သမီးေလးတစ္ေယာက္ကို အိမ္ေခၚၿပီး အၿပီးေမြးစားျဖစ္ခဲ့တဲ့ အေၾကာင္းကို ေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတအလုပ္ေတြ ကိုဗစ္ ကာလအတြင္းမွာလည္း ခိုင္ႏွင္းေဝကေတာ့ ဆက္တိုက္ ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ သူမရဲ႕ ရင္ေသြးေလးေတြရဲ႕ ေဂဟာမွာလည္း ကေလးေတြကို ကိုယ္တိုင္ေစာင့္ေရွာက္ေပးေနတယ္လို႔ သိရပါတယ္။ ခိုင္ႏွင္းေဝရဲ႕ ပရဟိတလုပ္ငန္းေတြဟာ ျပည္တြင္းမွာသာ မက ထိုင္းႏိုင္ငံ ခိုလၿမိဳ႕ မွာလည္း

ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ ထိုင္းႏိုင္ငံမွာ ရွိတဲ့ ပရဟိတအလုပ္ေတြကေတာ့ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ ဖြဲ႕စည္းထားတဲ့ ပရဟိတအဖြဲ႕ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ သူမေဂဟာမွ ကေလးငယ္ေလးေတြကို အထူးဂ႐ုစိုက္ေပးေနတာျဖစ္ၿပီး မိဘသဖြယ္ေစာင့္ေရွာက္ေပးေနတာလည္းျဖစ္ပါတယ္ သမီးေလး ႐ႊန္းရတီခိုင္ကိုေတာ့

အိမ္ေခၚၿပီး အၿပီးတိုင္ ေမြးစားထားခဲ့တာျဖစ္ကာ ဒီလို ေမြးစားျဖစ္ခဲ့ရတဲ့ အေၾကာင္းအရင္းကိုေတာ့ အခုလိုေျပာျပထားခဲ့တာပါ “သမီးေလးကအမရဲ႕ ပဌာန္းဆက္လို႔ပဲေျပာရမွာေပါ့ေလ အိမ္မွာက်ေတာ့ ကေလးေတြအကုန္လုံးကို ေခၚမထားႏိုင္ဘူးေလ အိမ္မွာက မိသားစုနည္းတယ္ဆိုေတာ့ အေမကလဲ အသက္ႀကီးၿပီဆိုေတာ့ သူ႔ေျမးေလးနဲ႔ဆို အဆင္ေျပတာေပါ့ အဲ့လိုနဲ႔ထူးထူးျခားျခားအိမ္ေရာက္လာတာ

ဒီကေလးေတြမေမြးခင္တည္းက သူကအိမ္ေရာက္လာတာေပါ့” လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္ ဆက္လက္ၿပီး သူမက “အစ္မက ကေလးေတြအကုန္လုံးကို တေျပးညီခ်စ္ပါတယ္ ဘယ္သူ႔ကု္မွ ပိုတယ္ဆိုတာမရွိဘူး သူတို႔ကလည္း ကိုယ္ေမတၱာေပးလို႔ ေမတၱာရတယ္ပဲေျပာရမယ္

ကိုယ့္ကို အေမလိုပဲ သိတတ္စအ႐ြယ္ ကေလးေတြအကုန္လုံးကခ်စ္ၾကတယ္ ကေလးေလးတစ္ေယာက္ဆို ကိုယ္ ၂ ရက္ ၃ ရက္ေလာက္မသြားႏိုင္တာနဲ႔ ဖ်ားတဲ့အထိပဲ” လို႔ေျပာျပသြားခဲ့တာပါ ဒါကေတာ့ သမီးေလး ႐ႊန္းရတီခိုင္ကို အိမ္ေခၚၿပီးေမြးစားျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကို ခိုင္ႏွင္းေဝေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္

Read in UNICODE

ပရဟိတအလုပ်တွေ ကိုဗစ် ကာလအတွင်းမှာလည်း ခိုင်နှင်းဝေကတော့ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း

ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမဂေဟာမှ ကလေးငယ်လေးတွေကို အထူးဂရုစိုက်ပေးနေတာဖြစ်ပြီး မိဘသဖွယ်စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ် သမီးလေး ရွှန်းရတီခိုင်ကိုတော့

အိမ်ခေါ်ပြီး အပြီးတိုင် မွေးစားထားခဲ့တာဖြစ်ကာ ဒီလို မွေးစားဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အခုလိုပြောပြထားခဲ့တာပါ “သမီးလေးကအမရဲ့ ပဌာန်းဆက်လို့ပဲပြောရမှာပေါ့လေ အိမ်မှာကျတော့ ကလေးတွေအကုန်လုံးကို ခေါ်မထားနိုင်ဘူးလေ အိမ်မှာက မိသားစုနည်းတယ်ဆိုတော့ အမေကလဲ အသက်ကြီးပြီဆိုတော့ သူ့မြေးလေးနဲ့ဆို အဆင်ပြေတာပေါ့ အဲ့လိုနဲ့ထူးထူးခြားခြားအိမ်ရောက်လာတာ

ဒီကလေးတွေမမွေးခင်တည်းက သူကအိမ်ရောက်လာတာပေါ့” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီး သူမက “အစ်မက ကလေးတွေအကုန်လုံးကို တပြေးညီချစ်ပါတယ် ဘယ်သူ့ကု်မှ ပိုတယ်ဆိုတာမရှိဘူး သူတို့ကလည်း ကိုယ်မေတ္တာပေးလို့ မေတ္တာရတယ်ပဲပြောရမယ်

ကိုယ့်ကို အမေလိုပဲ သိတတ်စအရွယ် ကလေးတွေအကုန်လုံးကချစ်ကြတယ် ကလေးလေးတစ်ယောက်ဆို ကိုယ် ၂ ရက် ၃ ရက်လောက်မသွားနိုင်တာနဲ့ ဖျားတဲ့အထိပဲ” လို့ပြောပြသွားခဲ့တာပါ ဒါကတော့ သမီးလေး ရွှန်းရတီခိုင်ကို အိမ်ခေါ်ပြီးမွေးစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ခိုင်နှင်းဝေပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *