ဆင္းရဲခ်ိဳ႕တဲ့စြာ ႏိုင္ငံျခားမွာ ကိုယ္ဝန္ေဆာင္ရင္း ႐ုန္းကန္ခဲ့ရတဲ့ ဘဝကို ဘယ္ေတာ့မွမေမ့ဘူးဆိုတဲ့ စမိုင္းလ္

စမုိင္းလ္ကေတာ့ ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္နဲ့ အိမ္ေထာင္က်ျပီး သမီးေလးနွစ္ေယာက္ အရြယ္ေရာက္လာခ်ိန္မွာ စီးပြားဥစၥာ တိုးပြားလာျပီး ၾကြယ္ဝလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ စမိုင္းလ္တို့ ဇနီးေမာင္နွံက သူမတို့ကိုယ္တိုင္လည္း ခ်ိဳ့တဲ့တဲ့ဘဝကေန တက္လာခဲ့ရတာမို့

အခက္အခဲျဖစ္ေနတာေတြ့ရင္ စိတ္ေရာလူပါ ကူညီေပးခ်င္ၾကတာပဲ ျဖစ္ပါတယ္။ စမိုင္းလ္တို့ ဇနီးေမာင္နွံက လက္ရိွမွာလည္း သူတို့တတ္နိုင္သေလာက္ အလွဴအတန္းေတြျပဳလုပ္ရင္းနဲ့သာ ျဖတ္သန္းေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့ စက္တင္ဘာလ (၁၇) ရက္ေန့ကေတာ့

စမိုင္းလ္တို့ ဇနီးေမာင္နွံရဲ့ အိမ္ေထာင္သက္ (၁၆) နွစ္ျပည့္တဲ့ေန့ေလးပဲ ျဖစ္ပါတယ္။ စမိုင္းလ္က သူမရဲ့ Anniversary ေန့ေလးမွာ လြန္ခဲ့တဲ့ (၁၆) နွစ္က ရုန္းကန္ခဲ့ရတဲ့အေျခအေနေတြကိုျပန္စဥ္းစားရင္း “ကၽြန္မတို႔ဘဝ အဆင္ေျပမွ လူေတြသိၾကတာေလ။ ရႈံးႏွိမ့္တုန္းကဘယ္သူမွအနားမွာမရွိၾကဘူး။ သူရယ္ကိုယ္ႏွစ္ေယာက္တည္း ဘဝကို႐ုန္းကန္ခဲ့ရတာပါ။ ဘဝမေမ့ေအာင္အၿမဲတမ္းကိုယ့္

ကိုကိုယ္အၿမဲသတိေပးပါတယ္” ဆိုျပီး အမွတ္တရေျပာလာပါတယ္။ စမိုင္းလ္တို့ ဇနီးေမာင္နွံကေတာ့ နိုင္ငံျခားမွာ ေက်ာင္းတက္ေနရင္းနဲ့ပဲ သမီးၾကီးေပၚရွာရဲ့ ကိုယ္ဝန္ကို ရရိွခဲ့တာျဖစ္ျပီိး နွစ္ေယာက္စလံုး ခ်ိဳ့ခ်ိဳ့တဲ့တဲ့နဲ့ လက္ထပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ သမီးေလးေတြအတြက္

ျပည့္စံုခ်မ္းသာေစခ်င္တဲ့ စိတ္အျပည့္နဲ့ ၾကိဳးစားလာခဲ့တာ အခုဆိုရင္ လိုတာထက္ေတာင္ ပိုလွ်ံလာခဲ့တာ အားက်စရာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက် အရွယ်ရောက်လာချိန်မှာ စီးပွားဥစ္စာ တိုးပွားလာပြီး ကြွယ်ဝလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက သူမတို့ကိုယ်တိုင်လည်း ချို့တဲ့တဲ့ဘဝကနေ တက်လာခဲ့ရတာမို့

အခက်အခဲဖြစ်နေတာတွေ့ရင် စိတ်ရောလူပါ ကူညီပေးချင်ကြတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက လက်ရှိမှာလည်း သူတို့တတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်ရင်းနဲ့သာ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့

စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၆) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ Anniversary နေ့လေးမှာ လွန်ခဲ့တဲ့ (၁၆) နှစ်က ရုန်းကန်ခဲ့ရတဲ့အခြေအနေတွေကိုပြန်စဉ်းစားရင်း “ကျွန်မတို့ဘဝ အဆင်ပြေမှ လူတွေသိကြတာလေ။ ရှုံးနှိမ့်တုန်းကဘယ်သူမှအနားမှာမရှိကြဘူး။ သူရယ်ကိုယ်နှစ်ယောက်တည်း ဘဝကိုရုန်းကန်ခဲ့ရတာပါ။ ဘဝမမေ့အောင်အမြဲတမ်းကိုယ့်

ကိုကိုယ်အမြဲသတိပေးပါတယ်” ဆိုပြီး အမှတ်တရပြောလာပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ နိုင်ငံခြားမှာ ကျောင်းတက်နေရင်းနဲ့ပဲ သမီးကြီးပေါ်ရှာရဲ့ ကိုယ်ဝန်ကို ရရှိခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံး ချို့ချို့တဲ့တဲ့နဲ့ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေအတွက်

ပြည့်စုံချမ်းသာစေချင်တဲ့ စိတ်အပြည့်နဲ့ ကြိုးစားလာခဲ့တာ အခုဆိုရင် လိုတာထက်တောင် ပိုလျှံလာခဲ့တာ အားကျစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : စမိုင္းလ္ Smile’s Facebook

Add a Comment

Your email address will not be published. Required fields are marked *