လြန္ခဲ့တဲ့ရက္ပိုင္းက ဆံုးပါးသြားခဲ့တဲ့ ဘႀကီးဆီက အဖိုးမျဖတ္ႏိုင္တဲ့အေမြတစ္ခု ရရွိခဲ့တယ္ဆိုတဲ့ ဂြ်န္လြင္

ဂြၽန္လြင္ကေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းက ဆုံးပါးသြားတဲ့ဘႀကီးဆီက အဖိုးမျဖတ္ႏိုင္တဲ့အေမြတစ္ခု လက္ေဆာင္ရခဲ့ေၾကာင္း မွ်ေဝလာပါတယ္။ ဘႀကီးကေတာ့ ဂြၽန္လြင္အေဖရဲ႕ အစ္ကိုျဖစ္ၿပီး အသက္(၉၀) မွာပဲ ဆုံးပါးသြားခဲ့တာပါ။ ဂြၽန္လြင္ကိုယ္တိုင္ ဘႀကီးရဲ႕နာေရးကို ဦးေဆာင္လိုက္ပို႔ခဲ့ၿပီး

နာေရးကူညီမႈအသင္းကိုလည္း အလႉေငြသုံးသိန္းလႉဒါန္းေပးခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ ဘႀကီးဆီက အဖိုးမျဖတ္ႏိုင္တဲ့အေမြအျဖစ္ သတင္းစာျဖတ္ပိုင္းေလးေတြကို ဘႀကီးရဲ႕သမီးဆီက ေတာင္းခဲ့ေၾကာင္း မွ်ေဝခဲ့တာပါ။ ျမန္မာ့အလင္းသတင္းစာမွာပါတဲ့ ဂြၽန္လြင္ရဲ႕အေၾကာင္းကို

ဘႀကီးက တန္ဖိုးရွိတဲ့အရာအေနနဲ႔ ကတ္ေၾကးနဲ႔ညႇပ္ကာ စနစ္တက်သိမ္းထားခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့လက ဘႀကီးဆီအလည္သြားတုန္း သူ႔ကိုျပခဲ့တာမို႔ သူကိုယ္တိုင္လည္း အရမ္းအံ့ၾသခဲ့ရပါတယ္တဲ့။ အခုသူမရွိတဲ့ေနာက္ ဘႀကီးရဲ႕သမီးဆီကအေမြအျဖစ္ ေတာင္းခဲ့ၿပီး ဒီ

စာ႐ြက္ပိုင္းေလးေတြကေတာ့ သူ႔အတြက္ တန္ဖိုးဘယ္လိုမွျဖတ္လို႔မရသလို စိန္ေ႐ႊရတနာေတြထက္ ပိုၿပီးေတာ့ တန္ဖိုးထားေၾကာင္းနဲ႔ သူ႔ကို အရမ္းခ်စ္ေပးတဲ့ဘႀကီးလည္း ေကာင္းရာသုဂတိေရာက္ေစဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။ ဂြၽန္လြင္ကေတာ့ တန္ဖိုးျဖတ္လို႔ရတဲ့ ျဒပ္ဝတၳဳပစၥည္းေတြထက္ ခ်စ္ျခင္းေမတၱာအျပည့္ပါတဲ့ သတင္းစာပိုင္းေလးကို ဆုံးပါးသြားတဲ့ဘႀကီးဆီက အေမြရရွိခဲ့ေၾကာင္း ပရိသတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဂျွန်လွင်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆုံးပါးသွားတဲ့ဘကြီးဆီက အဖိုးမဖြတ်နိုင်တဲ့အမွေတစ်ခု လက်ဆောင်ရခဲ့ကြောင်း မျှဝေလာပါတယ်။ ဘကြီးကတော့ ဂျွန်လွင်အဖေရဲ့ အစ်ကိုဖြစ်ပြီး အသက်(၉၀) မှာပဲ ဆုံးပါးသွားခဲ့တာပါ။ ဂျွန်လွင်ကိုယ်တိုင် ဘကြီးရဲ့နာရေးကို ဦးဆောင်လိုက်ပို့ခဲ့ပြီး

နာရေးကူညီမှုအသင်းကိုလည်း အလှူငွေသုံးသိန်းလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ဘကြီးဆီက အဖိုးမဖြတ်နိုင်တဲ့အမွေအဖြစ် သတင်းစာဖြတ်ပိုင်းလေးတွေကို ဘကြီးရဲ့သမီးဆီက တောင်းခဲ့ကြောင်း မျှဝေခဲ့တာပါ။ မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ဂျွန်လွင်ရဲ့အကြောင်းကို

ဘကြီးက တန်ဖိုးရှိတဲ့အရာအနေနဲ့ ကတ်ကြေးနဲ့ညှပ်ကာ စနစ်တကျသိမ်းထားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့လက ဘကြီးဆီအလည်သွားတုန်း သူ့ကိုပြခဲ့တာမို့ သူကိုယ်တိုင်လည်း အရမ်းအံ့သြခဲ့ရပါတယ်တဲ့။ အခုသူမရှိတဲ့နောက် ဘကြီးရဲ့သမီးဆီကအမွေအဖြစ် တောင်းခဲ့ပြီး ဒီ

စာရွက်ပိုင်းလေးတွေကတော့ သူ့အတွက် တန်ဖိုးဘယ်လိုမှဖြတ်လို့မရသလို စိန်ရွှေရတနာတွေထက် ပိုပြီးတော့ တန်ဖိုးထားကြောင်းနဲ့ သူ့ကို အရမ်းချစ်ပေးတဲ့ဘကြီးလည်း ကောင်းရာသုဂတိရောက်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ဂျွန်လွင်ကတော့ တန်ဖိုးဖြတ်လို့ရတဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေထက် ချစ်ခြင်းမေတ္တာအပြည့်ပါတဲ့ သတင်းစာပိုင်းလေးကို ဆုံးပါးသွားတဲ့ဘကြီးဆီက အမွေရရှိခဲ့ကြောင်း ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : John Lwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *