ပိုက္ဆံေတြေခ်းထားၿပီး ျပန္မေပးတဲ့သူေတြကို ေပါက္ကြဲေျပာဆိုခဲ့တဲ့ ႏိုင္းဝမ္း

ႏုိင္းဝမ္းကိုေတာ့ အထူးအေထြမိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ ကိုယ္တိုင္ေရးသီခ်င္းအမိုက္စားေတြနဲ႕ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိထားသူ ႏိုင္းဝမ္းကေတာ့ သီခ်င္းထဲကလို အလြမ္းအေဆြးေတြမရွိဘဲ အျပင္မွာ ေပ်ာ္ရႊင္စြာ ေနတတ္သူပါ.။ ရိုးရွင္းေအးခ်မ္းစြာ ေနသလို ကတိတည္မွ ႀကိဳက္သူ လူစားထဲက ႏိုင္းဝမ္းကေတာ့ Covid ကာလ Lock down ခ်ထားတဲ့ အေျခအေနမွာ မိတ္ေဆြတစ္ခ်ိဳ႕လုပ္တဲ့လုပ္ရပ္ေတြကို မႀကိဳက္တဲ့ အေၾကာင္းေလးကို စက္တင္ဘာလ (၂၁)ရက္ေန႕မွာ “ကိုဗစ္ကာလ

အခုလိုညဘက္ေလာ့ေဒါင္းအခ်ိန္မွာ ညတိုင္းလိုလိုႀကဳံေနရတာတစ္ခုက “ညဘက္အျပင္ထြက္ဝယ္လို႔မရလို႔ ဖုန္းေဘလ္ေလးပို႔ေပးပါ၊ မိုးလင္းရင္ျပန္ပို႔ေပးပါ့မယ္”ေျပာေျပာၿပီး ဘယ္တုန္းကမွျပန္မပို႔ေပးတဲ့သူေတြနဲ႔(ဖုန္းေဘဆိုလို႔ ၃ေထာင္ပို႔ေပးေတာ့လဲမရျပန္ဘူး)၊ ေန႔ခင္းဘက္ဖုန္းဆက္လာၿပီး “အျပင္ထြက္လာတာ ပိုက္ဆံအိတ္ေမ့က်န္ခဲ့လို႔ တစ္ေသာင္း၊ ႏွစ္ေသာင္းေလာက္ waveကလႊဲၿပီးခဏေခ်းပါ” ဆိုတဲ့သူေတြ ေတာ္ေတာ္မ်ားလာတယ္..။ ႏွစ္ေသာင္းေလာက္နဲ႔ၾကေတာ့ အားနာၿပီးျပန္မေတာင္းမွာႀကိဳသိထားေတာ့

အဲ့ဒီဉာဏ္ႀကီးရွင္ေတြက တစ္ေယာက္ဆီဖုန္းဆက္ တစ္ေသာင္းႏႈန္းနဲ႔ မိတ္ေဆြအေယာက(္၅၀)ေလာက္ဆီဖုန္းဆက္ေခ်းၿပီး ကိုယ့္ထက္ေတာင္ခ်မ္းသာကုန္ၾကၿပီထင္တယ္…။ (ကိုဗစ္ကာလမွ အသစ္ေပၚလာတဲ့ စီးပြားေရးအကြက္ေလးေတြ လွခ်က္ပဲ၊ မသိရင္ ကိုယ့္ဖုန္းထဲကမိုဘိုင္းဘဏ္းကင္းႀကီးက သူ႔အေဖအေမြေပးထားတဲ့အတိုင္းပဲ) 🙄🙄🙄 ဒင္းတို႔ရန္ကိုေၾကာက္လြန္းလို႔ အခုဆို မက္ဆင္ဂ်ာက စာေတြဝင္ထားရင္ေတာင္ ဝင္မဖတ္ျဖစ္ေတာ့ဘူး 😂😂😂 ကပ္ေစးနဲလို႔ေျပာတာေတာ့မဟုတ္ပါဘူး..။ အားနာလို႔ျပန္မေတာင္းမွန္းသိေတာ့

အၿမဲတမ္းႀကီးအဲ့လိုပဲ လာလာလုပ္ေနၾကေတာ့ မသိရင္ကိုယ္ကပဲ$ခ်ဥ္ေကာင္ႀကီးကိုျဖစ္လို႔ 😏😏😏 {ခင္မင္မႈကိုအခြင့္အေရးမယူၾကပါနဲ႔၊ ျပန္ေပးမယ္လို႔ေျပာထားတဲ့ကတိကို ျပန္မေတာင္းရင္ေတာင္ကိုယ့္အသိစိတ္ဓာတ္နဲ႔ တည္ၾကပါ}” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ ႏိုင္းဝမ္းကေတာ့ သူၾကံဳေတြ႕ေနရတဲ့ အျဖစ္အပ်က္ေလးကို ရင္ဖြင့္ရင္း ကတိမတည္ၾကသူေတြကို ဒဲ့ေျပာလိုက္တာပါပဲေနာ္..ပရိသတ္ႀကီး.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္.။

Read in UNICODE

နိုင်းဝမ်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ကိုယ်တိုင်ရေးသီချင်းအမိုက်စားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူ နိုင်းဝမ်းကတော့ သီချင်းထဲကလို အလွမ်းအဆွေးတွေမရှိဘဲ အပြင်မှာ ပျော်ရွှင်စွာ နေတတ်သူပါ.။ ရိုးရှင်းအေးချမ်းစွာ နေသလို ကတိတည်မှ ကြိုက်သူ လူစားထဲက နိုင်းဝမ်းကတော့ Covid ကာလ Lock down ချထားတဲ့ အခြေအနေမှာ မိတ်ဆွေတစ်ချို့လုပ်တဲ့လုပ်ရပ်တွေကို မကြိုက်တဲ့ အကြောင်းလေးကို စက်တင်ဘာလ (၂၁)ရက်နေ့မှာ “ကိုဗစ်ကာလ

အခုလိုညဘက်လော့ဒေါင်းအချိန်မှာ ညတိုင်းလိုလိုကြုံနေရတာတစ်ခုက “ညဘက်အပြင်ထွက်ဝယ်လို့မရလို့ ဖုန်းဘေလ်လေးပို့ပေးပါ၊ မိုးလင်းရင်ပြန်ပို့ပေးပါ့မယ်”ပြောပြောပြီး ဘယ်တုန်းကမှပြန်မပို့ပေးတဲ့သူတွေနဲ့(ဖုန်းဘေဆိုလို့ ၃ထောင်ပို့ပေးတော့လဲမရပြန်ဘူး)၊ နေ့ခင်းဘက်ဖုန်းဆက်လာပြီး “အပြင်ထွက်လာတာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ တစ်သောင်း၊ နှစ်သောင်းလောက် waveကလွှဲပြီးခဏချေးပါ” ဆိုတဲ့သူတွေ တော်တော်များလာတယ်..။ နှစ်သောင်းလောက်နဲ့ကြတော့ အားနာပြီးပြန်မတောင်းမှာကြိုသိထားတော့

အဲ့ဒီဉာဏ်ကြီးရှင်တွေက တစ်ယောက်ဆီဖုန်းဆက် တစ်သောင်းနှုန်းနဲ့ မိတ်ဆွေအယောက(်၅၀)လောက်ဆီဖုန်းဆက်ချေးပြီး ကိုယ့်ထက်တောင်ချမ်းသာကုန်ကြပြီထင်တယ်…။ (ကိုဗစ်ကာလမှ အသစ်ပေါ်လာတဲ့ စီးပွားရေးအကွက်လေးတွေ လှချက်ပဲ၊ မသိရင် ကိုယ့်ဖုန်းထဲကမိုဘိုင်းဘဏ်းကင်းကြီးက သူ့အဖေအမွေပေးထားတဲ့အတိုင်းပဲ) 🙄🙄🙄 ဒင်းတို့ရန်ကိုကြောက်လွန်းလို့ အခုဆို မက်ဆင်ဂျာက စာတွေဝင်ထားရင်တောင် ဝင်မဖတ်ဖြစ်တော့ဘူး 😂😂😂 ကပ်စေးနဲလို့ပြောတာတော့မဟုတ်ပါဘူး..။ အားနာလို့ပြန်မတောင်းမှန်းသိတော့

အမြဲတမ်းကြီးအဲ့လိုပဲ လာလာလုပ်နေကြတော့ မသိရင်ကိုယ်ကပဲ$ချဉ်ကောင်ကြီးကိုဖြစ်လို့ 😏😏😏 {ခင်မင်မှုကိုအခွင့်အရေးမယူကြပါနဲ့၊ ပြန်ပေးမယ်လို့ပြောထားတဲ့ကတိကို ပြန်မတောင်းရင်တောင်ကိုယ့်အသိစိတ်ဓာတ်နဲ့ တည်ကြပါ}” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နိုင်းဝမ်းကတော့ သူကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးကို ရင်ဖွင့်ရင်း ကတိမတည်ကြသူတွေကို ဒဲ့ပြောလိုက်တာပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source : Nine One’s Facebook

Add a Comment

Your email address will not be published. Required fields are marked *