲဖော်ပြပေးပါတယ်။ ယနေ့ စတင်ဘာလ ၂၄ ရက်နေ့လေးမှာတော့

ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ ခန့်စည်သူဦးဆောင်ပြီး အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးမှာ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများအတွက် ဆန်၊ ပုဆိုးနဲ့ အလှူငွေများကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီအလှူလေးနဲ့လည်း ခန့်စည်သူက

“ရန်ကုန်တိုင်းဒေသကြီး၊အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများ၊Covid-19 Positive ဆေးရုံဝန်ထမ်းများနှင့်လူနာများအတွက် အလှူငွေ(၁၅)သိန်း၊ဆန်(၁၀)အိတ်၊ပုဆိုးအထည်(၁၀၀)တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာ

ဒေါ်သန္တာမွှန်းထံသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်…အခက်အခဲများကြားမှဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်….ဆေးရုံဝန်ထမ်းများ၊လူနာများနှင့်အလှူရှင်များ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ..” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Source : Kyaw Soe Win’s Facebook

Add a Comment

Your email address will not be published. Required fields are marked *