(၃၃)နှစ်ပြည့် မွေးနေ့ပွဲလေးကို မိသားစုတွေနဲ့ အိမ်ထဲမှာပဲ ပျော်ရွှင်စွာ ဆင်နွှဲခဲ့တဲ့ နန်းဆုရတီစိုး
Read in UNICODE
စက်တင်ဘာလ (၁၈)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ နန်းဆုက အသက် (၃၃)နှစ် ပြည့်မြောက်သွားတဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ နန်းဆုကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ရက်လေးမှာ သူ့ရဲ့ပရိသတ်တွေနဲ့
အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလေ့ရှိပေမဲ့ ဒီနှစ်မွေးနေ့ရက်လေးမှာတော့ Covid ကြောင့် မိသားစုနဲ့ သာဖြတ်သန်းဖြစ်ခဲ့ပါတယ်။ နန်းဆုကလည်း အရင်ဆို ပရိတ်သတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ ဒီနှစ်မွေးနေ့တော့ stay home
ဆိုတော့ အိမ်မှာ မိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိသားစုတွေနဲ့ မွေးနေ့ပွဲကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင်
နန်းဆုကလည်း ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ ပြန်လည် ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ ပရိသတ်ကြီးရေ နန်းဆုရဲ့ မိသားစုတွေနဲ့အတူတူမွေးနေ့ပွဲလေးကျင်းပခဲ့တဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source : Nansu Yati Soe