အမေဖြစ်သူဆီက တစ်သောင်းတန် အထပ်လိုက်ကြီး မွေးနေ့လက်ဆောင် ရရှိခဲ့လို့ ပျော်နေတဲ့ စိုးပြည့်သဇင်
Read in UNICODE
စိုးပြည့်သဇင်ကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ စိုးပြည့်သဇင်ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကို ရရှိပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူမဟာဆိုရင်
သရုပ်ဆောင်ပိုင်းမှာသာမက ဂီတပိုင်းမှာပါ ထူးချွန်အောင်မြင်နေတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ လတ်တလော ရိုက်ကူးရေးတွေရပ်နားထားချိန်မှာ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိပါတယ်။ သူမကိုအားပေးနေတဲ့ပရိသတ်တွေအတွက်
အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ စက်တင်ဘာ(22)ရက်နေ့မှာ ကျရောက်ခဲ့တဲ့သူမမွေးနေ့လေးမှာ စိုးပြည့်သဇင်က”မေမေပေးတဲ့ မွေးနေ့မုန့်ဖိုး”လို့ဆိုပြီး မိခင်ထံကမုန့်ဖိုးလေးတွေရရှိထားလို့
ပျော်ရွှင်နေတာလေးကို လူမှုကွန်ယက်စာမျက်နှာ Mydayပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ရဲ့မွေးနေ့လေးမှာ မိခင်ဖြစ်သူပေးတဲ့ မုန့်ဖိုးလက်ဆောင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Soe Pyae Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *