ပန်းစည်းတွေ ကိတ်မုန့်တွေနဲ့ မွေးနေ့အကြို စပရိုက်လုပ်ပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ကြောင့် ပျော်နေရတဲ့ စိုးပြည့်သဇင်
Read in UNICODE
ပရိသတ်ကြီးရေ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးချော စိုးပြည့်သဇင်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ စိုးပြည့်သဇင်ကတော့ ဇာတ်ရုပ်တိုင်းမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူ
ငယ်ရွယ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်ထားသူ ထိပ်တန်းဝင် မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူးနော်.။ စိုးပြည့်လေးရဲ့ “လူးလူးစိန်”ရုပ်သံဇာတ်လမ်းတွဲလေးဟာလည်း 5 Plus ချန်နယ်မှာ ပြသနေဆဲဖြစ်ပြီး ဒီနေ့ စက်တင်ဘာလ
(၁၇)ရက်နေ့မှာတော့ စိုးပြည့်လေးကို မွေးနေ့အကြို စပရိုက်လုပ်ပေးတဲ့ ပရိသတ်ကြောင့် ပျော်ရွှင်ရတဲ့ ပိုစ့်လေးကို “ဒီနေ့…စိုးပြည့်သွေးပေါင်တွေအရမ်းကျနေလို့…(၉၀/၆၀ဘဲရှိလို့)အခန်းထဲမှာအိပ်နေတုန်း….ချစ်တဲ့သူများကမွေးနေ့အကြိုပျော်ရအောင်လာပေးသွားတယ်..။ ကျေးဇူးအများကြီးတင်ပါတယ်နော်..။ .ပေးသွားတဲ့
ညီမလေးတွေကိုမတွေ့လိုက်နိုင်တဲ့အတွက်အားလည်းနာရပါတယ်…။ .တောင်းပန်ပါတယ်နော်…။.ဘယ်သူလေးမှန်းလည်းမသိလိုက်တဲ့အတွက်…ကွန်မန့်လေးမှာပြောပြပေးပါဦးနော်….❤️❤️❤️❤️” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ စိုးပြည့်လေးကတော့
စပရိုက်လုပ်ပေးတဲ့ ပရိသတ်ကို မမြင်လိုက်ရလို့ ဝမ်းနည်းပြီး Comment လေးမန့်ပေးဖို့ တောင်းဆိုလိုက်ပါသေးတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source : Soe Pyae Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *