အနီးကပ္ရန္သူေတြရွိတာေၾကာင့္ လူတိုင္းကို မယံုသင့္ဘူးဆိုတာ သိလိုက္ရၿပီဆိုတဲ့ ဒိန္းေဒါင္

ဒိန္းေဒါင္ကေတာ့ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူတစ္ေယာက္ျဖစ္သလို မိဘဆရာေတြအေပၚမွာလည္း ေက်းဇူးသိတတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္ ကူညီေပးခဲ့ဖူးတဲ့ လူေတြထဲမွာေတာ့ သူ႔အေပၚကို ေက်းဇူးျပန္သိတတ္တဲ့လူဟာ ရွားတယ္ဆိုတာကို ေျပာျပလာပါတယ္။ “ ကိုယ္က ေက်းဇူးတင္ထိုက္တဲ့ သူေတြကို ေက်းဇူးတင္ေပမယ့္၊ ေက်းဇူးဆိုတာကို သိတတ္ေပမယ့္ ကိုယ့္ေက်းဇူးကို မသိတတ္တဲ့သူေတြနဲ႔ ကိုယ္က ႀကဳံဖူးတယ္။ ဒါကို ဝဋ္ေႂကြးလို႔ပဲ

ကြၽန္ေတာ္က သတ္မွတ္တယ္။ အက်ိဳးလည္း ျပန္မခံစားရဘူးေပါ့။ ကိုယ္က ကူညီလိုက္ကတည္းက အက်ိဳးျပန္ခံစားရဖို႔ကို ေမွ်ာ္လင့္တာ မဟုတ္ဘူး။ ေက်းဇူးသိတတ္ဖို႔ပဲ လိုတယ္။ ေက်းဇူးမေမ့တဲ့ လူေတြလည္း ႀကဳံရပါတယ္။ ဒါေပမယ့္ ေက်းဇူးကန္းတဲ့ လူေတြကို ပိုၿပီးေတာ့ မ်ားမ်ား ႀကဳံရတယ္။ စကားပုံေတြရွိခဲ့တာ အရမ္းမွန္တယ္။ အနီးကပ္ရန္သူေပါ့ေလ။ ကပ္ၿပီးေတာ့ ထိုးသြားတဲ့ ဓားေတြ အၿမဲႀကဳံေတြ႕ခဲ့ရတယ္။ ကြၽန္ေတာ့္ဘဝမွာ လူေတြ အကုန္လုံးကို မယုံသင့္ဘူးဆိုတာေတြ ႀကဳံေတြ႕ခဲ့ရတယ္” လို႔ ဆိုပါတယ္။ ဒိန္းေဒါင္

အေနနဲ႔ အခုဆိုရင္ ပိုက္ဆံကိစၥ အကူအညီေပးဖို႔ေတာင္ အဆင္မေျပဘူးလို႔ ဆိုပါတယ္။ ပိုက္ဆံေခ်းဖို႔ထက္ ေတာင္းရင္ ေပးလိုက္တာက ပိုေကာင္းတယ္ ဆိုၿပီးေတာ့ သူ႔ရဲ႕ ခံစားခ်က္ေတြကို အခုလို ေျပာျပလာပါတယ္။ “ အခုဆိုရင္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ပိုက္ဆံ ဘယ္သူ႔ကိုမွ မေခ်းဘူး။ တတ္ႏိုင္ရင္ ေပးလိုက္ေတာ့တယ္။ ရစရာရွိတာေတြ အမ်ားႀကီးပဲ။ တခ်ိဳ႕ဆိုရင္ သူမ်ားကို ဆပ္ရတဲ့ အတိုးေတြ တစ္လ တစ္လကို ဒီေလာက္ ဒီေလာက္ ဆပ္ေနရလို႔ အစ္ကို႔ဆီက ဆိုရင္ အသက္ရႈေခ်ာင္သြားမယ္။ ကေလးမုန႔္ဖိုးေလးျဖစ္ျဖစ္

ကြၽန္ေတာ္ လွမ္းလႊဲေပးပါ့မယ္။ ဒါေတာ့ ယူထားပါဆိုၿပီးေတာ့ ဒါဆိုလည္း ဟုတ္ၿပီ ဘာစာ႐ြက္စာတမ္းမွ မေပးနဲ႔လက္မွတ္လဲ မထိုးနဲ႔ ဆိုၿပီးေျပာေပမယ့္ အိမ္ဂရမ္ေတာ့ လႊဲေပးပါ့မယ္လို႔လည္းေျပာတယ္။ အခုခ်ိန္ထိလည္း ေရာက္မလာဘူး။ အရင္းေရာ၊ အတိုးေရာလည္း တျပားမွ မေပးဘူး။ အဲဒီလို ပုံစံေတြလည္း တစ္ပုံႀကီးရွိတယ္” လို႔ ဆိုပါတယ္။ ဒိန္းေဒါင္ကေတာ့ အခုလက္ရွိမွာ ကိုယ္ပိုင္ဇာတ္သဘင္

This image has an empty alt attribute; its file name is asdha08sdg0a7sgd3.jpg

တည္ေထာင္ထားတာေပမယ့္ Covid ကာလေၾကာင့္ နယ္လွည့္ေဖ်ာ္ေျဖေရးေတြ ရပ္နာထားတယ္လို႔ သိရပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ဒိန္းေဒါင္ဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေတြ မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ သူငယ္ခ်င္းျဖစ္သူ ခင္လႈိင္နဲ႔ TV Program ေတြမွာ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ခဲ့တာ ေတြ႕ရပါတယ္။

Read in UNICODE

ဒိန်းဒေါင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်သလို မိဘဆရာတွေအပေါ်မှာလည်း ကျေးဇူးသိတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကူညီပေးခဲ့ဖူးတဲ့ လူတွေထဲမှာတော့ သူ့အပေါ်ကို ကျေးဇူးပြန်သိတတ်တဲ့လူဟာ ရှားတယ်ဆိုတာကို ပြောပြလာပါတယ်။ “ ကိုယ်က ကျေးဇူးတင်ထိုက်တဲ့ သူတွေကို ကျေးဇူးတင်ပေမယ့်၊ ကျေးဇူးဆိုတာကို သိတတ်ပေမယ့် ကိုယ့်ကျေးဇူးကို မသိတတ်တဲ့သူတွေနဲ့ ကိုယ်က ကြုံဖူးတယ်။ ဒါကို ဝဋ်ကြွေးလို့ပဲ

ကျွန်တော်က သတ်မှတ်တယ်။ အကျိုးလည်း ပြန်မခံစားရဘူးပေါ့။ ကိုယ်က ကူညီလိုက်ကတည်းက အကျိုးပြန်ခံစားရဖို့ကို မျှော်လင့်တာ မဟုတ်ဘူး။ ကျေးဇူးသိတတ်ဖို့ပဲ လိုတယ်။ ကျေးဇူးမမေ့တဲ့ လူတွေလည်း ကြုံရပါတယ်။ ဒါပေမယ့် ကျေးဇူးကန်းတဲ့ လူတွေကို ပိုပြီးတော့ များများ ကြုံရတယ်။ စကားပုံတွေရှိခဲ့တာ အရမ်းမှန်တယ်။ အနီးကပ်ရန်သူပေါ့လေ။ ကပ်ပြီးတော့ ထိုးသွားတဲ့ ဓားတွေ အမြဲကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့်ဘဝမှာ လူတွေ အကုန်လုံးကို မယုံသင့်ဘူးဆိုတာတွေ ကြုံတွေ့ခဲ့ရတယ်” လို့ ဆိုပါတယ်။ ဒိန်းဒေါင်

အနေနဲ့ အခုဆိုရင် ပိုက်ဆံကိစ္စ အကူအညီပေးဖို့တောင် အဆင်မပြေဘူးလို့ ဆိုပါတယ်။ ပိုက်ဆံချေးဖို့ထက် တောင်းရင် ပေးလိုက်တာက ပိုကောင်းတယ် ဆိုပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ “ အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ပိုက်ဆံ ဘယ်သူ့ကိုမှ မချေးဘူး။ တတ်နိုင်ရင် ပေးလိုက်တော့တယ်။ ရစရာရှိတာတွေ အများကြီးပဲ။ တချို့ဆိုရင် သူများကို ဆပ်ရတဲ့ အတိုးတွေ တစ်လ တစ်လကို ဒီလောက် ဒီလောက် ဆပ်နေရလို့ အစ်ကို့ဆီက ဆိုရင် အသက်ရှုချောင်သွားမယ်။ ကလေးမုန့်ဖိုးလေးဖြစ်ဖြစ်

ကျွန်တော် လှမ်းလွှဲပေးပါ့မယ်။ ဒါတော့ ယူထားပါဆိုပြီးတော့ ဒါဆိုလည်း ဟုတ်ပြီ ဘာစာရွက်စာတမ်းမှ မပေးနဲ့လက်မှတ်လဲ မထိုးနဲ့ ဆိုပြီးပြောပေမယ့် အိမ်ဂရမ်တော့ လွှဲပေးပါ့မယ်လို့လည်းပြောတယ်။ အခုချိန်ထိလည်း ရောက်မလာဘူး။ အရင်းရော၊ အတိုးရောလည်း တပြားမှ မပေးဘူး။ အဲဒီလို ပုံစံတွေလည်း တစ်ပုံကြီးရှိတယ်” လို့ ဆိုပါတယ်။ ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင်

This image has an empty alt attribute; its file name is asdha08sdg0a7sgd3.jpg

တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *