အႏုပညာနဲ႔ပတ္သတ္ၿပီး ျဖတ္လမ္းကလိုက္ၿပီး ေအာင္ျမင္တာကို သေဘာမက်ဘူးဆိုတဲ့ ဘုန္းသီရိေက်ာ္

ဘုန္းသီရိေက်ာ္ကေတာ့ ပညာေရးမွာလည္း ထူးခြၽန္သလို အႏုပညာေလာကမွာ ေအာင္ျမင္ဖို႔ ႀကိဳးစားေနသူတစ္ဦးပါ။ လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနတာ ျဖစ္ၿပီး သူမရဲ႕ ရည္မွန္းခ်က္ကို ေျပာျပလာပါတယ္။“ ညီမလည္း ေအာင္ျမင္ခ်င္တဲ့ လူတစ္ေယာက္ပါ။ ဒါေပမယ့္ ေအာင္ျမင္ဖို႔အတြက္ ျဖတ္လမ္းလိုက္တာတို႔၊ ေပၚပင္တစ္ခုေပၚလာရင္ အဲဒီေပၚပင္လို လိုက္လုပ္တာမ်ိဳးတို႔ထက္စာရင္ ေျဖးေျဖးနဲ႔ မွန္မွန္သြားတဲ့ ပုံစံကို လူေတြက

သေဘာက်လာမယ္။ အဲဒီကေန ရလာတဲ့ အခြင့္အေရးေတြကို အေကာင္းဆုံး အသုံးခ်ၿပီးေတာ့ အကယ္၍ နည္းနည္းေလး သ႐ုပ္ေဆာင္ခြင့္ရလာရင္လည္း အေကာင္းဆုံး ႀကိဳးစားမယ္။ အဲဒီကေနမွ တဆင့္ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကေနဆင့္ ရလာမယ့္ အခြင့္အေရးေတြ အေပၚ အေသးေလးကေန အႀကီးႀကီးေတြ အထိ သြားခ်င္တာပါ” လို႔ သူကဆိုပါတယ္။ ဘုန္းသီရိေက်ာ္ အေနနဲ႔ အႏုပညာအလုပ္ေတြ လုပ္လာရလို႔ အႏုပညာေၾကးေတြ ရရွိလာတဲ့အခ်ိန္မွာ ေငြသုံးၾကမ္းခဲ့တဲ့အခ်ိန္ေတြ ရွိတယ္လို႔ ဆိုပါတယ္။ အခုခ်ိန္မွာေတာ့

ပိုက္ဆံစုၿပီး မိဘေတြ အတြက္ သမီးလိမၼာေလးျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႔ သူက ေျပာပါတယ္။ “ ညီမ အႏုပညာအလုပ္လုပ္ၿပီး (၂) ႏွစ္ေလာက္ၾကာတဲ့ အခ်ိန္မွာ ေၾကာ္ျငာေတြလည္း အမ်ားႀကီး႐ိုက္ရတယ္၊ လူေတြလည္း အမ်ားႀကီး သိလာတဲ့အခ်ိန္မွာ သူမ်ားေတြက Brand အိတ္ႀကီးေတြ ဝယ္သုံးၾကေတာ့ ညီမလည္း လိုက္သုံးဖူးတယ္။ သူမ်ားေတြ ခရီးသြားရင္လည္း ငါလည္း ခရီးထြက္ဦးမွပါ ဆိုၿပီးေတာ့ ခရီးေတြ ထြက္ခဲ့ဖူးတယ္။ ဒါေပမယ့္ အဲဒါေတြက ခဏပဲေပ်ာ္ရတာ။ ပိုက္ဆံေတြ အမ်ားႀကီး ကုန္သြားၿပီးေတာ့မွ

ငါ ဒီအတိုင္းေလး ၿငိမ္ၿငိမ္ေနလိုက္ရင္ ပိုက္ဆံ ဒီေလာက္က်န္မွာပဲ ဆိုၿပီးေတာ့ ရင္ထဲပူလာတယ္။ အဲဒီလို ပူေလာင္တဲ့ အခ်ိန္က်ေတာ့မွ ငါ လိမၼာသင့္ၿပီ၊ ပိုက္ဆံကို စုထားရမွာပါလား ဆိုၿပီးေတာ့ စိတ္ထဲမွာ မွတ္ထားတယ္။ အခုေတာ့ လိမၼာသြားပါၿပီ” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ ဘုန္းသီရိေက်ာ္ကို SAI Cosmetix ေၾကာ္ျငာ႐ိုက္ကူးေရးကေနတဆင့္ အႏုပညာေလာကထဲ ဝင္ေရာက္လာသူျဖစ္ပါတယ္။ သူမဟာ အဆိုေတာ္

ေဇာ္ပိုင္ရဲ႕ ” ျပည့္စုံလြန္း” ဆိုတဲ့ သီခ်င္း MTV ေလးကေနတဆင့္ ပရိသတ္အခိုင္အမာ ရရွိခဲ့သူတစ္ဦးဆိုလည္း မမွားပါဘူး။ သူမအေနနဲ႔ TV ေၾကာ္ျငာမ်ားစြာလည္း ႐ိုက္ကူးထားတာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္ကိုလည္း ေျခလွမ္းစတင္‌‌ေန ၿပီျဖစ္ပါတယ္။ ဘုန္းသီရိေက်ာ္ကိုေတာ့ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ Jenny လို႔လည္း ေခၚၾကပါေသးတယ္။ အႏုပညာ အလုပ္ေတြကို ေအာင္ျမင္ဖို႔ ႀကိဳးစားေနေပမယ့္ ပညာေရးမွာေတာ့ သူမက ဥပေဒနဲ႔ ဘြဲ႕ရရွိထားၿပီးပါၿပီ။

Read in UNICODE

ဘုန်းသီရိကျော်ကတော့ ပညာရေးမှာလည်း ထူးချွန်သလို အနုပညာလောကမှာ အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာ ဖြစ်ပြီး သူမရဲ့ ရည်မှန်းချက်ကို ပြောပြလာပါတယ်။“ ညီမလည်း အောင်မြင်ချင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ဖြတ်လမ်းလိုက်တာတို့၊ ပေါ်ပင်တစ်ခုပေါ်လာရင် အဲဒီပေါ်ပင်လို လိုက်လုပ်တာမျိုးတို့ထက်စာရင် ဖြေးဖြေးနဲ့ မှန်မှန်သွားတဲ့ ပုံစံကို လူတွေက

သဘောကျလာမယ်။ အဲဒီကနေ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီးတော့ အကယ်၍ နည်းနည်းလေး သရုပ်ဆောင်ခွင့်ရလာရင်လည်း အကောင်းဆုံး ကြိုးစားမယ်။ အဲဒီကနေမှ တဆင့် ကိုယ့်ရဲ့ အရည်အချင်းတွေကနေဆင့် ရလာမယ့် အခွင့်အရေးတွေ အပေါ် အသေးလေးကနေ အကြီးကြီးတွေ အထိ သွားချင်တာပါ” လို့ သူကဆိုပါတယ်။ ဘုန်းသီရိကျော် အနေနဲ့ အနုပညာအလုပ်တွေ လုပ်လာရလို့ အနုပညာကြေးတွေ ရရှိလာတဲ့အချိန်မှာ ငွေသုံးကြမ်းခဲ့တဲ့အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့

ပိုက်ဆံစုပြီး မိဘတွေ အတွက် သမီးလိမ္မာလေးဖြစ်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ “ ညီမ အနုပညာအလုပ်လုပ်ပြီး (၂) နှစ်လောက်ကြာတဲ့ အချိန်မှာ ကြော်ငြာတွေလည်း အများကြီးရိုက်ရတယ်၊ လူတွေလည်း အများကြီး သိလာတဲ့အချိန်မှာ သူများတွေက Brand အိတ်ကြီးတွေ ဝယ်သုံးကြတော့ ညီမလည်း လိုက်သုံးဖူးတယ်။ သူများတွေ ခရီးသွားရင်လည်း ငါလည်း ခရီးထွက်ဦးမှပါ ဆိုပြီးတော့ ခရီးတွေ ထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါတွေက ခဏပဲပျော်ရတာ။ ပိုက်ဆံတွေ အများကြီး ကုန်သွားပြီးတော့မှ

ငါ ဒီအတိုင်းလေး ငြိမ်ငြိမ်နေလိုက်ရင် ပိုက်ဆံ ဒီလောက်ကျန်မှာပဲ ဆိုပြီးတော့ ရင်ထဲပူလာတယ်။ အဲဒီလို ပူလောင်တဲ့ အချိန်ကျတော့မှ ငါ လိမ္မာသင့်ပြီ၊ ပိုက်ဆံကို စုထားရမှာပါလား ဆိုပြီးတော့ စိတ်ထဲမှာ မှတ်ထားတယ်။ အခုတော့ လိမ္မာသွားပါပြီ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ ဘုန်းသီရိကျော်ကို SAI Cosmetix ကြော်ငြာရိုက်ကူးရေးကနေတဆင့် အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူမဟာ အဆိုတော်

ဇော်ပိုင်ရဲ့ ” ပြည့်စုံလွန်း” ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ သူမအနေနဲ့ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်‌‌နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *