ကိုဗစ္ကာလၿပီးလို႔ အႏုပညာအလုပ္ေတြ ျပန္လုပ္ခြင့္ရရင္ ႐ုပ္ရွင္ေတြ ျပန္႐ိုက္မွာပါဆိုတဲ့ ရဲတိုက္

ရဲတိုက္ကေတာ့ ကိုဗစ္ ကာလ ၿပီးလို႔အႏုပညာအလုပ္ေတြ ျပန္လုပ္ခြင့္ရရင္ “ဧရာဝတီ” ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ ဒီဇာတ္ကား နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို ေျပာျပလာပါတယ္။ “ ကြၽန္ေတာ္ မင္းသားတစ္ေယာက္အေနနဲ႔ အရင္တုန္းက စတိုင္လ္က်က် ဟန္ပါပါေလးနဲ႔ အမွားမပါတဲ့ အမူအရာေတြကို ကြၽန္ေတာ္ လုပ္ေကာင္း လုပ္ႏိုင္ခဲ့လိမ့္မယ္။ အခုခ်ိန္မွာေတာ့

တစ္ခါတေလမွာ အမူအရာ မွားခ်င္ မွားႏိုင္ပါလိမ့္မယ္။ တကယ္လို႔ ဇာတ္ကားေတြ ျပန္႐ိုက္ရၿပီဆိုရင္ ဧရာဝတီ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား တစ္ကား႐ိုက္ဖို႔ ေျပာထားတာ ရွိပါတယ္။ ဆာတိုရီထုတ္လုပ္ေရးကပဲ ရမွာ။ ဒီဇာတ္ကားထဲမွာေတာ့ တၿပဳံးၿပဳံးေလးနဲ႔ ၾကည့္ရဦးမွာပါ” လို႔ သူကဆိုပါတယ္။ ရဲတိုက္ဟာ လက္ရွိမွာ ကိုဗစ္ ကာလေၾကာင့္ေရာ၊ က်န္းမာေရး အေျခအေနေၾကာင့္ပါ ဇာတ္ကား႐ိုက္ကူးေရးေတြ နားထားတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ကို

လည္း ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ “ဥပမာ အစ္ကိုက သမင္ေလးတစ္ေကာင္ပဲ ထားပါေတာ့။ ႏြံထဲကေန ႐ုန္းထြက္ႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္ေပါ့။ အျပင္မွာလည္း ဒီလိုပဲ အခုလို ျပန္ျဖစ္လာဖို႔ အခက္အခဲေတြက အမ်ားႀကီးပဲ မလြယ္ကူဘူး။ ၿပီးေတာ့ ကြၽန္ေတာ့္ မ်က္လုံးဆိုတာလည္း ျပန္ေကာင္းဖို႔ဆိုတာ အခက္အခဲပဲ။ ၿပီးေတာ့ ပရိသတ္မႀကိဳက္တာကို တကယ္ မလုပ္ေတာ့ဘူးဆိုတာလည္း ကြၽန္ေတာ့္ရဲ႕ ကတိစကားပါ။ ဒါကို မယုံတဲ့သူေတြ

This image has an empty alt attribute; its file name is ashdagsd03.jpeg

လည္းရွိ ေကာင္းရွိပါလိမ့္မယ္။ ဒီအတြက္ အမ်ားယုံၾကည္ေအာင္ ႀကိဳးစားေနရပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ ရဲတိုက္ဟာ ၂၀၁၇ ခုႏွစ္ အတြင္းမွာ ေထာင္က လြတ္လာၿပီးေနာက္မွာ အာ႐ုံေၾကာေရာဂါနဲ႔ ပတ္သက္တဲ့ ေဝဒနာ တစ္ခုေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရပါေသးတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ က်န္းမာေရး အနည္းငယ္ ျပန္ေကာင္းလာတဲ့ အခ်ိန္မွာေတာ့ “ဒ႑ာရီမိုး” ႐ုပ္ရွင္ကားႀကီးကို

This image has an empty alt attribute; its file name is ouashd9gasd7f3.jpeg

သ႐ုပ္ေဆာင္ ရဲတိုက္အပါအဝင္ ေဒါင္း၊ ေ႐ႊထူး၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႔ ႐ိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။ သူ႔ အေနနဲ႔ ႐ိုက္ကူးေရးေတြမွာ မီးထိုး၊ မွန္ထိုး ဒဏ္ေတြေၾကာင့္ အာ႐ုံေၾကာေရာဂါ ျပန္ျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈေတြ ျပန္လည္ ရပ္နားခဲ့ရတာ ျဖစ္ပါတယ္။သူ႔ကိုေတာ့ပရိသတ္ေတြက ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႔ အေနနဲ႔ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယိုဇာတ္ကား မ်ားစြာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ထိ ပရိသတ္ အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

Read in UNICODE

ရဲတိုက်ကတော့ ကိုဗစ် ကာလ ပြီးလို့အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရရင် “ဧရာဝတီ” ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ “ ကျွန်တော် မင်းသားတစ်ယောက်အနေနဲ့ အရင်တုန်းက စတိုင်လ်ကျကျ ဟန်ပါပါလေးနဲ့ အမှားမပါတဲ့ အမူအရာတွေကို ကျွန်တော် လုပ်ကောင်း လုပ်နိုင်ခဲ့လိမ့်မယ်။ အခုချိန်မှာတော့

တစ်ခါတလေမှာ အမူအရာ မှားချင် မှားနိုင်ပါလိမ့်မယ်။ တကယ်လို့ ဇာတ်ကားတွေ ပြန်ရိုက်ရပြီဆိုရင် ဧရာဝတီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ဆာတိုရီထုတ်လုပ်ရေးကပဲ ရမှာ။ ဒီဇာတ်ကားထဲမှာတော့ တပြုံးပြုံးလေးနဲ့ ကြည့်ရဦးမှာပါ” လို့ သူကဆိုပါတယ်။ ရဲတိုက်ဟာ လက်ရှိမှာ ကိုဗစ် ကာလကြောင့်ရော၊ ကျန်းမာရေး အခြေအနေကြောင့်ပါ ဇာတ်ကားရိုက်ကူးရေးတွေ နားထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့အတွက်ကို

လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ဥပမာ အစ်ကိုက သမင်လေးတစ်ကောင်ပဲ ထားပါတော့။ နွံထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့တယ်ပေါ့။ အပြင်မှာလည်း ဒီလိုပဲ အခုလို ပြန်ဖြစ်လာဖို့ အခက်အခဲတွေက အများကြီးပဲ မလွယ်ကူဘူး။ ပြီးတော့ ကျွန်တော့် မျက်လုံးဆိုတာလည်း ပြန်ကောင်းဖို့ဆိုတာ အခက်အခဲပဲ။ ပြီးတော့ ပရိသတ်မကြိုက်တာကို တကယ် မလုပ်တော့ဘူးဆိုတာလည်း ကျွန်တော့်ရဲ့ ကတိစကားပါ။ ဒါကို မယုံတဲ့သူတွေ

This image has an empty alt attribute; its file name is ashdagsd03.jpeg

လည်းရှိ ကောင်းရှိပါလိမ့်မယ်။ ဒီအတွက် အများယုံကြည်အောင် ကြိုးစားနေရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ ရဲတိုက်ဟာ ၂၀၁၇ ခုနှစ် အတွင်းမှာ ထောင်က လွတ်လာပြီးနောက်မှာ အာရုံကြောရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာ တစ်ခုကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာတဲ့ အချိန်မှာတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ကားကြီးကို

This image has an empty alt attribute; its file name is ouashd9gasd7f3.jpeg

သရုပ်ဆောင် ရဲတိုက်အပါအဝင် ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူ့ အနေနဲ့ ရိုက်ကူးရေးတွေမှာ မီးထိုး၊ မှန်ထိုး ဒဏ်တွေကြောင့် အာရုံကြောရောဂါ ပြန်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။သူ့ကိုတော့ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ အနေနဲ့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *