ခ်စ္သူ ဟန္ေလးနဲ႔အတူ ကေလးအမႊာေလးယူဖို႔ စီစဥ္ထားတယ္ဆိုတဲ့ ေမဦး

ေမဦးကေတာ့ မိန္းကေလးတိုင္းရဲ႕အလွကို ပိုမိုလွပလာေအာင္ ျပင္ဆင္ေပးတဲ့ မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္ပါတယ္။ သတို႔သမီးေတြအျပင္ ထိပ္တန္းမင္းသမီးမ်ားကိုပါ လက္မလည္ေအာင္ျပင္ေပးရေအာင္ ကြ်မ္းက်င္လြန္းတဲ့ မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္ပါတယ္။

ေမဦးကေတာ့ နွစ္ေယာက္ထဲနဲ႔ ျပည့္စံုၿပီလို႔ ေျပာလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ သူလဲျဖစ္ခ်င္တာရွိေသးတယ္။ ကိုယ္လဲျဖစ္ခ်င္တာေတြရွိေသးတယ္။ ေနာက္တစ္ခုက ကိုယ္ေတြႏွစ္ေယာက္စလံုး ေပါင္းၿပီးေတာ့ ရခ်င္တာေလးေတြလဲရွိတယ္ဆိုေတာ့ ဒါဟာ ဘယ္လိုပဲေျပာေျပာ ျပည့္စံုတယ္လို႔ ေျပာလို႔မရေသးဘူး။ ဘာလို႔လဲဆိုေတာ့ ဘဝႀကီး တစ္ခုလံုးက လူႏွစ္ေယာက္ေပါင္းစပ္ၿပီဆိုရင္ ဘဝမွာ အခ်စ္ေတြနဲ႔ပဲ ျဖတ္သန္းလို႔မရဘူးေလေနာ္။ အခ်စ္ေတြခ်ည္းပဲဆိုရင္လဲ ဘဝႀကီးက Perfect ျဖစ္မေနဘူးေလေနာ္။ ရင္ခုန္စိတ္လႈပ္ရွားစရာေလးေတြ ဥပမာ ကိုယ္ႀကိဳးစားေပမယ့္ ဆံုးရွံုးလိုက္ရတယ္ဆိုလဲ ဒါ emotional ပဲ။ သိတယ္မလား ေနာက္တခါက်ရင္ ထပ္မျဖစ္ေအာင္ အဲ့လိုေလးေတြ ႀကိဳးစားမွဳေလးေတြ ကေလးလိုခ်င္တာမ်ိဳးေလးေတြ မိသားစုဘဝဖန္တီးခ်င္တာမ်ိဳးေလးေတြအမ်ားႀကီးရွိေသးတဲ့အတြက္ေၾကာင့္ ဒါတစ္ခုထဲနဲ႔ မျပည့္စံုေသးဘူးေပါ့ လို႔ ေျပာခဲ့ပါတယ္။ 

Family Life ဖန္တီးရတာေလးေတြကို ႏွစ္ေယာက္သားေကာ သေဘာက်လား။ ေမဦးတစ္ေယာက္ထဲ ဆႏၵေရာ ဘယ္လိုမ်ိဳးေတြရွိလဲလို႔ ေမဦးကို ေမးခဲ့ပါတယ္။

ႏွစ္ေယာက္စလံုးေတာ့ အဲ့ဘက္မွာေတာ့ Seriously ျဖစ္တယ္။ ဘာလို႔လဲဆိုေတာ့ ကေလးအရမ္းခ်စ္တတ္တယ္။ ႏွစ္ဖက္လံုးရဲ႕ မိသားစုမွာလဲ သူ႔အကိုေတြဆိုရင္ မိန္းမယူဖို႔က ၾကာဦးမွာ။ ေမဦးဘက္မွာဆိုရင္လဲ သားအႀကီးျဖစ္ေနေတာ့ ေျမးေလးလိုခ်င္တယ္။ ၿပီးေတာ့ ကိုယ္ေတြႏွစ္ေယာက္ကလဲ ကေလးလိုခ်င္တယ္။ အခုခ်ိန္ယူ အခုရတယ္။ ဒါေပမယ့္ အေစာနကေျပာသလိုေပါ့ ေမဦးတို႔ရဲ႕ ပတ္ဝန္းက်င္နဲ႔ ေမဦးတို႔ရဲ႕ ျမန္မာႏိုင္ငံ Industry က လက္ခံမႈအတိုင္းအတာ။ ၿပီးေတာ့ ဥပေဒအေၾကာင္းအရာေတြ အမ်ားႀကီးရွိေသးတာရယ္။ ဘာသာေရးေတြရယ္။ အဖက္ဖက္ကေန ၾကည့္ရဦးမွာ ျဖစ္တဲ့အတြက္ အရမ္းေတာ့ အဆင္ေျပမေနဘူးေပါ့။ 

ဘယ္လိုမ်ိဳးထိစဥ္းစားထားလဲ။ ဒီႏိုင္ငံမွာဘဲလား တျခားႏိုင္ငံသြားၿပီး ကေလးယူဖို႔ စဥ္းစားထားလားလို႔ ေမဦးကို ေမးခဲ့ပါတယ္။ 

