အလႉေငြ(၁၀)သိန္းကို စာအိတ္ထဲေသခ်ာထည့္ၿပီး စားဝတ္ေနေရးခက္ခဲေနတဲ့ လူ႐ႊင္ေတာ္ႀကီးေတြအတြက္ လႉဒါန္းခဲ့တဲ့ ေနတိုး

အံဝင္ခြင္က်အတိုင္း က်ရာဇာတ္ရုပ္အတိုင္း သရုပ္ေဆာင္တတ္တဲ့ မင္းသားေခ်ာ ေနတိုးက အနုပညာေလာကမွာ လူတကာေလးစားရတဲ့ ဝါရင့္၊ သမၻာရင့္ သရုပ္ေဆာင္တစ္ဦးပဲ ျဖစ္ပါတယ္။ ေနတိုးက အနုပညာေလာကမွာ နွစ္ေပါင္းအေတာ္ၾကာ ေအာင္ျမင္ခဲ့ျပီး အခုခ်ိန္ထိလည္း တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူအခိုင္အမာရရိွထားတဲ့ ဒိတ္ဒိတ္ၾကဲ

မင္းသားတစ္ဦး ျဖစ္ပါတယ္။ ေနတိုးကေတာ့ လက္ရိွ အသက္ (၃၉) နွစ္အရြယ္ထိ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း လူပ်ိဳၾကီးအျဖစ္ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ လက္ရိွ ကိုဗစ္ကာလမွာ အလွဴအတန္းေတြ ဆက္တိုက္လုပ္ကိုင္ေနတဲ့ ေနတိုးကေတာ့ ဒီကေန့ စက္တင္ဘာလ (၂၃) ရက္ေန့မွာလည္း ေနတိုးက သူ့ရဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြျဖစ္တဲ့

လူရႊင္ေတာ္အသိုင္းအဝုိင္းကို အလွဴေငြမ်ား လွဴဒါန္းေပးခဲ့ျပန္ပါတယ္။ ေနတိုးက ကိုဗစ္ကာလမွာ စားဝတ္ေနေရးအခက္အခဲနဲ့ ၾကံဳေနရတဲ့ လူရႊင္ေတာ္ၾကီးေတြအတြက္ အလွဴေငြ(၁၀)သိန္းကို စာအိတ္ေလးထဲေသခ်ာထည့္ျပီး လူရႊင္ေတာ္အသင္းဝင္တစ္ေယာက္ျဖစ္သူ ဒိန္းေဒါင္ကို ေပးအပ္လွဴဒါန္းခဲ့ပါတယ္။ ေနတိုးကေတာ့ ေအာင္ျမင္မႈေတြရရိွေနသူပီပီ သူရရိွသမွ်

အနုပညာေၾကးေတြကို ျပည္သူေတြနဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြဆီ ခြဲေဝျပီး လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းသားေခ်ာ ေနတိုးရဲ့ ဒီကေန့ ကုသုိလ္ေလးကိုၾကည့္ျပီး ထပ္တူဝမ္းေျမာက္မယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အံဝင်ခွင်ကျအတိုင်း ကျရာဇာတ်ရုပ်အတိုင်း သရုပ်ဆောင်တတ်တဲ့ မင်းသားချော နေတိုးက အနုပညာလောကမှာ လူတကာလေးစားရတဲ့ ဝါရင့်၊ သမ္ဘာရင့် သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ နေတိုးက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူအခိုင်အမာရရှိထားတဲ့ ဒိတ်ဒိတ်ကြဲ

မင်းသားတစ်ဦး ဖြစ်ပါတယ်။ နေတိုးကတော့ လက်ရှိ အသက် (၃၉) နှစ်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာ အလှူအတန်းတွေ ဆက်တိုက်လုပ်ကိုင်နေတဲ့ နေတိုးကတော့ ဒီကနေ့ စက်တင်ဘာလ (၂၃) ရက်နေ့မှာလည်း နေတိုးက သူ့ရဲ့ အနုပညာညီအစ်ကိုမောင်နှမတွေဖြစ်တဲ့

လူရွှင်တော်အသိုင်းအဝိုင်းကို အလှူငွေများ လှူဒါန်းပေးခဲ့ပြန်ပါတယ်။ နေတိုးက ကိုဗစ်ကာလမှာ စားဝတ်နေရေးအခက်အခဲနဲ့ ကြုံနေရတဲ့ လူရွှင်တော်ကြီးတွေအတွက် အလှူငွေ(၁၀)သိန်းကို စာအိတ်လေးထဲသေချာထည့်ပြီး လူရွှင်တော်အသင်းဝင်တစ်ယောက်ဖြစ်သူ ဒိန်းဒေါင်ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ နေတိုးကတော့ အောင်မြင်မှုတွေရရှိနေသူပီပီ သူရရှိသမျှ

အနုပညာကြေးတွေကို ပြည်သူတွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေဆီ ခွဲဝေပြီး လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားချော နေတိုးရဲ့ ဒီကနေ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူဝမ်းမြောက်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Toe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *