ဇာတ္အဖြဲ႕နဲ႔ ေဘာလံုးအသင္းကိုပဲ တစ္လ သိန္း(၇၀၀)နီးပါး လစာေပးေနရေၾကာင္း ေျပာျပခဲ့တဲ့ ဖိုးခ်စ္

ဖိုးခ်စ္ဟာ ျမန္မာ့ဇာတ္သဘင္ ေလာကမွာ ပရိသတ္ အခိုင္အမာရထားၿပီး ပရိသတ္ေတြရဲ႕ တခဲနက္အားေပးျခင္းကို ခံရသူတစ္ေယာက္ပါ။ ဇာတ္သဘင္ေလာကမွာ နာမည္ႀကီးသလို ျမန္မာ့ ဇာတ္သဘင္ ဥကၠဌအျဖစ္တာဝန္ယူေမၿပီး အက်ိဳးျပဳလုပ္ငန္းမ်ားစြာကို ေဆာင္ရြက္ေနသူတစ္ဦးျဖစ္ပါတယ္။ လတ္တေလာမွာ ေဖ်ာ္ေျဖမႈေတြ ရပ္နားထားရတာေၾကာင့္ အခက္အခဲရွိလို႔ (၁၂)ဘီးကားႏွစ္စီးေတာင္ ေရာင္းၿပီး အဆင္ေျပေအာင္ ေဆာင္ရြက္ေနရသူျဖစ္ပါတယ္။

ဒီေန႔တင္ဆက္ေပးမွာကေတာ့ အလုပ္ေတြမ်ားစြာအျပင္ ေကာင္းက်ိဳးမ်ားစြာ လုပ္ေနတဲ့ ဖိုးခ်စ္ရဲ႕ ေထာက္ပံ့ေနရသူေတြအတြက္ အခ်ိဳ႕ကိစၥေလးေတြ ေမးထားတာျဖစ္ပါတယ္။

ေဘာလံုးသမားေတြရဲ႕ လစာကို ဘယ္လိုစီစဥ္ေပးျဖစ္လဲလို႔ ဖိုးခ်စ္ကို ေမးခဲ့ပါတယ္။

ဖိုးခ်စ္ကေတာ့ ယခုလိုပဲ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ (၇၀)ရာခိုင္ႏႈန္းျဖတ္ေပးလိုက္တယ္။ တစ္သိန္းဆိုရင္ ခုနစ္ေသာင္းေပါ့။ သူတို႔လဲ သေဘာတူတယ္။ မဟုတ္ရင္လဲ အသင္းက ကြ်န္ေတာ့္ထက္ခ်မ္းသာတဲ့သူေတြေတာင္မွ အသင္းေတြ ရပ္ပလိုက္တာ။ ကြ်န္ေတာ့္ရဲ႕႐ုန္းကန္ရတာေတြ ေျပာရမယ္ဆိုရင္ ေဘာလံုးအသင္းနဲ႔ ဇာတ္အဖြဲ႕ကို ကြ်န္ေတာ္လစာေပးမယ္ဆိုရင္ ေဘာလံုးနဲ႔ ဇာတ္အဖြဲ႕လစာကိုပဲ တစ္လကို သိန္း ၆၀၀ နဲ႔ ၇၀၀ ၾကားရွိတယ္။

ေန႔တဒူက ထမင္းကတေန႔ကို ဆန္ႏွစ္တင္းေလာက္ ခ်က္ရတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ အဲ့တာအတြက္ စိတ္ဓာတ္မက်ဘူး။ စိတ္မပ်က္ဘူး။ ကြ်န္ေတာ့္ အဖြဲ႕သူ အဖြဲ႕သားေတြ ထမင္းၿမိန္ၿမိန္စားေနရတာကို ကြ်န္ေတာ္ရေအာင္ႀကိဳးစားမွာေပါ့။ ေသသြားၿပီးေတာ့ ဒီတိုင္း အက်ိဳးမရွိပဲ ထားခဲ့ရတာထက္ဆိုရင္ေတာ့ ရွင္သန္ခြင့္ရေနတဲ့အခ်ိန္မွာ ကိုယ္ေကြ်းလို႔ရတာ ကိုယ္လုပ္လို႔ရတာ လုပ္ေနရတာ အဓိပၸာယ္ပိုရွိတယ္။ တစ္ခ်ိန္ခ်ိန္မွာ ကိုဖိုးခ်စ္နဲ႔ အင္တာဗ်ဴးအမွတ္တရလဲ ျဖစ္သြားႏိုင္တာပဲ။ ကြ်န္ေတာ္မရွိေတာ့တဲ့ အခ်ိန္က်ရင္ အဲ့လိုျဖစ္မွာ။ ေလာကႀကီးမွာ တစ္ေန႔ထြက္ရမွာခ်င္းအတူတူ လိပ္ျပာလံုေအာင္ေလး ထြက္ခ်င္တယ္။ လို႔ ေျဖခဲ့ပါတယ္။ 

ကိုဖိုးခ်စ္ကို ေဘာလံုးအသင္းသားေတြ စိတ္ဓာတ္မက်ေအာင္ ဘယ္လိုအားေပးလဲဆိုတာဆက္လက္ေမးခဲ့ပါတယ္။

မေန႔ကသြားအားေပးခဲ့တယ္။ ကြ်န္ေတာ္သြားအားေပးလို႔ သံုးဂိုးတစ္ဂိုးပဲရွံုးတာ။ ျပည့္စံုတဲ့ ခ်မ္းသာတဲ့ တကယ့္ဒိတ္ဒိတ္ႀကဲ အသင္းႀကီးေလဗ်ာ။ ကြ်န္ေတာ္ ဇာတ္မင္းသားတစ္ေယာက္ေထာင္ထားတဲ့ အသင္းကေတာ့ ခ်ိဳ႕တဲ့ပါတယ္။ ဆိုေတာ့ မေန႔က သြားအားေပးတယ္။ မင္းတို႔ စိတ္ဓာတ္မက်နဲ႔။ သံုးရက္တစ္ပြဲ ႏွစ္ရက္တစ္ပြဲကန္ရတာ ပင္ပန္းတယ္။ မင္းတို႔ကို ငါမဆူဘူး။ စစ္ကိုင္း ယူႏိုက္တက္ဆိုတဲ့ စိတ္ေတြျပန္ေမြးပါ။ မင္းတို႔ဘာလိုတုန္း ငါ့ကိုေျပာ။ ငါဝင္ေငြမရွိေပမယ့္ ငါရေအာင္ ႐ုန္းကန္မယ္။ ဒါေပမယ့္ ဒီကာလမွာလဲ ေဘာလံုးအသင္းနဲ႔ပတ္သတ္လို႔ ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္လို႔ ဖိုးခ်စ္ ကေျဖခဲ့ပါတယ္။ 

ပရိသတ္ႀကီးေရ အခုဆိုရင္ေတာ့ ပရိသတ္ႀကီးလဲ ဖိုးခ်စ္ရဲ႕ ျမင့္ျမတ္တဲ့ စိတ္ဓာတ္ကို ေသခ်ာသိသြားေလာက္ၿပီထင္ပါတယ္။ ဇာတ္မင္းသားႀကီး ဖိုးခ်စ္ရဲ႕ အဆင္မေျပမႈေတြ ေျပလည္သြားေအာင္ ဆုေတာင္းေပးလိုက္ပါတယ္။ ပရိသတ္ႀကီးလဲ ဖိုးခ်စ္အေပၚ အျမင္ေလးေတြ ေရးခဲ့ေပးပါဦး။ အခ်ိန္ေပးဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သာယာေသာေန႔႐က္ေလး ပိုင္ဆိုင္ၾကပါေစ။ 

Read in UNICODE

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင် လောကမှာ ပရိသတ် အခိုင်အမာရထားပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကို ခံရသူတစ်ယောက်ပါ။ ဇာတ်သဘင်လောကမှာ နာမည်ကြီးသလို မြန်မာ့ ဇာတ်သဘင် ဥက္ကဌအဖြစ်တာဝန်ယူမေပြီး အကျိုးပြုလုပ်ငန်းများစွာကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာ ဖျော်ဖြေမှုတွေ ရပ်နားထားရတာကြောင့် အခက်အခဲရှိလို့ (၁၂)ဘီးကားနှစ်စီးတောင် ရောင်းပြီး အဆင်ပြေအောင် ဆောင်ရွက်နေရသူဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးမှာကတော့ အလုပ်တွေများစွာအပြင် ကောင်းကျိုးများစွာ လုပ်နေတဲ့ ဖိုးချစ်ရဲ့ ထောက်ပံ့နေရသူတွေအတွက် အချို့ကိစ္စလေးတွေ မေးထားတာဖြစ်ပါတယ်။

ဘောလုံးသမားတွေရဲ့ လစာကို ဘယ်လိုစီစဉ်ပေးဖြစ်လဲလို့ ဖိုးချစ်ကို မေးခဲ့ပါတယ်။

ဖိုးချစ်ကတော့ ယခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ (၇၀)ရာခိုင်နှုန်းဖြတ်ပေးလိုက်တယ်။ တစ်သိန်းဆိုရင် ခုနစ်သောင်းပေါ့။ သူတို့လဲ သဘောတူတယ်။ မဟုတ်ရင်လဲ အသင်းက ကျွန်တော့်ထက်ချမ်းသာတဲ့သူတွေတောင်မှ အသင်းတွေ ရပ်ပလိုက်တာ။ ကျွန်တော့်ရဲ့ရုန်းကန်ရတာတွေ ပြောရမယ်ဆိုရင် ဘောလုံးအသင်းနဲ့ ဇာတ်အဖွဲ့ကို ကျွန်တော်လစာပေးမယ်ဆိုရင် ဘောလုံးနဲ့ ဇာတ်အဖွဲ့လစာကိုပဲ တစ်လကို သိန်း ၆၀၀ နဲ့ ၇၀၀ ကြားရှိတယ်။

နေ့တဒူက ထမင်းကတနေ့ကို ဆန်နှစ်တင်းလောက် ချက်ရတယ်။ ဒါပေမယ့် ကျွန်တော် အဲ့တာအတွက် စိတ်ဓာတ်မကျဘူး။ စိတ်မပျက်ဘူး။ ကျွန်တော့် အဖွဲ့သူ အဖွဲ့သားတွေ ထမင်းမြိန်မြိန်စားနေရတာကို ကျွန်တော်ရအောင်ကြိုးစားမှာပေါ့။ သေသွားပြီးတော့ ဒီတိုင်း အကျိုးမရှိပဲ ထားခဲ့ရတာထက်ဆိုရင်တော့ ရှင်သန်ခွင့်ရနေတဲ့အချိန်မှာ ကိုယ်ကျွေးလို့ရတာ ကိုယ်လုပ်လို့ရတာ လုပ်နေရတာ အဓိပ္ပာယ်ပိုရှိတယ်။ တစ်ချိန်ချိန်မှာ ကိုဖိုးချစ်နဲ့ အင်တာဗျူးအမှတ်တရလဲ ဖြစ်သွားနိုင်တာပဲ။ ကျွန်တော်မရှိတော့တဲ့ အချိန်ကျရင် အဲ့လိုဖြစ်မှာ။ လောကကြီးမှာ တစ်နေ့ထွက်ရမှာချင်းအတူတူ လိပ်ပြာလုံအောင်လေး ထွက်ချင်တယ်။ လို့ ဖြေခဲ့ပါတယ်။ 

ကိုဖိုးချစ်ကို ဘောလုံးအသင်းသားတွေ စိတ်ဓာတ်မကျအောင် ဘယ်လိုအားပေးလဲဆိုတာဆက်လက်မေးခဲ့ပါတယ်။

မနေ့ကသွားအားပေးခဲ့တယ်။ ကျွန်တော်သွားအားပေးလို့ သုံးဂိုးတစ်ဂိုးပဲရှုံးတာ။ ပြည့်စုံတဲ့ ချမ်းသာတဲ့ တကယ့်ဒိတ်ဒိတ်ကြဲ အသင်းကြီးလေဗျာ။ ကျွန်တော် ဇာတ်မင်းသားတစ်ယောက်ထောင်ထားတဲ့ အသင်းကတော့ ချို့တဲ့ပါတယ်။ ဆိုတော့ မနေ့က သွားအားပေးတယ်။ မင်းတို့ စိတ်ဓာတ်မကျနဲ့။ သုံးရက်တစ်ပွဲ နှစ်ရက်တစ်ပွဲကန်ရတာ ပင်ပန်းတယ်။ မင်းတို့ကို ငါမဆူဘူး။ စစ်ကိုင်း ယူနိုက်တက်ဆိုတဲ့ စိတ်တွေပြန်မွေးပါ။ မင်းတို့ဘာလိုတုန်း ငါ့ကိုပြော။ ငါဝင်ငွေမရှိပေမယ့် ငါရအောင် ရုန်းကန်မယ်။ ဒါပေမယ့် ဒီကာလမှာလဲ ဘောလုံးအသင်းနဲ့ပတ်သတ်လို့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်လို့ ဖိုးချစ် ကဖြေခဲ့ပါတယ်။ 

ပရိသတ်ကြီးရေ အခုဆိုရင်တော့ ပရိသတ်ကြီးလဲ ဖိုးချစ်ရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို သေချာသိသွားလောက်ပြီထင်ပါတယ်။ ဇာတ်မင်းသားကြီး ဖိုးချစ်ရဲ့ အဆင်မပြေမှုတွေ ပြေလည်သွားအောင် ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ဖိုးချစ်အပေါ် အမြင်လေးတွေ ရေးခဲ့ပေးပါဦး။ အချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သာယာသောနေ့ရက်လေး ပိုင်ဆိုင်ကြပါစေ။ 

Source : PJ’s Facebook

Add a Comment

Your email address will not be published. Required fields are marked *