ကေလးကေတာ့ ေစာနကေျပာသလို ယူမယ္ဆို အခုယူလို႔ရမယ့္ အေျခအေနမ်ိဳးေပါ့ေနာ္။ ဒါေပမယ့္ ေမဦးအေစာနကေျပာတဲ့အတိုင္းပဲ ကေလးယူၿပီးသြားရင္လဲ လြယ္တဲ့ကိစၥမဟုတ္ဘူး။ ပတ္ဝန္းက်င္ရဲ႕ လက္ခံမွဳအတိုင္းအတာေတြ ၿပီးေတာ့ ျဖတ္သန္းရမယ့္ ဘဝေတြဆိုတာ ရွိေသးေတာ့ေလ အရာအားလံုး Perfect ျဖစ္ၿပီဆိုရင္ေတာ့ စဥ္းစားထားပါတယ္လို႔ ေမဦးကေျဖခဲ့ပါတယ္။ 

ကေလးက လိုခ်င္တာ ေယာက်ာ္းေလးလား မိန္းကေလးလားလို႔ ေမဦးကို ထပ္ေမးခဲ့ပါတယ္။

ေမဦးကေတာ့ စိတ္ဆႏၵအျပည့္နဲ႔ လိုခ်င္တာကေတာ့ အမႊာေလးေပါ့။ သူကမိန္းကေလးခ်စ္တာ ေမဦးက ေယာက်ာ္းေလးခ်စ္တာဆိုေတာ့ ႏွစ္ေယာက္စလံုးက အဲ့မွာကစၿပီ။ အဲ့ေတာ့ စံုတြဲေလးယူဖို႔ စီစဥ္ထားတယ္ေပါ့။ ဒါေပမယ့္လဲ ေစာနကေျပာသလိုေပါ့ ေမဦးေျပာတဲ့ အဆင္ေျပမႈအတိုင္းအတာေတြက အမ်ားႀကီး ခ်ိန္ရဦးမွာေလေနာ္။ ကိုယ့္ရဲ႕မိသားစုတစ္ခုထဲလဲ ၾကည့္လို႔မရဘူး ပတ္ဝန္းက်င္ကိုလဲ ၾကည့္ရဦးမယ္။ ေမဦးတို႔က ျမန္မာႏိုင္ငံမွာေနတဲ့အတြက္ ဗုဒၶဘာသာႏိုင္ငံျဖစ္တဲ့အတြက္ ဘာသာေရးေတြ ဥပေဒလမ္းေၾကာင္းေတြ ဒါမ်ိဳးေတြနဲ႔အကုန္လံုးခ်ိန္ၿပီးၾကည့္ရမယ္လို႔ ေျဖၾကားခဲ့ပါတယ္။ 

ပရိသတ္ႀကီးေရ ေမဦးကေတာ့ ဟန္လင္းနဲ႔အတူ အမႊာေလးလိုခ်င္တာကို ပြင့္ပြင့္လင္းလင္းေျဖဆိုခဲ့တာျဖစ္ပါတယ္။ ပ႐ိသတ္ႀကီးလဲ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး အေတြးအျမင္ေလးေတြကိုလဲ ေရးသားခဲ့ဦးေနာ္။ အခ်ိန္ေပးဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ 

Read in UNICODE

မေဦးကတော့ မိန်းကလေးတိုင်းရဲ့အလှကို ပိုမိုလှပလာအောင် ပြင်ဆင်ပေးတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သတို့သမီးတွေအပြင် ထိပ်တန်းမင်းသမီးများကိုပါ လက်မလည်အောင်ပြင်ပေးရအောင် ကျွမ်းကျင်လွန်းတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

မေဦးကတော့ နှစ်ယောက်ထဲနဲ့ ပြည့်စုံပြီလို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူလဲဖြစ်ချင်တာရှိသေးတယ်။ ကိုယ်လဲဖြစ်ချင်တာတွေရှိသေးတယ်။ နောက်တစ်ခုက ကိုယ်တွေနှစ်ယောက်စလုံး ပေါင်းပြီးတော့ ရချင်တာလေးတွေလဲရှိတယ်ဆိုတော့ ဒါဟာ ဘယ်လိုပဲပြောပြော ပြည့်စုံတယ်လို့ ပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ဘဝကြီး တစ်ခုလုံးက လူနှစ်ယောက်ပေါင်းစပ်ပြီဆိုရင် ဘဝမှာ အချစ်တွေနဲ့ပဲ ဖြတ်သန်းလို့မရဘူးလေနော်။ အချစ်တွေချည်းပဲဆိုရင်လဲ ဘဝကြီးက Perfect ဖြစ်မနေဘူးလေနော်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေ ဥပမာ ကိုယ်ကြိုးစားပေမယ့် ဆုံးရှုံးလိုက်ရတယ်ဆိုလဲ ဒါ emotional ပဲ။ သိတယ်မလား နောက်တခါကျရင် ထပ်မဖြစ်အောင် အဲ့လိုလေးတွေ ကြိုးစားမှုလေးတွေ ကလေးလိုချင်တာမျိုးလေးတွေ မိသားစုဘဝဖန်တီးချင်တာမျိုးလေးတွေအများကြီးရှိသေးတဲ့အတွက်ကြောင့် ဒါတစ်ခုထဲနဲ့ မပြည့်စုံသေးဘူးပေါ့ လို့ ပြောခဲ့ပါတယ်။ 

Family Life ဖန်တီးရတာလေးတွေကို နှစ်ယောက်သားကော သဘောကျလား။ မေဦးတစ်ယောက်ထဲ ဆန္ဒရော ဘယ်လိုမျိုးတွေရှိလဲလို့ မေဦးကို မေးခဲ့ပါတယ်။

နှစ်ယောက်စလုံးတော့ အဲ့ဘက်မှာတော့ Seriously ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကလေးအရမ်းချစ်တတ်တယ်။ နှစ်ဖက်လုံးရဲ့ မိသားစုမှာလဲ သူ့အကိုတွေဆိုရင် မိန်းမယူဖို့က ကြာဦးမှာ။ မေဦးဘက်မှာဆိုရင်လဲ သားအကြီးဖြစ်နေတော့ မြေးလေးလိုချင်တယ်။ ပြီးတော့ ကိုယ်တွေနှစ်ယောက်ကလဲ ကလေးလိုချင်တယ်။ အခုချိန်ယူ အခုရတယ်။ ဒါပေမယ့် အစောနကပြောသလိုပေါ့ မေဦးတို့ရဲ့ ပတ်ဝန်းကျင်နဲ့ မေဦးတို့ရဲ့ မြန်မာနိုင်ငံ Industry က လက်ခံမှုအတိုင်းအတာ။ ပြီးတော့ ဥပဒေအကြောင်းအရာတွေ အများကြီးရှိသေးတာရယ်။ ဘာသာရေးတွေရယ်။ အဖက်ဖက်ကနေ ကြည့်ရဦးမှာ ဖြစ်တဲ့အတွက် အရမ်းတော့ အဆင်ပြေမနေဘူးပေါ့။ 

ဘယ်လိုမျိုးထိစဉ်းစားထားလဲ။ ဒီနိုင်ငံမှာဘဲလား တခြားနိုင်ငံသွားပြီး ကလေးယူဖို့ စဉ်းစားထားလားလို့ မေဦးကို မေးခဲ့ပါတယ်။ 

ကလေးကတော့ စောနကပြောသလို ယူမယ်ဆို အခုယူလို့ရမယ့် အခြေအနေမျိုးပေါ့နော်။ ဒါပေမယ့် မေဦးအစောနကပြောတဲ့အတိုင်းပဲ ကလေးယူပြီးသွားရင်လဲ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပတ်ဝန်းကျင်ရဲ့ လက်ခံမှုအတိုင်းအတာတွေ ပြီးတော့ ဖြတ်သန်းရမယ့် ဘဝတွေဆိုတာ ရှိသေးတော့လေ အရာအားလုံး Perfect ဖြစ်ပြီဆိုရင်တော့ စဉ်းစားထားပါတယ်လို့ မေဦးကဖြေခဲ့ပါတယ်။ 

ကလေးက လိုချင်တာ ယောကျာ်းလေးလား မိန်းကလေးလားလို့ မေဦးကို ထပ်မေးခဲ့ပါတယ်။

မေဦးကတော့ စိတ်ဆန္ဒအပြည့်နဲ့ လိုချင်တာကတော့ အမွှာလေးပေါ့။ သူကမိန်းကလေးချစ်တာ မေဦးက ယောကျာ်းလေးချစ်တာဆိုတော့ နှစ်ယောက်စလုံးက အဲ့မှာကစပြီ။ အဲ့တော့ စုံတွဲလေးယူဖို့ စီစဉ်ထားတယ်ပေါ့။ ဒါပေမယ့်လဲ စောနကပြောသလိုပေါ့ မေဦးပြောတဲ့ အဆင်ပြေမှုအတိုင်းအတာတွေက အများကြီး ချိန်ရဦးမှာလေနော်။ ကိုယ့်ရဲ့မိသားစုတစ်ခုထဲလဲ ကြည့်လို့မရဘူး ပတ်ဝန်းကျင်ကိုလဲ ကြည့်ရဦးမယ်။ မေဦးတို့က မြန်မာနိုင်ငံမှာနေတဲ့အတွက် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘာသာရေးတွေ ဥပဒေလမ်းကြောင်းတွေ ဒါမျိုးတွေနဲ့အကုန်လုံးချိန်ပြီးကြည့်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။ 

ပရိသတ်ကြီးရေ မေဦးကတော့ ဟန်လင်းနဲ့အတူ အမွှာလေးလိုချင်တာကို ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အတွေးအမြင်လေးတွေကိုလဲ ရေးသားခဲ့ဦးနော်။ အချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *