မိခင္ျဖစ္သူ ကိုဗစ္ကူးစက္ခံခဲ့ရေပမယ့္ က်န္းမာေရးျပန္ေကာင္းလာတာေၾကာင့္ ေပ်ာ္ေနတဲ့ ခင္ဘုဏ္း

ခင္ဘုဏ္းရဲ႕ မိခင္ကေတာ့ လက္ရွိမွာ အသက္(၇၂) ႏွစ္ရွိပါၿပီ။ သူမဟာ Covid Positive ေၾကာင့္ ႐ိုးမအိမ္ယာမွာ Quarantine ဝင္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒီေန႔ စက္တင္ဘာလ(၂၂) ရက္ေန႔မွာေတာ့ Quarantine ရက္ျပည့္သလို ေရာဂါပိုးလည္း မရွိေတာ့တာေၾကာင့္ အိမ္ျပန္ရေတာ့မယ္လို႔ ခင္ဘုဏ္းက ဝမ္းသာ အားရနဲ႔ ေျပာျပလာပါတယ္။ ” မဂၤလာနံနက္ခင္းပါရွင္။ ေမေမက

ဆီးခ်ိဳရွိၿပီး ဖ်ားထားလို႔ ကြၽန္မက အရမ္းစိတ္ပူခဲ့ရပါတယ္။ ဒါေပမယ့္ ေမေမကေတာ့ စိတ္ဓါတ္ခြန္အားအျပည့္နဲ႔ပဲ ျဖတ္သန္းခဲ့ၿပီး အခုေတာ့သတ္မွတ္ထားတဲ့ရက္ျပည့္လို႔ အိမ္ျပန္လို႔ ရပါေတာ့မယ္။ေမေမ့အတြက္စိတ္ပူၿပီး ဆုေတာင္းေပးၾကသူမ်ားအတြက္ ဝမ္းသာေအာင္ ေျပာျပတာပါ။ အဖက္ဖက္က လူအားစိတ္အား တတ္ႏိုင္သမွ်ကူညီ ေစာင့္ေရွာက္ ၾကသူမ်ားကို ေက်းဇူးတင္ပါတယ္”

ဆိုၿပီးေတာ့ စက္တင္ဘာလ(၂၁) ရက္ေန႔ မနက္ ၉ နာရီက သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။ ခင္ဘုဏ္းဟာ သူမရဲ႕ မိခင္လိုမ်ိဳး Covid-19 ကူးစက္ေရာဂါကို အေကာင္းဆုံး ျဖတ္ေက်ာ္ႏိုင္ဖို႔အတြက္ Quarantine ဝင္ေနရသူေတြကို အားေပးစကားဆိုခဲ့ပါတယ္။ ” ကြၽန္မတို႔ ဘာပဲျဖစ္ျဖစ္စိတ္ဓါတ္ ခြန္အားနဲ႔ပဲ အားလုံးကိုေက်ာ္ျဖတ္ႏိုင္ပါတယ္လို႔ အားေပးခ်င္ပါတယ္။ အားမေလွ်ာ့ပါနဲ႔ေနာ္။ကမာၻႀကီးေပၚက

လူသားအားလုံးလည္း ဒီ ကပ္ဆိုးႀကီးေဘးက လြတ္ေျမာက္ပါေစေၾကာင္း ဆုေတာင္းလိုက္ပါတယ္။ #We_Can_Do_It ခင္ဘုဏ္း။ Covid ႀကီးထြက္သြားရင္ ေမႀကီးနဲ႔တူတူ ညေနဖက္ဘုရားမွာ တရားထိုင္မယ္။ ဆင္တူေလးေတြ ဝတ္ၿပီး ေလွ်ာက္သြားၾကမယ္ ေနာ္” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားထားပါေသးတယ္။ ခင္ဘုဏ္း ကိုေတာ့ သၾကၤန္သီခ်င္းေတြကေနတဆင့္

ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ Group Song မ်ားစြာမွာလည္း ပါဝင္သီဆိုခဲ့သူျဖစ္ပါတယ္။ ျပည္ပမွာ ေခတ္စားလွ်က္ရွိတဲ့ ဂီေတ ရစီးေၾကာင္း ေလးေတြအတိုင္း ျမန္မာႏိုင္ငံက အဆိုေတာ္ေတြ ကလည္း သီခ်င္း ပုံစံေလး ေတြ ေျပာင္းလဲလာတာေၾကာင့္ သူမ ကိုယ္တိုင္လည္း သီခ်င္းပုံစံေတြ ေျပာင္းဆိုဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာပါတယ္။

Read in UNICODE

ခင်ဘုဏ်းရဲ့ မိခင်ကတော့ လက်ရှိမှာ အသက်(၇၂) နှစ်ရှိပါပြီ။ သူမဟာ Covid Positive ကြောင့် ရိုးမအိမ်ယာမှာ Quarantine ဝင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ(၂၂) ရက်နေ့မှာတော့ Quarantine ရက်ပြည့်သလို ရောဂါပိုးလည်း မရှိတော့တာကြောင့် အိမ်ပြန်ရတော့မယ်လို့ ခင်ဘုဏ်းက ဝမ်းသာ အားရနဲ့ ပြောပြလာပါတယ်။ ” မင်္ဂလာနံနက်ခင်းပါရှင်။ မေမေက

ဆီးချိုရှိပြီး ဖျားထားလို့ ကျွန်မက အရမ်းစိတ်ပူခဲ့ရပါတယ်။ ဒါပေမယ့် မေမေကတော့ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အခုတော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်လို့ ရပါတော့မယ်။မေမေ့အတွက်စိတ်ပူပြီး ဆုတောင်းပေးကြသူများအတွက် ဝမ်းသာအောင် ပြောပြတာပါ။ အဖက်ဖက်က လူအားစိတ်အား တတ်နိုင်သမျှကူညီ စောင့်ရှောက် ကြသူများကို ကျေးဇူးတင်ပါတယ်”

ဆိုပြီးတော့ စက်တင်ဘာလ(၂၁) ရက်နေ့ မနက် ၉ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ခင်ဘုဏ်းဟာ သူမရဲ့ မိခင်လိုမျိုး Covid-19 ကူးစက်ရောဂါကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့အတွက် Quarantine ဝင်နေရသူတွေကို အားပေးစကားဆိုခဲ့ပါတယ်။ ” ကျွန်မတို့ ဘာပဲဖြစ်ဖြစ်စိတ်ဓါတ် ခွန်အားနဲ့ပဲ အားလုံးကိုကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ်။ အားမလျှော့ပါနဲ့နော်။ကမ္ဘာကြီးပေါ်က

လူသားအားလုံးလည်း ဒီ ကပ်ဆိုးကြီးဘေးက လွတ်မြောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ #We_Can_Do_It ခင်ဘုဏ်း။ Covid ကြီးထွက်သွားရင် မေကြီးနဲ့တူတူ ညနေဖက်ဘုရားမှာ တရားထိုင်မယ်။ ဆင်တူလေးတွေ ဝတ်ပြီး လျှောက်သွားကြမယ် နော်” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့်

ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *