(၂၆)ႏွစ္ျပည့္ေမြးေန႔အေနနဲ႔ တိုင္းရင္းသားမိဘမဲ့ပရဟိတေက်ာင္းမွာ အလွဴေလးျပဳလုပ္ခဲ့တဲ့ ခင္ဝင့္ဝါ

စက္တင္ဘာလ (၂၁)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါရဲ႕ အသက္ (၂၆) ႏွစ္ျပည့္ေျမာက္တဲ့ ေမြးေန႔ရက္ေလးပဲျဖစ္ပါတယ္။ ဒီေန႔က်ေရာက္တဲ့ ေမြးေန႔ေလးမွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလးခင္ဝင့္ဝါက

ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ အလႉေလးျပဳလုပ္ခဲ့ပါတယ္။ ခင္ဝင့္ဝါက ဒီေန႔ေမြးေန႔ေလးမွာေတာ့ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး/ အျမန္လမ္း(၁၄၉)မိုင္အေနာက္ဘက္မွာ တည္ရွိတဲ့ တိုင္းရင္းသားမိဘမဲ့ပရဟိတေက်ာင္းမွာ လွ်ပ္စစ္မီးရရွိေရးအတြက္မီးႀကိဳးမ်ားဝယ္ယူႏိုင္ရန္

အလႉေငြ တစ္သိန္းတစ္ေသာင္းက်ပ္ကိုလႉဒါန္းေပးခဲ့ပါတယ္။ ဒါအျပင္ တိုင္းရင္းသားမိဘမဲ့ပရဟိတေက်ာင္းမွ သံဃာေတာ္မ်ား ရွင္သာမေဏမ်ား မိဘမဲ့ဆင္းရဲႏြမ္းပါးကေလးသူငယ္မ်ားအတြက္ တစ္ေန႔တာဆြမ္းအာဟာရဒါန အလႉေလးကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ

ေမြးေန႔ရက္ျမတ္ေလးမွာ အလႉအတန္းေလးျပဳလုပ္ျဖတ္သန္းခဲ့တဲ့ မင္းသမီးေခ်ာေလးခင္ဝင့္ဝါရဲ႕ အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆို မုဒိတာပြားလို႔ရေအာင္ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။ ပရိသတ္ႀကီးေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Read in UNICODE

စက်တင်ဘာလ (၂၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အသက် (၂၆) နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေးခင်ဝင့်ဝါက

မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။ ခင်ဝင့်ဝါက ဒီနေ့မွေးနေ့လေးမှာတော့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး/ အမြန်လမ်း(၁၄၉)မိုင်အနောက်ဘက်မှာ တည်ရှိတဲ့ တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်းမှာ လျှပ်စစ်မီးရရှိရေးအတွက်မီးကြိုးများဝယ်ယူနိုင်ရန်

အလှူငွေ တစ်သိန်းတစ်သောင်းကျပ်ကိုလှူဒါန်းပေးခဲ့ပါတယ်။ ဒါအပြင် တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်းမှ သံဃာတော်များ ရှင်သာမဏေများ မိဘမဲ့ဆင်းရဲနွမ်းပါးကလေးသူငယ်များအတွက် တစ်နေ့တာဆွမ်းအာဟာရဒါန အလှူလေးကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ

မွေးနေ့ရက်မြတ်လေးမှာ အလှူအတန်းလေးပြုလုပ်ဖြတ်သန်းခဲ့တဲ့ မင်းသမီးချောလေးခင်ဝင့်ဝါရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆို မုဒိတာပွားလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source : တိုင္းရင္းသားမိဘမဲ့ပရဟိတေက်ာင္းဆရာေတာ္’s Facebook

Add a Comment

Your email address will not be published. Required fields are marked *