ကြော်ငြာရိုက်ရင်းရတဲ့ လုပ်အားခ(၁၀)သိန်းကို အမေဖြစ်သူကို ကန်တော့ခဲ့တဲ့ မျိုးမင်းစိုး
Read in UNICODE
အောင်မြင်တဲ့ ထိပ်တန်း ဒီဇိုင်နာ တစ်ယောက်အနေနဲ့ မျိုးမင်းစိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်မေတ္တာကို ရရှိထားတဲ့သူတစ်ယောက်ပါ။ ဒီဇိုင်နာ မျိုးမင်းစိုးကတော့ ဒီအချိန်အထိ လူပျိုကြီးဘဝနဲ့ မိခင်ကြီးကို ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ သားလိမ္မာလေးဖြစ်တာကြောင့်
ပရိသတ်တွေက ချီးကျူးနေရတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဒီဇိုင်နာအလုပ်ကနေရရှိလာတဲ့ လုပ်အားခတွေကိုလည်း မိခင်ကြီးကို အပ်လေ့ရှိပြီး လတ်တလောမှာလည်း ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာတဲ့ လုပ်အားခငွေလေးတွေထဲက
(၁၀)သိန်းကိုလည်း မိခင်ကြီးကို ကန်တော့ခဲ့ပါသေးတယ်။ မျိုးမင်းစိုးကတော့ အမေကို အမြဲတမ်း ရသမျှလုပ်အားခတွေနဲ့ ကန်တော့လေ့ရှိပေမဲ့ အခုလို သူရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်မဟုတ်တဲ့ ကြော်ငြာရိုက်ကူးရေးရနေရဲ့တဲ့ လုပ်အားခကိုကန်တော့ခွင့်ရတာကြောင့် ပိုပီတိဖြစ်နေခဲ့ပါတယ်။ အခုလိုကန်တော့ရတဲ့
အကျိုးအားကြောင့်လည်း မိဘကိုအိုမင်းမစွမ်းတဲ့အထိလုပ်ကျွေးနိင်တဲ့သားတယောက်ဖြစ်ပါရစေ လို့လည်း တောင်းဆုပြုထားပါသေးတယ်။ ပရိသတ်ကြီးရေ မျိုးမင်းစိုးလိုသားလိမ္မာမျိုးကတော့ တကယ့်ကိုပဲရှာမှာရှားတဲ့ သာလိမ္မာလေးပါပဲနော်။
Source : Myo Min Soe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *