ကိုယ္တိုင္ဆြဲထားတဲ့ပန္းခ်ီကို ႏိုင္ငံျခားကလူေတြေတာင္ လာဝယ္ေနၾကေၾကာင္း ေျပာျပခဲ့တဲ့ ပိုင္တံခြန္
|ပိုင္တံခြန္ကေတာ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကိုရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္တစ္ေယာက္ပါ။ ေယာက္်ားပီသလြန္းတဲ့ ႐ုပ္ရည္သြင္ျပင္ ခႏၶာကိုယ္အခ်ိဳးအစားေတြနဲ႔ ဇြဲလုံ႔လႀကီးစြာ အႏုပညာအလုပ္ေတြကို ႀကိဳးစားလြန္းတာေၾကာင့္ ထိုင္းႏိုင္ငံ စတဲ့ အာရွႏိုင္ငံေတြအျပင္ အေနာက္တိုင္းႏိုင္ငံေတြကပါ အားေပးၾကတဲ့အထိကို

ေအာင္ျမင္မႈေတြရရွိေနခဲ့ပါတယ္။ျပည္တြင္းက ပရိသတ္ေတြသာမက ျပည္ပက ပရိသတ္ေတြကလည္း ပိုင္တံခြန္ရဲ႕ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အားေပးေနၾကပါတယ္။ လတ္တေလာမွာေတာ့ ပိုင္တံခြန္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန Stay Home ကာလမွာ ပန္းခ်ီေလးေတြကို ႀကိဳးစားေလ့က်င့္ေနခဲ့ၿပီး နာရီ (၅၀) ေလာက္ၾကာေအာင္ အခ်ိန္ေပးၿပီး ေသခ်ာေလး ေရးဆြဲထားတဲ့

ပထမဆုံး ဆီေဆးပန္းခ်ီကားေလးတစ္ခ်ပ္ကို “I Just finished one Of my paintings” လို႔ ေဖာ္ျပလာခဲ့ပါတယ္။ ခ်စ္ရတဲ့ ပရိသတ္ေတြကိုလည္း စေနာက္တဲ့အေနနဲ႔ “Price- 1500 ( ေမတၱာစစ္ဖို႔ေတာ့ လိုတယ္)” ဆိုၿပီးေတာ့လည္း ေရးသားထားပါေသးတယ္။ ပိုင္တံခြန္ရဲ႕ ဆီေဆး ပန္းခ်ီကားေလးကေတာ့

ပထမဆုံးေရးဆြဲတဲ့ ပန္ခ်ီကားလို႔ေတာင္ မထင္ရေအာင္ လက္ရာေျမာက္လြန္းလွတာေၾကာင့္ စေနာက္ၿပီး Price – 1500 လို႔ ေရးသားထားကို ႏိုင္ငံျခားက သူေတြက တကယ္ထင္မွတ္ၿပီးေတာင္လာဝယ္ေနၾကပါတယ္တဲ့။ ပရိသတ္ႀကီးေရ ပိုင္တံခြန္ကေတာ့ ပန္းခ်ီကားလာဝယ္ေနၾကတဲ့ ႏိုင္ငံျခားက ဝယ္သူေတြကို (၁၅၀၀) ဆိုတာ ခ်စ္ျခင္းေမတၱာကို ရည္ၫႊန္းေၾကာင္း ျပန္လည္ ရွင္းျပေနရပါၿပီေနာ္။
Read in UNICODE
ပိုင်တံခွန်ကတော့ မော်ဒယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ ယောက်ျားပီသလွန်းတဲ့ ရုပ်ရည်သွင်ပြင် ခန္ဓာကိုယ်အချိုးအစားတွေနဲ့ ဇွဲလုံ့လကြီးစွာ အနုပညာအလုပ်တွေကို ကြိုးစားလွန်းတာကြောင့် ထိုင်းနိုင်ငံ စတဲ့ အာရှနိုင်ငံတွေအပြင် အနောက်တိုင်းနိုင်ငံတွေကပါ အားပေးကြတဲ့အထိကို

အောင်မြင်မှုတွေရရှိနေခဲ့ပါတယ်။ပြည်တွင်းက ပရိသတ်တွေသာမက ပြည်ပက ပရိသတ်တွေကလည်း ပိုင်တံခွန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးနေကြပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Stay Home ကာလမှာ ပန်းချီလေးတွေကို ကြိုးစားလေ့ကျင့်နေခဲ့ပြီး နာရီ (၅၀) လောက်ကြာအောင် အချိန်ပေးပြီး သေချာလေး ရေးဆွဲထားတဲ့

ပထမဆုံး ဆီဆေးပန်းချီကားလေးတစ်ချပ်ကို “I Just finished one Of my paintings” လို့ ဖော်ပြလာခဲ့ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း စနောက်တဲ့အနေနဲ့ “Price- 1500 ( မေတ္တာစစ်ဖို့တော့ လိုတယ်)” ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။ ပိုင်တံခွန်ရဲ့ ဆီဆေး ပန်းချီကားလေးကတော့

ပထမဆုံးရေးဆွဲတဲ့ ပန်ချီကားလို့တောင် မထင်ရအောင် လက်ရာမြောက်လွန်းလှတာကြောင့် စနောက်ပြီး Price – 1500 လို့ ရေးသားထားကို နိုင်ငံခြားက သူတွေက တကယ်ထင်မှတ်ပြီးတောင်လာဝယ်နေကြပါတယ်တဲ့။ ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပန်းချီကားလာဝယ်နေကြတဲ့ နိုင်ငံခြားက ဝယ်သူတွေကို (၁၅၀၀) ဆိုတာ ချစ်ခြင်းမေတ္တာကို ရည်ညွှန်းကြောင်း ပြန်လည် ရှင်းပြနေရပါပြီနော်။
Source : Paing Takhon’s Facebook