ခြဲခြာသြားသူ ခင္ပြန္းအတြက္ သံဃာေတာ္အပါး(၁၄၀)ကို ေန႔ဆြမ္းကပ္လွဴခဲ့ၿပီး ရင္တြင္းခံစားခ်က္ေတြ ေျပာျပခဲ့တဲ့ ဝါဝါဝင္းေရႊ

ႏိုင္ငံေက်ာ္ မင္းသမီးႀကီး ဝါဝါဝင္းေရႊကိုေတာ့ အထူးအေထြမိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ မင္းသမီးႀကီး ဝါဝါဝင္းေရႊကေတာ့ တစ္ေခတ္တစ္ခါရဲ႕ ဒိတ္ဒိတ္က်ဲ မင္းသမီးတစ္လက္ျဖစ္ၿပီး အကယ္ဒမီ ေရႊစင္ရုပ္တုေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္ေနာ္.။ မင္းသမီးတစ္ေယာက္အေနနဲ႕လည္း ေအာင္ျမင္မႈေတြနဲ႕အတူ

ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို ရရွိထားသူ မင္းသမီးႀကီး ဝါဝါဝင္းေရႊကေတာ့ ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႕လည္း ဇာတ္ကားေကာင္းမ်ားစြာနဲ႕အတူ အကယ္ဒမီ ဇကာတင္စာရင္းဝင္တဲ့အထိ ေအာင္ျမင္မႈေတြကို ရရွိထားသူပါ.။ အနုပညာအလုပ္ေတြနဲ႕ အလွမ္းမေဝးတဲ့ ထုတ္လုပ္ေရးပိုင္းကိုပဲ လုပ္ကိုင္သူ ဝါဝါဝင္းေရႊကေတာ့ အသက္အရြယ္အရ တရားဘာဝနာပြားမ်ားရင္းနဲ႕ ေအးခ်မ္းစြာပဲ

ေနထိုင္ေနတာျဖစ္ၿပီး ဒီေန႕စက္တင္ဘာလ (၂၃)ရက္ေန႕မွာေတာ့ ဘဝတစ္ပါးသို႕ ကူးေျပာင္းသြားသူ ခင္ပြန္းျဖစ္သူ ဦးသန္းထြဋ္အတြက္ ရည္စူးအလွဴေလး လုပ္ေပးျဖစ္တဲ့ အလွဴေလးကို “ဘဝ ေဟာင္း ကိုစြန္႔ၿပီး ၊ဘဝသစ္သို႔ကူးေျပာင္းသြားတာ တစ္နစ္ နဲ႔ နွစ္လ ျပည့္ျပန္ၿပီ ဒယ္ဒီေရ။ ဒယ္ဒီအတြက္ ေနတိုင္း လတိုင္း နွစ္ျပည့္အလွဴေတြ ကုသိုလ္ေကာင္းမႈေတြ လုပ္ေပးခဲ့ေပမဲ့ ။ခုလို အျပင္မထြက္ရတဲ့အခ်ိန္

မွာေတာ့။ျမတ္စြာဘုရားအမွဴးထားၿပီး ေျမာက္ဥကၠလာ ေက်ာင္္းကဆရာေတာ္ နဲ႔သံဃာအပါး (၁၄၀)တို႔ကို ေန႔ဆြမ္းဆက္ကပ္ ခဲ့ပါတယ္။ခ်စ္ခင္ေပါင္းသင္းဆက္စံျခင္းကား ၊ ေကြကြင္းေနာက္ဆံုးရွိေခ်ဧ။္ ရုပ္ရည္အဆင္း ႏုပ်ိဳျခင္းကား ၊ အိုမင္းေနာက္ဆံုးရွိေခ်ဧ။္ အနိစၥ ၊ မၿမဲပါတကား။ ဒုကၡ ၊ ဆင္းရဲလွပါတကား အနတၲ ၊ အနွစ္ကင္းပ အစိုးမရ ပါတကား။ သူ သြားနွင့္ ၿပီ။ကိုယ္ လည္း ေနာက္

က လိုက္ ရ ေပ အံုးမည္။ အျပင္ကို မထြက္ရတဲ့ အခ်ိန္ေလးမွာ သံဃာ အပါး(၁၄၀)အတြက္ ေန႕ဆြမ္းဆပ္ကပ္ လွဴဒါန္းေပးခဲ့တဲ့ ခင္ပြန္းျဖစ္သူ ဦးသန္းထြဋ္အတြက္ ရည္စူးအလွဴေလးကို ပရိသတ္ႀကီးလည္း သာဓု ေခၚဆိုသြားပါဦးေနာ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္.။

Read in UNICODE

နိုင်ငံကျော် မင်းသမီးကြီး ဝါဝါဝင်းရွှေကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ တစ်ခေတ်တစ်ခါရဲ့ ဒိတ်ဒိတ်ကျဲ မင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီ ရွှေစင်ရုပ်တုပေါင်းများစွာကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်နော်.။ မင်းသမီးတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေနဲ့အတူ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားကောင်းများစွာနဲ့အတူ အကယ်ဒမီ ဇကာတင်စာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေကို ရရှိထားသူပါ.။ အနုပညာအလုပ်တွေနဲ့ အလှမ်းမဝေးတဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲ လုပ်ကိုင်သူ ဝါဝါဝင်းရွှေကတော့ အသက်အရွယ်အရ တရားဘာဝနာပွားများရင်းနဲ့ အေးချမ်းစွာပဲ

နေထိုင်နေတာဖြစ်ပြီး ဒီနေ့စက်တင်ဘာလ (၂၃)ရက်နေ့မှာတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသူ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်အတွက် ရည်စူးအလှူလေး လုပ်ပေးဖြစ်တဲ့ အလှူလေးကို “ဘဝ ဟောင်း ကိုစွန့်ပြီး ၊ဘဝသစ်သို့ကူးပြောင်းသွားတာ တစ်နစ် နဲ့ နှစ်လ ပြည့်ပြန်ပြီ ဒယ်ဒီရေ။ ဒယ်ဒီအတွက် နေတိုင်း လတိုင်း နှစ်ပြည့်အလှူတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့ပေမဲ့ ။ခုလို အပြင်မထွက်ရတဲ့အချိန်

မှာတော့။မြတ်စွာဘုရားအမှူးထားပြီး မြောက်ဥက္ကလာ ကျောင်းကဆရာတော် နဲ့သံဃာအပါး (၁၄၀)တို့ကို နေ့ဆွမ်းဆက်ကပ် ခဲ့ပါတယ်။ချစ်ခင်ပေါင်းသင်းဆက်စံခြင်းကား ၊ ကွေကွင်းနောက်ဆုံးရှိချေဧ။် ရုပ်ရည်အဆင်း နုပျိုခြင်းကား ၊ အိုမင်းနောက်ဆုံးရှိချေဧ။် အနိစ္စ ၊ မမြဲပါတကား။ ဒုက္ခ ၊ ဆင်းရဲလှပါတကား အနတ္တ ၊ အနှစ်ကင်းပ အစိုးမရ ပါတကား။ သူ သွားနှင့် ပြီ။ကိုယ် လည်း နောက်

က လိုက် ရ ပေ အုံးမည်။ အပြင်ကို မထွက်ရတဲ့ အချိန်လေးမှာ သံဃာ အပါး(၁၄၀)အတွက် နေ့ဆွမ်းဆပ်ကပ် လှူဒါန်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်အတွက် ရည်စူးအလှူလေးကို ပရိသတ်ကြီးလည်း သာဓု ခေါ်ဆိုသွားပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source : War War Win Shwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *