တို့မမနဲ့တို့ ဇာတ်လမ်းတွဲမှာ အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ ပုံရိပ်လေးတွေ မျှဝေခဲ့တဲ့ မြတ်သူသူ






Read in UNICODE

MRTV-4 ဇာတ်လမ်းတွဲတွေထဲမှာ မြတ်သူသူကတော့ ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေ

အမြဲအချစ်ပိုနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ လတ်တလော MRTV -4 မှာ ထုတ်လွှင့်ပြသနေတဲ့ ” တို့မမနဲ့….. တို့ ” ရုပ်သံဇာတ်

လမ်းတွဲထဲမှာလည်း သန်းသန်းဆွေ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်တဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း မြတ်သူသူ က ပရိသတ်တွေအတွက် မကြာခဏဖော်ပြပေးပါတယ်။ ယခုမှာလည်း မြတ်သူသူ ဟာ ရိုက်ကွင်းနောက်ကွယ်က

သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်သူသူ က ” လိုအပ်လာရင် ပြတ်သားနိုင်ရဲတာကလည်း သတ္တိရှိခြင်းတစ်မျိုးပါပဲ “ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း သန်းသန်းဆွေရဲ့ ဇာတ်ရုပ်ကို

သဘာဝကျကျ ပေါ်လွင်အောင် သရုပ်ဆောင်ထားတာကိုလည်း သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ့…ချစ်ပရိသတ်ကြီး မင်းသမီးချောလေး မြတ်သူသူ ရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Source : Myat Thu Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *